လမ်းထိပ်တွင် ထိုင်နေသူထံမှ စိတ်ကြွဆေး ငါးဆယ်ကျော် ဖမ်းမိ
diz_admin
March 5, 2020ကော့သောင်းမြို့၊ အောင်သုခ ရပ်ကွက်ရှိ လမ်းထိပ်တွင် ထိုင်နေသည့် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ငါးဆယ်ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၁ ရက် ညနေပိုင်းက အဆိုပါရပ်ကွက်ရှိ အနော်ရထာ ၁ လမ်းထိပ်တွင် ထိုင်နေသည့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို မသင်္ကာသဖြင့် စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယင်းနောက် ၎င်းအနီးထိုင်နေသည့် အခြားအမျိုးသားတစ်ဦးက အထုပ်တစ်ထုပ်ကို ရေမြောင်းအတွင်း ပစ်ချလိုက်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါအထုပ်ကို စစ်ဆေးရာ စိတ်ကြွဆေး ၁၅ ပြား တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ အဆိုပါစိတ်ကြွဆေးများကို အသက် ၁၇ နှစ်အရွယ် အထက်ပါ အမျိုးသားထံမှ ဝယ်ယူထားသည်ဟု […]


