ကော့သောင်းတွင် မဲပေးရန်သွားသည့် ဆီအုန်းလုပ်သား ၁၇၀ ခန့်ကို မျက်နှာဖုံးအုပ် လက်နက်ကိုင်များက ဖမ်းထား
Dawei Watch
December 29, 2025ကော့သောင်းခရိုင် ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာအုပ်စုတွင် စစ်အုပ်စုပြုလုပ်သည့် ရွေးကောက်ပွဲကို မဲပေးရန်သွားသည့် ဆီအုန်းလုပ်သား ၁၇၀ နီးပါးကို မျက်နှာဖုံးအုပ် လက်နက်ကိုင်များက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ခမောက်ငယ် ပျိုးဥယျာဉ်ဇုန်၊ မာရမ်းပျိုးဥယျာဉ်ဇုန်တို့တွင်လုပ်ကိုင်နေသည့် ဆီအုန်းအလုပ်သမား ၁၇၀ နီးပါးကို ကော့သောင်းမြို့နယ်သွားသည့် လမ်းပိုင်တစ်နေရာတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါဆီအုန်းအလုပ်သမားများသည် ခမောက်ကြီးမြို့ ၃၈မိုင် ယုဇနဆီအုန်းကုမ္ပဏီအတွင်း ဖွင့်လှစ်ထားသည့် မဲရုံတွင် မဲပေးရန် ကားများဖြင့် သွားကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆီအုန်းခြံကအလုပ်သမားတွေ လမ်းမှာဖမ်းဆီးခံရတယ်လို့တော့ သတင်းကြားတယ်။ ကျွန်တော်တို့နဲ့လည်း နည်းနည်းဝေးတော့ အတိအကျတော့မသိရဘူး။PDF တွေလမ်းမှာ ကားတွေကိုရပ်ခိုင်းပြီး ခေါ်သွားတယ်လို့တော့သိရတယ်”ဟု ၎င်းကပြောသည်။ စစ်အုပ်စုလော်ဘီချန်နယ်များတွင်မူ မဲသွားပေးမည့် ဆီအုန်းခြံအလုပ်သမား ၁၇၀ ခန့်က ၃၈ […]


