တရားမဝင် ဝင်လာသော ရိုဟင်ဂျာ ၄၈ ဦးကို ထိုင်းရဲဖမ်းဆီး
diz_admin
December 7, 2022ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်တွင် စင်းလုံငှားဘတ်စ်ကားဖြင့် တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာ ၄၈ ဦးကို ယနေ့ (ဒီဇင်ဘာ ၇) မနက်ပိုင်းအချိန်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ရတ်ချ်ဘူရီခရိုင် ပက်ထိုးဒေသ ဖက်ကဆန်အမြန်လမ်းမပေါ်တွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတောင်ပိုင်းသို့ ပို့ဆောင်နေသည်ဟု သတင်းရရှိမှုကြောင့် ပုံမှန်မဟုတ်သော ဘတ်စ်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ ရိုဟင်ဂျာများကို ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြထားသည်။ ဘတ်စ်ကားပေါ်တွင် ရိုဟင်ဂျာ အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့တွင် အသက် ၁၃ နှစ်အောက် ကလေးငယ် ၅ ဦးပါဝင်ကြောင်း သိရသည်။ ရိုဟင်ဂျာများကို မေးမြန်းရာတွင် ၎င်းတို့သည် […]


