စိတ်ကြွဆေးပြား ၁၆,၀၀၀ ကျော် ဖမ်းဆီးရမိဟု ကော့သောင်း ပကဖထုတ်ပြန်
Dawei Watch
January 10, 2026ကော့သောင်းခရိုင်၊ ရှမ်းကိုးရွာတွင် WY စိတ်ကြွမူးယစ်ဆေးဝါး တစ်သောင်းခြောက်ထောင်ကျော် ဖမ်းဆီးရမိကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၂ နာရီဝန်းကျင်တွင် ဒေသခံများ၏ သတင်းပေးချက်အရ သွားရောက်ဖမ်းဆီးရာ WY စိတ်ကြွမူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးနှင့် သုံးစွဲသူ ၂ ဦး ဖမ်းဆီးရမိကြောင်း ကော့သောင်းမြို့နယ် ပကဖ တာဝန်ခံက ဆိုသည်။ “သူတို့ကို ဥပဒေအရ ပြစ်ဒဏ်ပေးပြီး ကျွန်တော်တို့ ပြန်လွှတ်မှာပါ” ဟု ၎င်းက ပြောသည်။ ၎င်းတို့ ၆ ဦးကို ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်ပြီးပါက နောက်ထပ်မရောင်းချရန်နှင့် သုံးစွဲတော့မည်မဟုတ်ကြောင်း ခံဝန်ထိုးပြီးမှ ပြန်လွှတ်မည်ဟု အထက်ပါ တာဝန်ခံက […]


