နိုင်ငံတွင်း Facebook အသုံးပြုခွင့်ကို ပိတ်ပင်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ခြိမ်းခြောက်
Dawei Watch
July 1, 2023ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံရေး ပြိုင်ဘက်များကို ရိုက်နှက်မည်ဟု ခြိမ်းခြောက်ထားသည့် ဗီဒီယိုကို ကွန်ရက်မှ ဖယ်ရှားမည်ဟု Facebook ကကြေညာခဲ့ပြီးနောက် ဟွန်ဆင်ကလည်း သူ့အနေနှင့် နိုင်ငံတွင်း Facebook အသုံးပြုခွင့်ကို အချိန်မရွေး ပိတ်ပင်နိုင်ကြောင်း ဇွန်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ လာမည့် ရွေးကောက်ပွဲမတိုင်မီ ဟွန်ဆန် ခေါင်းဆောင်သည့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ၏ ပြိုင်ဘက် ပါတီ ခေါင်းဆောင်ကို အာဏာပိုင်များက မှတ်ပုံတင်ခွင့်ပေးရန် ငြင်းဆိုပြီးနောက် ယခုလို သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဇူလိုင် ၂၃ရက်နေ့ တွင် ကျင်းပသွားမည့် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲသည် ဟန်ပြ လုပ်ရပ် ဟူ၍ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည်။ လူမှုကွန်ရက်တစ်ခု ဖြစ်သည့် Facebook သည် ၎င်းတို့အနေနှင့် ကြီးကြပ်ရေးဘုတ်အဖွဲ့၏ စီရင်ချက်နှင့်အညီ ဟွန်ဆန်၏ ဗီဒီယိုများထဲမှ တစ်ခုကို ဖယ်ရှားမည်ဖြစ်ကြောင်း နှင့် […]


