ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထိုင်းက ၉၅ ရက်စာ လောင်စာဆီ ဖူလုံမှုရှိမည်ဟုဆို၊ မြန်မာနှင့် လာအိုကို ဆီဆက်ရောင်းပေးမည်

Dawei Watch

March 6, 2026

ထိုင်းနိုင်ငံတွင် ၉၅ ရက်စာအထိ လောင်စာဆီ ဖူလုံမှု ရှိမည်ဖြစ်ပြီး မြန်မာနှင့် လာအိုတို့ကို လောင်စာဆီ ဆက်ရောင်းပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများ မဟုတ်သော အမေရိကန်ပြည်ထောင်စု၊ မလေးရှားနှင့် တောင်အာဖရိကနိုင်ငံများမှ လောင်စာဆီတင်သွင်းရန် သဘောတူညီမှုရရှိပြီးဖြစ်၍ ထိုင်းနိုင်ငံထဲ လောင်စာဆီသည် ၉၅ ရက်စာအထိ ဖူလုံလာမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က မတ်လ ၅ ရက်နေ့က ပြောသည်။ နိုင်ငံထဲတွင် မူလက ရက် ၆၀ စာ လောင်စာဆီဖူလုံမှုရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ၆၅ ရက်စာအထိ ဖူလုံမှုရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဝီရကူနှင့် ပြုလုပ်သော စွမ်းအင်ဆိုင်ရာ အရေးပေါ်အစည်းအဝေးတွင် ဝန်ကြီးက ပြောသည်။ နောက်ထပ် အရှေ့အလယ်ပိုင်းနိုင်ငံများမဟုတ်သော နိုင်ငံများမှ ရက် ၃၀ […]

ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှ နုတ်ထွက်ရန် အင်ဒိုနီးရှားကို အရပ်ဖက်အဖွဲ့များ ဖိအားပေး

Dawei Watch

March 6, 2026

ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့(BoP)တွင် အင်ဒိုနီးရှားအစိုးရ ပါဝင်နေမှုကို ပြန်လည်သုံးသပ်ရုတ်သိမ်းရန် နိုင်ငံအတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ ၊ ပညာရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများက အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းတောင်းဆိုလျက် ရှိသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်အကြား လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အင်ဒိုနီးရှားအစိုးရအပေါ် ယင်းသို့ တိုက်တွန်းတောင်းဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ အင်ဒိုနီးရှား အူလမာကောင်စီ (MUI) သည် လက်ရှိဖြစ်ပွားနေသည့် အီရန်စစ်ပွဲစတင်ချိန်ကတည်းက ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့(BoP)မှ အင်ဒိုနီးရှားအစိုးရ နုတ်ထွက်ရန် အစောဆုံး တောင်းဆိုခဲ့သည့် အဖွဲ့အစည်းများတွင် ပါဝင်သည်။ ပါလက်စတိုင်းအတွက် စစ်မှန်သည့် လွတ်လပ်ရေးကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိဟု ယူဆရသည့်အတွက် ယင်းဘုတ်အဖွဲ့မှ နုတ်ထွက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အင်ဒိုနီးရှား အူလမာကောင်စီ (MUI) က တနင်္ဂနွေနေ့က […]

လောင်စာဆီ ပြည်ပတင်ပို့မှုရပ်ရန် ကုမ္ပဏီများအား တရုတ်အစိုးရညွှန်ကြား

Dawei Watch

March 5, 2026

သန့်စင်ပြီးသား လောင်စာဆီများ ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းထားရန် ကုမ္ပဏီများအား တရုတ်အစိုးရက ညွှန်ကြားထားကြောင်း ယနေ့ မတ်လ ၅ ရက်တွင် Reuters သတင်းဌာနက ဖော်ပြသည်။ ယင်းအပြင် တင်ပို့ရန် သဘောတူထားသည့် စာချုပ်များကိုလည်း ကြိုးစားဖျက်သိမ်းကြရန် ကုမ္ပဏီများအား တရုတ်အစိုးရက တိုက်တွန်းထားသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှုကြောင့် ရေနံချက်စက်ရုံများ၏ ထုတ်လုပ်မှုကျဆင်းလာချိန်တွင် တရုတ်အစိုးရ၏ ယင်းညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် နိုင်ငံတကာခရီးစဉ်များအတွက် လေယာဉ်ဆီဖြည့်တင်းခြင်း၊ သင်္ဘောလောင်စာဆီထောက်ပံ့ခြင်း၊ ဟောင်ကောင်နှင့် မကာအိုသို့ လောင်စာဆီ ပို့ဆောင်ခြင်းတို့မှာမူ ယင်းညွှန်ကြားချက်တွင် အကျုံးဝင်မည်မဟုတ်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းရေးဆွဲရေးအဖွဲ့ဖြစ်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) မှ တာဝန်ရှိသူများက ရေနံချက်စက်ရုံကုမ္ပဏီကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ သန့်စင်ပြီးသား လောင်စာဆီတင်ပို့မှုများကို လက်ငင်းချက်ချင်း ဆိုင်းငံ့ထားရန် နှုတ်ဖြင့် […]

စစ်အုပ်စုကို ပိုမိုတင်းကျပ်စွာ အရေးယူမည့်ဥပဒေကြမ်း ကန်အထက်လွှတ်တော်အမတ်များ တင်သွင်း

Dawei Watch

March 5, 2026

မြန်မာစစ်အုပ်စုအပေါ် အမေရိကန်အစိုးရက ပိုမိုတင်းကျပ်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်သည့် BRAVE Burma Act ဥပဒေကြမ်းကို ရီပတ်ဘလင်ကန်နှင့် ဒီမိုကရက်ပါတီနှစ်ရပ်စလုံးမှ အမေရိကန်အထက်လွှတ်တော်အမတ်များက မတ်လ ၄ ရက်နေ့တွင် တင်သွင်းလိုက်သည်။ ၂၀၂၂ ခုနှစ် BURMA Act ဥပဒေကို အခြေခံ၍ ရေးဆွဲထားသည့် BRAVE Burma Act (Bringing Real Accountability Via Enforcement in Burma Act) ဥပဒေမူကြမ်းသည် မြန်မာစစ်အုပ်စု၏ လုပ်ငန်းစဉ်များကို ရန်ပုံငွေထောက်ပံ့နေသည့် အဖွဲ့အစည်းများအပေါ် ပိုမိုပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကာ မြန်မာစစ်အုပ်စု၏ ဝင်ငွေလမ်းကြောင်းကို ပိတ်ပင်တားဆီးသွားရန် ၊ ဒေသတွင်း၌ ကြီးထွားလာနေသည့် တရုတ်နှင့် ရုရှား၏ ဩဇာကြီးထွားလာမှုကိုလည်း တန်ပြန်ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။ ယင်းဥပဒေကြမ်းအရ […]

သီရိလင်္ကာအနီးတွင် အီရန်စစ်သင်္ဘောကို ကန်ရေငုပ်သင်္ဘော တိုက်ခိုက်နစ်မြှုပ်

Dawei Watch

March 4, 2026

သီရိလင်္ကာနိုင်ငံ တောင်ပိုင်းကမ်းလွန်ပင်လယ်တွင် အီရန်စစ်သင်္ဘောတစ်စင်းကို အမေရိကန် ရေငုပ်သင်္ဘောက တိုက်ခိုက်နစ်မြှုပ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်က ယနေ့ မတ်လ ၄ ရက်တွင် ပြောကြားသည်။ IRIS Dena အမည်ရှိ အဆိုပါ အီရန်စစ်သင်္ဘောတွင် လူပေါင်း ၁၈၀ လိုက်ပါခဲ့ကြောင်း သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး ဗီဂျီသာ ဟီရတ်က နိုင်ငံ့လွှတ်တော်သို့ တင်ပြသည်။ အဆိုပါ အီရန်စစ်သင်္ဘောသည် ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၅ ရက်အထိ ဘင်္ဂလားပင်လယ်အော်တွင် ပြုလုပ်ခဲ့သည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ဝက်ဆိုဘ်တစ်ခုက ဖော်ပြထားသည်။ ဖြစ်စဉ်ဖြစ်ပွားရာ ပင်လယ်ပြင်မှ ရုပ်အလောင်းအချို့ကို ဆယ်ယူရရှိခဲ့ကြောင်း သီရိလင်္ကာရေတပ် ပြောရေးဆိုခွင့်ရှိသူ ကွမ်မန်ဒါ ဘူဒီကာ ဆမ်ပက်သ်က ဆိုသည်။ လူပေါင်း ၃၂ ဦးကို […]

အီရန် မိန်းကလေးစာသင်ကျောင်းတိုက်ခိုက်ခံရမှု နှစ်ရာနီးပါးသေဆုံး၊ အမြန်ဆုံးစုံစမ်းစစ်ဆေးရန် ကုလတိုက်တွန်း

Dawei Watch

March 4, 2026

အီရန်နိုင်ငံတောင်ပိုင်း မီနပ်မြို့ရှိ မိန်းကလေးမူလတန်းကျောင်းတစ်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်အများစု အပါအဝင် လူ ၁၇၅ ဦးထက်မနည်း သေဆုံးကြောင်း အီရန်အစိုးရပိုင် မီဒီယာက ဖော်ပြသည်။ ယင်းဖြစ်စဉ်မှာ လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲတွင် အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်မည်ဟု ယူဆရကြောင်း The New York Times သတင်းတွင် ဖော်ပြသည်။ အဆိုပါ မိန်းကလေး မူလတန်းစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှာ အမေရိကန်နှင့် အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်သည့် ဖေဖော်ဝါရီလ ၂၈ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကျောင်းဆောင်တစ်ဝက်နီးပါး ပျက်စီးသွားပြီး လူပေါင်း ၁၇၅ ဦးထက်မနည်း သေဆုံးခဲ့ရကာ သေဆုံးသူအများစုမှာ ကလေးသူငယ်များဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ အဆိုပါ ကျောင်းကို တိုက်ခိုက်ရသည့် […]

ကုန်ဈေးနှုန်း မတက်ရန် ထိုင်းအစိုးရ သတိပေး

Dawei Watch

March 4, 2026

လောင်စာဆီအကျပ်အတည်းကို အကြောင်းပြုပြီး ထိုင်းနိုင်ငံအတွင်း ကုန်စည်များ ဈေးတင်မရောင်းကြရန် ထိုင်းအစိုးရက သတိပေးလိုက်သည်။ အမေရိကန်အပါအဝင် အစ္စရေး-အီရန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် စစ်ရေးတင်းမာနေချိန် အစိုးရက သတိထား၍ ကိုင်တွယ်ဖြေရှင်းပေးနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း ညွှန်ကြားချက်များကို လိုက်နာကြရန် လိုအပ်ကြောင်း အစိုးရ ဒုတိယပြောခွင့်ရအမျိုးသမီးဖြစ်သူ Airin Phanthurit က ယနေ့တွင် ပြောကြားလိုက်သည်။ ကုန်ပစ္စည်းရောင်းဝယ်သူများနှင့် စီးပွားရေးသမားများအနေဖြင့် အရှေ့အလယ်ပိုင်းတိုက်ပွဲအခြေအနေများကို အခွင့်အကောင်းမယူဘဲ ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းဥပဒေကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း အစိုးရက သတိပေးထားသည်။ ဝယ်ယူသူများကို အမြတ်ထုတ်နိုင်ရန် ကုန်ပစ္စည်းများကို သိုလှောင်၍ ဈေးတင်ရောင်းချခြင်းများကို ဥပဒေအရ တားမြစ်ထားကြောင်း ဖော်ပြသည်။ အကယ်၍ သတိပေးထားသည့်ကြားက အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ စျေးတင်ရောင်းချနေပါက ထောင်ဒဏ်အမြင့်ဆုံး ၇ နှစ် သို့မဟုတ် ငွေဒဏ် […]

အီရန်တွင် အုံကြွမှုဖြစ်စေရန် ကာ့ဒ်တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးရန် CIA ကြိုးပမ်းနေဟုဆို

Dawei Watch

March 4, 2026

အီရန်နိုင်ငံအတွင်း လူထုအုံကြွမှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကာ့ဒ်သူပုန်တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးရန် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)က လုပ်ဆောင်နေကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ အီရန်အတိုက်အခံအဖွဲ့များနှင့် အီရတ်နိုင်ငံရှိ ကာ့ဒ်သူပုန်တပ်ဖွဲ့ခေါင်းဆောင်များထံ စစ်ရေးအကူအညီများ ပေးအပ်ရန်အတွက် ထရမ့်အစိုးရက ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းလည်း ယင်းသတင်းတွင် ဖော်ပြသည်။ အီရန်ရှိ ကာ့ဒ်သူပုန်လက်နက်ကိုင်အဖွဲ့များသည် အီရတ်-အီရန် နယ်စပ်တစ်လျှောက်၊ အဓိကအားဖြင့် အီရတ်နိုင်ငံရှိ ကာ့ဒ်ဒေသတွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဖြင့် ဖြန့်ကျက်လှုပ်ရှားလျက် ရှိသည်။ အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်(IRGC) သည် ကာ့ဒ်သူပုန်လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်လျက် ရှိသည်။ အင်္ဂါနေ့တွင် အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်(IRGC)က ကာ့ဒ်သူပုန်လက်နက်ကိုင်အဖွဲ့များကို ဒရုန်းများစွာဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့တွင်ပင် အီရန်ကာ့ဒ်ဒီမိုကရက်တစ်ပါတီ (KDPI) ဥက္ကဋ္ဌ မူစတာဖာ ဟစ်ဂျရီနှင့် ဖုန်းပြောဆိုဆွေးနွေးခဲ့ကြောင်း အီရန်ရှိ ကာ့ဒ်သူပုန် […]