ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ပုံ သတင်း

ကော့သောင်းအကျဉ်းထောင်မှ အယောက် ၄၀ ပြန်လွတ်

Dawei Watch

August 1, 2023

စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် ကော့သောင်း အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း အယောက် ၄၀ ပြန်လွတ်လာကြောင်း သိရှိရသည်။

ထားဝယ်အကျဉ်းထောင်မှ ပြန်လွတ်သူများ

Dawei Watch

August 1, 2023

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများ ယနေ့ညနေပိုင်းက ပြန်လွတ်လာကြသည်ကို တွေ့မြင်ရစဉ်။ ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်၏ ထုတ်ပြန်ချက်အရ အပြစ်ဒဏ်မှလွတ်ခါနီး ၆ လအောက်သာ ကျန်တော့သည့် အကျဉ်းသား/သူ စုစုပေါင်း ၃၀ ကျော် လွတ်လာခြင်းဖြစ်ဟု သိရသည်။ ထားဝယ်အကျဉ်းထောင်ထဲတွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား /သူ ၄၀၀ နီးပါးအထိရှိနေဆဲဖြစ်ကြောင်း ယင်းကွန်ရက်ထံမှသိရသည်။

ဝါဆိုလပြည့်နေ့ ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးမြင်ကွင်း

Dawei Watch

August 1, 2023

ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးကို လာရောက်ကြသည့် ဘုရားဖူးများကို ဝါဆိုလပြည့်နေ့ (သြဂုတ်လ ၁ ရက်နေ့)တွင် မြင်တွေ့ရစဉ်။

မိုးများ၍ ထားဝယ်မြို့သစ်တွင် ရေကြီး

Dawei Watch

July 29, 2023

ထားဝယ်တွင် မနေ့(ဇူလိုင် ၂၈) ညက‌စပြီး ယ‌နေ့မနက်ပိုင်းအထိရွာသည့်မိုးကြောင့် ထားဝယ်မြို့သစ် ၈ လမ်း နှင့် ၅ လမ်း တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။ သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းဖွဲ့များက အရေးပေါ်ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးနေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်တင့်မှ အားကောင်းလာသည့်အတွက်ကြောင့် တနင်္သာရီတိုင်း‌ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ယနေ့မွန့်တည့်အချိန်ထိ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။ ထားဝယ်မြို့နယ်အတွင်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် ဇမ္ဗူသီရိအဖွဲ့တွင် ရေဘေးကယ်ဆယ်ရေး ဖွင့်လှစ်ထားပြီး လာရောက်တည်းခိုနေထိုင်နိုင်ကြောင်းဇယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အာဇာနည်နေ့ လူထုသပိတ် လောင်းလုံးတွင်ပြုလုပ်

Dawei Watch

July 19, 2023

အာ‌ဇာနည်နေ့ အထိမ်းအမှတ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့နံနက်တွင် လောင်းလုံးမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြသည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်သည့် ယင်းလှုပ်ရှားမှုတွင် ‘သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်’ စာသားပါ ဘန်နာကိုကိုင်ဆွဲ ချီတက်ခဲ့ကြသည်။

သောင်တင်ခြင်း

Dawei Watch

July 16, 2023

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာ လူပေါင်း နှစ်သန်းကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးပါပြီ။ တောတောင်တွေထဲမှာ၊ ဒုက္ခသည်စခန်းတွေမှာ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ အိမ်လည်း မပြန်နိုင်ကြပါဘူး။ တခြားနေရာသစ်ကို ဘ၀သစ်စဖို့လည်း ထွက်သွားလို့ မရပြန်ဘူး။ သူတို့ဟာ သောင်တင်ပိတ်မိနေသူတွေ။ အမည်မဖော်လိုတဲ့ မြန်မာအနုပညာရှင် တစ်စုက သူတို့အကြောင်း ဖော်ကျူးရေးဆွဲထားပါတယ်။ ဘန်ကောက်မြို့၊ ဘန်ကောက် အနုပညာနဲ့ ယဉ်ကျေးမှုစင်တာမှာ ပြုလုပ်တဲ့ ပန်းချီပြပွဲမှာ မြန်မာနိုင်ငံက စစ်ပြေး ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းနေထိုင်ရသူတွေအကြောင်း ပန်းချီအနုပညာပြချက် ၄၀ ဝန်းကျင် ပြသထားပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ အထိ ပြသသွားမည်ဖြစ်ပါတယ်။ အဲဒီက ရတဲ့ ရံပုံတွေ ၆၀ ရာခိုင်နှုန်းကို IDP တွေ အတွက် လှူဒါန်းသွားဖို့ ရှိပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

Dawei Watch

July 15, 2023

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း ယနေ့ ပြုလုပ်ခဲ့ကြသည်။ ယနေ့လှုပ်ရှားမှုတွင် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”ဘန်နာကိုင်ဆွဲပြီး အမျိုးသမီးများ လူငယ်များနှင့် ‌ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ချီတက်ခဲ့ကြောင်း သပိတ်ကော်မတီက ထုတ်ပြန်သည်။

ဝန်ကြီးချုပ်ရွေးချယ်နေသော ထိုင်းလွှတ်တော်ရှေ့တွင် လုံခြုံရေးအတားအဆီးများချထား

Dawei Watch

July 13, 2023

ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်နေသော လွှတ်တော်အဆောက်အအုံ ပတ်ဝန်းကျင်တွင် ထိုင်းရဲတပ်ဖွဲ့များက အတားအဆီးများ၊ ရေကားများ ပြင်ဆင်ချထားသည်ကို တွေ့ရှိရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ယင်းအတားအဆီးများ၊ ရေဖြန်းစက်ပါသောကားများကို ယမန်နေ့ ညသန်းခေါင်အချိန်ကတည်းက ပြင်ဆင်နေခဲ့ကြခြင်းဖြစ်သည်။ ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် Move Forward ပါတီခေါင်းဆောင် ပီထာကို ဝန်ကြီးချုပ်ဖြစ်မဖြစ် အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်းက မဲပေးရွေးချယ်နေကြပြီဖြစ်သည်။ ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ပြည်သူအားလုံး စောင့်ကြည့်ပေးဖို့ ထိုင်းဒီမိုကရေစီတက်ကြွလှုပ်ရှားသူများက ယမန်နေ့ ညနေပိုင်းတွင် ဘန်ကောက်မြို့၌ ဆန္ဒပြလှုံ့ဆော်ထားခဲ့ကြသည်။ Move Forward ပါတီကလည်း ဘန်ကောက်မြို့ကထောက်ခံသူများကို လွှတ်တော်ရှေ့သို့ လာရောက်လေ့လာ၍ မဲရလဒ်ကို စောင့်ကြည့်ကြဖို့ တိုက်တွန်းထားသည်။ ထိုင်းရဲတပ်ဖွဲ့ကလည်း လွှတ်တော်ပတ်ဝန်းကျင်တွင် ဇူလိုင်လ ၁၂ ရက်မှ ၁၅ […]