ကင်းလှည့်လာသည့် စစ်ကောင်စီတပ်လှေတစ်စီးကို တော်လှန်ရေးတပ်များ တိုက်ခိုက်
Dawei Watch
April 9, 2026ကော့သောင်းမြို့နယ်မှ ခမောက်ကြီးမြို့နယ်သို့ ချောင်းတစ်လျှောက် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်လှေတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဧပြီလ ၇ ရက် နေ့လယ် ၂ နာရီတွင် ကော့သောင်းမြို့နယ်မှ စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ရေလမ်းမှ ခမောက်ကြီးမြို့နယ် မလိဝမ်းချောင်း၊ ဒေသအခေါ် (တိုက်ဖြူ) တွင် စောင့်ကြို၍ တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရေလမ်းအတိုင်း တက်လာသည့် စစ်ကောင်စီတပ်၏ သစ်သားလှေကို တော်လှန်ရေးတပ်က တိုက်ခိုက်ရာ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သားများ အထိနာကာ ပြန်လည်ဆုတ်ခွာသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ကဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု […]


