ထိုင်းတွင် ကရိန်း ရထားပေါ် ပြုတ်ကျမှုကြောင့် ရထားလမ်းချော်ပြီး မီးလောင်၊ လူထိခိုက်သေဆုံးမှုများ
Dawei Watch
January 14, 2026ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ရထားလမ်းဆောက်လုပ်ရေးသုံး ကရိန်းသည် အမြန်ခုတ်မောင်းလာသော ရထားပေါ် ပြုတ်ကျခဲ့သဖြင့် ရထားတစ်စီးလမ်းချော်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှုများကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၉ နာရီကျော် နခွန်ရတ်ချ်စီမားခရိုင် စီခီဝူဒေသ စီခီဝူဘူတာသို့ မရောက်မီ အမြန် ခုတ်မောင်းလာသော ဘန်ကောက်-ဥဘွန်းရတ်ချ်ဌာနီရထားပေါ်သို့ ကရိန်းက ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ရထားက လမ်းချော်သွားခဲ့ကာ မီးလောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ရထားလမ်းချော်မှုကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း ၃၀ အထိ ရှိလာပြီဖြစ်ကြောင်း Khaosod သတင်းတွင် ဖော်ပြသည်။ လက်ရှိအချိန်အထိ သေဆုံးသူနှင့် ဒဏ်ရာရရှိသူဦးရေကို တိတိကျကျမသိရသေးဘဲ ဆက်လက်မြင့်တက်လာနိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ ရထားပေါ်တွင် […]


