တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
diz_admin
February 3, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ဗြိတိန်မှာ ဝန်ထမ်း သိန်းချီ ဆန္ဒပြ ဗြိတိန်နိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စက်မှုလုပ်သားတွေ၊ ပို့ဆောင်ရေးလုပ်သားတွေ၊ ဆရာတွေပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်း သိန်းချီ သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။ လူနေမှုစရိတ် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေပြီး လစာကောင်းကောင်းပေးဖို့ ဆန္ဒပြတဲ့သူတွေကနေ ဆိုထားပါတယ်။ ဒါဟာ ဗြိတိန်နိုင်ငံရဲ့ မျိုးဆက်တခုအတွင်း အကြီးမားဆုံး ညှိနှိုင်းသပိတ်မှောက်မှုဖြစ်ပြီး အရေအတွက် ၃ သိန်းကနေ ၅ သိန်းလောက်အထိ ရှိတယ်လို့ ဆိုထားပါတယ်။ ဗြိတိန်နိုင်ငံဟာ ဆယ်စုနှစ်လေးစုအတွင်း အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ငွေကြေးဖောင်းပွမှု ၁၀ ရာခိုင်နှုန်းကျော်နဲ့ လည်ပတ်နေခဲ့တယ်လို့ […]


