ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ပုံ သတင်း

ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ဘန်ကောက်တွင် ဆန္ဒပြ

Dawei Watch

June 28, 2025

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ပေထုတ်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေး ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် ထိုင်းပြည်သူများက ဘန်ကောက်မြို့ အနုစာဝရီကျောက်တိုင် (Victory Monument) တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့၏ ဖုန်းပြောဆိုမှု မှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးရန် ပြည်သူများက ဆက်တိုက်ဆန္ဒပြနေခြင်းဖြစ်သည်။ ဆန္ဒပြသူများက တိုင်းပြည်အချုပ်အခြာအာဏာကို ကာကွယ်ကြရန်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ရာထူးက နုတ်ထွက်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။ Ref: The Reporter, AP

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် သရက်ချောင်းတွင် သပိတ်လှုပ်ရှား

Dawei Watch

June 19, 2025

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး သရက်ချောင်းမြို့နယ်အတွင်း ယနေ့ ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ် ပြုလုပ်သည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်ဆေးရုံကြီးတွင် စုပေါင်းသွေးလှူ

Dawei Watch

June 19, 2025

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးတွင် မြန်မာနိုင်ငံသားများ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ICJ အခြေစိုက်ရာ သည်ဟိဂ်မြို့တွင် ဂါဇာအရေး လူသိန်းချီ ဆန္ဒပြ

Dawei Watch

June 16, 2025

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အခြေစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဂိဟ်မြို့လယ်တွင် တနင်္ဂနွေနေ့က သိန်းနှင့်ချီသည့် ဆန္ဒပြသူများက အနီရောင်အင်္ကျီများ ဝတ်ဆင်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။ ဂါဇာတွင် အစ္စရေး၏ ဖိနှိပ်သတ်ဖြတ်မှုများကို ဆန့်ကျင်ကြောင်း ပြသရန်၊ အစ္စရေးနှင့် ပတ်သက်၍ နယ်သာလန်အစိုးရက ပိုတင်းမာပြတ်သားစွာ အရေးယူဆောင်ရွက်မှုရှိရေး တောင်းဆိုရန် ယင်းသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဂါဇာတွင် စစ်ဆင်ရေးလုပ်ဆောင်နေသည့် အစ္စရေးအနေဖြင့် မျဉ်းနီကို မကျော်ရန် လုပ်ဆောင်ဖို့ နယ်သာလန်အစိုးရ၏ ပျက်ကွက်မှုကို သင်္ကေတပြုရန် အနီရောင်အင်္ကျီဖြင့် ယင်းသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ “Red Line” ဆန္ဒပြပွဲဟု အမည်တပ်ထားသည့် တနင်္ဂနွေနေ့က ဆန္ဒပြပွဲသည် မေလတုန်းက အလားတူ ဆန္ဒပြပွဲထက် ပါဝင်ပူးပေါင်းသူဦးရေ ပိုမိုများပြားကြောင်း သိရသည်။ တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက သည်ဟိဂ်မြို့လယ်ခေါင်တွင် ၃ […]

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ရနောင်းတွင်ကျင်းပ

Dawei Watch

June 15, 2025

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ယနေ့(ဇွန်လ၁၅ ရက်)နံနက်က ကျင်းပခဲ့သည်။ အဝေးရောက်သွေးချင်းများကွန်ရက် အဖွဲ့ခွဲ(ကပိုး)ထောက်ပို့အဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ချင်းမိုင်မြို့က Queer Feminist အနုပညာပြပွဲ

Dawei Watch

June 12, 2025

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Some Space Gallery ပြခန်းတွင် ဇွန်လ ၁ ရက်မှ ၁၅ ရက်အထိ ” We are here, We are Queer ” အမည် ဖြင့် အနုပညာပြပွဲတစ်ခု ကျင်းပနေသည်။ Queer Collective အဖွဲ့က စီစဉ်သည့် အဆိုပါ ပြပွဲ၌ Queer Feminist အနုပညာရှင် ၁၅ ဦး ၏ ပန်းချီ၊ ပန်းပု နှင့် အခြားဖန်တီးမှုများကို ခင်းကျင်းပြသထားသည်ကို တွေ့ရသည်။ ပွင့်လင်းတန်းတူညီမျှသည်ဆိုသော ယနေ့ခေတ် ကမ္ဘာကြီးတွင် အမျိုးသမီးများ၊ LGBTQ+ နှင့် အခြားလူပုဂ္ဂိုလ်များသည် လူ့အဖွဲ့အစည်းအတွင်း မမျှော်လင့်ထားသည့် နည်းလမ်းပေါင်းစုံဖြင့် ချုပ်ခြယ်ကန့်သတ်ခံနေရဆဲဖြစ်ကြောင်း သတင်းစကားပါးလိုသည့် ရည်ရွယ်ချက်ကို ပြပွဲ၌ […]

မြန်မာတွေဝင်နွှဲတဲ့ ထိုင်းတောင်ပိုင်းက LGBTQ+ များ၏ အထိမ်းအမှတ်ပွဲ

Dawei Watch

June 7, 2025

ထိုင်းတောင်ပိုင်း စူရတ်ဌာနီတွင် LGBTQ+ များစုပေါင်းပြီး ချီတက်လမ်းလျှောက်ပွဲကို ယနေ့ ဇွန် ၇ရက် ညနေပိုင်းတွင် ကျင်းပသည်။ အဆိုပါပွဲတော်တွင် မြန်မာနှင့် ထားဝယ်ဒေသခံများလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။ စူရတ်ဌာနီမြို့အတွင်း လမ်းလျှောက်လှည့်လည်ကြပြီးနောက် ကမ်းနားလမ်းရှိ နာရီစင်အနီးတွင် ရပ်နားခဲ့ကြသည်။ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာက LGBTQ+ များနှင့် ထောက်ခံသူများသည် ဇွန်လတစ်လျှောက်လုံးကို LGBTQ+ အထိမ်းအမှတ်လ (Pride Month) အဖြစ် ဆင်နွှဲလေ့ရှိသည်။

ထိုင်းတောင်ပိုင်းတွင်လည်း ကဆုန်ညောင်ရေသွန်းပွဲကျင်းပ

Dawei Watch

May 11, 2025

မြန်မာရွှေ့ပြောင်းလုပ်သား အများစုရှိသည့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယနေ့(မေလ ၁၁) ရက်တွင် ပြုလုပ်ခဲ့သည်။ စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းတွင် ညောင်ရေသွန်းပွဲနှင့်အတူ စတုဒီသာကျွေးခြင်းလည်း ပြုလုပ်ခဲ့သည်။