ကော့သောင်း သင်္ကြန် မြင်ကွင်း
Dawei Watch
April 14, 2025ထိုင်းနှင့်မြန်မာ နယ်စပ်မြို့ဖြစ်သည် ကော့သောင်းမြို့တွင်ယခုနှစ် သင်္ကြန်ကာလ၌ ဖျော်ဖြေရေးမဏ္ဍပ်များအပြင် မြို့တွင်း၌ ရပ်ကွက်အလိုက် ရေကစားသူများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။ ငလျင်လှုပ်ပြီးနောက် စစ်ကောင်စီ က ယခုနှစ်သင်္ကြန်ကို အတီးအမှုတ် အကအခုန်များမပါဘဲ ကျင်းပမည်ဟု ကြေညာထားပြီး တနင်္သာရီတိုင်းတွင်လည်း မြို့အချို့၌ ဖျော်ဖြေရေးမဏ္ဍပ်များ ဖျက်လိုက်သော်လည်း ကော့သောင်းမြို့တွင်မူ မဖျက်ဘဲ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ကျင်းပနေသည်။ ယင်းမဏ္ဍပ်အနီးတွင် စတုဒီသာ ကျွေးမွေးခြင်းလည်း ပြုလုပ်နေသည်။