BREAKING
December 3, 2025

ဓာတ်ပုံ သတင်း

စစ်ကော်မရှင်အဖွဲ့က ဖွင့်လှစ်ပေးခဲ့သည့် ထားဝယ်သပိတ်မျှောပွဲ

Dawei Watch

October 6, 2025

ထားဝယ်သူ၊ ထားဝယ်သားများက ဦးစီးကျင်းပသည်ဆိုသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို ယနေ့ သီတင်းကျွတ်လပြည့် (အောက်တိုဘာ ၆)နေ့ နံနက်၌ ထားဝယ်မြို့ ကမ်းနားလမ်း သဲကွင်းတွင် အာဏာသိမ်း စစ်ကော်မရှင်အဖွဲ့က အခမ်းအနားဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်လိုက်သည်။ သပိတ်မျှောပွဲ ဖွင့်ပွဲ အခမ်းအနားကို တိုင်းစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ကမ်းရိုးတန်းတိုင်းစစ်ဌာန တိုင်းမှူးနှင့် ထားဝယ်လူမျိုးစုစည်းမှု ကော်မတီ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် ကျင်းပသည့် သပိတ်မျှောပွဲတော် အဆက်ဆက်ကို ထားဝယ်သူ၊ ထားဝယ်သားများက ဦးစီးကျင်းပသည်ဟု ဖော်ညွှန်းကာ ခေါင်းစဥ်တပ်ထားသလို ယနေ့ပွဲတွင်လည်း ယင်းသို့ပင် တပ်ထားသည်ကိုတွေ့ရသည်။ ကိုဗစ် နှင့် စစ်အာဏာသိမ်းမှုမတိုင်မီကလည်း တနင်္သာရီတိုင်းအစိုးရအဖွဲ့က ဦးစီးပြီး သပိတ်မျှောပွဲတော် ကျင်းပပြုလုပ်လေ့ရှိသည် ။ အဖိတ်နေ့ အောက်တိုဘာလ ၅ ရက် […]

ထားဝယ်မြို့က ရှေ့ဟောင်း ဟိန္ဒူဘုရား (ခ) မမဘုရားပွဲ

Dawei Watch

October 2, 2025

ထားဝယ်မြို့ ၊ ရှမ္မလည်ဆွဲရပ်ကွက်တွင် တည်ရှိသည့် စရီမာရီးယမ္မားမယ်တော်(ခ) မမဘုရားမှာ ယနေ့ အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းကစ၍ မြို့တွင်းသို့ လှည့်လည် အပူဇော်ခံနေသည်။ ကိုဗစ်ကာလမှစကာ မြို့တွင်းလှည့်လည်ပွဲရပ်နားထားရာမှ ၂၀၂၄ ခုနှစ်တွင် ဘုရားလှည့်ပွဲ ပြန်ကျင်းပခဲ့သဖြင့် ယခုနှစ်မှာ မမဘုရား မြို့တွင်းပြန်အပူဇော်ခံသည့် ဒုတိယမြောက်နှစ် ဖြစ်သည်။ ယာဥ်တန်းအများအပြား၊ ပဒေသာပင်ကားများနှင့် ဖျော်ဖြေယာဥ်များ ပါဝင်ခြင်းမရှိဘဲ ယမန်နှစ်ကဲ့သို့ပင် ရှေ့ပွိုင့်ကား အနည်းငယ် နှင့်ဘုရားလှည်းတစ်စီးတို့သာ ယနေ့လှည့်လည်ရာတွင်ပါဝင်သည်ဟု မြို့ခံများထံမှသိရသည်။ ဘုရားလှည့်ပွဲ မစမီပြုလုပ်ရသည့် လေးခွင်းပွဲ(ခ)လေးပစ်ပွဲကိုလည်း ယခင်ကဲ့သို့ မျှော်အင်းရေကန်တွင် သွားမလုပ်ဘဲ ဘုရားကျောင်းအတွင်း၌သာ အကျဥ်းရုံးပြုလုပ်ခဲ့သည်ကို တွေ့ရသည် ။ မမဘုရားလှည့်ပွဲသည် နှစ်ပေါင်းရာကျော်သက်တမ်းရှိ ထားဝယ်ဒေသ၏ နာမည်ကျော် ပွဲတော်တစ်ခုဖြစ်သလို ပွင့်လင်းရာသီ၏ ပွဲဦးထွက်ပွဲတော်လည်း ဖြစ်သည်။ ကိုဗစ်မတိုင်မီက ကျင်းပသည့်ပုံစံမှာ […]

မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ

Dawei Watch

September 6, 2025

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ် ကဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုရွာတွင် ယနေ့ (စက်တင်ဘာ ၆၊ တော်လသလင်းလပြည့်နေ့) မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ ပြုလုပ်ခဲ့ကြသည်။ သင်္ဘောပုံသဏ္ဍာန် ဆွမ်းတော်တင်ခုံပြုလုပ်ပြီး ဘုရားဆွမ်းတော် တင်လှူကြခြင်းဖြစ်သည်။ ယင်းဓလေ့ကို မွန်လူမျိုး နေထိုင်သည့် ဒေသများတွင် တော်သလင်းလပြည့်ရောက်တိုင်း ပြုလုပ်လေ့ရှိသည်။ ရေး-ထားဝယ်ကားလမ်းပိတ်ဆို့နေမှုကြောင့် ကုန်သွယ်ရေးပြတ်တောက်နေသဖြင့် ယခုနှစ် ဆွမ်းတော်ကြီးတင်ပွဲတွင် အခြားဒေသမှလာသည့် သစ်သီးများဖြင့် ဆွမ်းတော်ကြီးတင်လှူသူနည်းပြီး ဒေသထွက်အသီးအနှံများဖြင့် ဆွမ်းတော်တင်လှူသူများကြောင်း ဒေသခံများကပြောသည်။ ထားဝယ်ဒေသတွင် ဆွမ်းတော်ကြီးတင်လှူပွဲကို တော်သလင်းလပြည့်နှင့် သီတင်းကျွတ်လပြည့်များတွင် ကျင်းပကြပြီး ဒေသအလိုက် ကျင်းပသည့် ပုံစံများလည်း ကွဲပြားကြသည်။

စစ်ကော်မရှင်လုပ်မည့် ရွေးကောက်ပွဲ အလိုမရှိကြောင်း ရှစ်လေးလုံးနေ့ လောင်းလုံးတွင်ဆန္ဒထုတ်ဖော်

Dawei Watch

August 8, 2025

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ယနေ့ သြဂုတ်လ ၈ရက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့တွင် ပြည်သူများ ဆန္ဒဖော်ထုတ်ကြကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သတင်းထုတ်ပြန်သည်။ ၃၇ နှစ်မြောက် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ချီတက်ပွဲပြုလုပ်ရာတွင် ပြည်သူ ရာချီပါဝင်ပြီး ကားများ၊ ဆိုင်ကယ်များဖြင့် ကျေးရွာလမ်းမများပေါ် စီတန်းလှည့်လည်ခဲ့ကြသည်ကို ဓာတ်ပုံမှတ်တမ်းများဖြင့် တကွ ထုတ်ပြန်ထားသည်။ ချီတက်ဆန္ဒဖော်ထုတ်ရာတွင် “အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲ အလိုမရှိ” ၊ “စစ်အာဏာရှင်စနစ်အလိုမရှိ”၊ “ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တို့အရေး” စသည့် အချက်များကို ကြွေးကြော်ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါချီတက်ဆန္ဒဖော်ထုတ်မှုကို လောင်းလုံးမြို့နယ် ပအဖက ဦးဆောင်လုပ်ဆောင်ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ် ပအဖ တာဝန်ခံက ပြောသည်။ “(ရှစ်လေးလုံးအရေးတော်ပုံနေ့) ဒီအထိမ်းအမှတ်ရယ်၊ စစ်ကောင်စီ ကျင်းပမယ့် […]

မဲဆောက်တွင် ရေကြီးနေ၍ ရွှေ့ပြောင်းကျောင်းများစပိတ်

Dawei Watch

July 23, 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ (ဇူလိုင် ၂၃) ညနေမှစကာ မြို့ပေါ်လမ်းများ ရေလွှမ်းလာသဖြင့် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများ ပိတ်လိုက်ကြောင်း မဲဆောက်ရောက် မြန်မာအချို့ထံမှ သိရသည်။ တာ့ခ်ခရိုင်၊မဲဆောက်မြို့တွင် ဝီဖါမုန်တိုင်းအရှိန်ကြောင့် ဇူလိုင်လ ၂၃ ရက်မှစကာ မိုးသည်းထန်စွာရွာသွန်းနေပြီး မြို့ပေါ်လမ်းများ၊ ရပ်ကွက်များအတွင်း ရေဝင်လာခြင်းဖြစ်သည်။ လက်ရှိတွင် မဲဆောက်မြို့ နေရာအများစု၌ ရေကြီးနေပြီး သွားလာရခက်ခဲနေသည့်အတွက် ရွှေ့ပြောင်းမြန်မာကျောင်းအချို့က ဇူလိုင်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ကျောင်းပိတ်ထားကြောင်း မဲဆောက်ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ ထိုင်းအစိုးရကလည်း တာ့ခ်ခရိုင်အတွင်း ရေလွှမ်းနိုင်သည့်အကြောင်းကို ဖုန်းမှတစ်ဆင့် မက်ဆေ့ (SMS)ပို့ပြီး အသိပေးနေသလို ဒေသအာဏာပိုင်၊ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့များကလည်း ရေလွှမ်းနိုင်သည့် အနိမ့်ပိုင်းရပ်ကွက်များတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည်ကို တွေ့ရသည်။ မဲဆောက်ရဲစခန်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ယာဥ်အသွားအလာဂရုစိုက်ရန်နှင့် အနိမ့်ပိုင်းရပ်ကွက်နေ သူများ […]

စစ်ကြောရေးတွင် နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့သည့် မ၀တ်ရည်အောင်၏ စျာပန

Dawei Watch

July 22, 2025

စစ်ကောင်စီတပ်၏ စစ်ကြောရေးတွင် နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင်၏ စျာပနအခမ်းအနားကို ယနေ့ (ဇူလိုင် ၂၂ ရက်) နံနက် ၁၁ နာရီခန့်တွင် ရန်ကုန်မြို့ရှိ ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည်။ အင်းစိန်ထောင်အတွင်း အကျဥ်းကျခံနေရသည့် မဝတ်ရည်အောင်သည် အရေးပေါ်ကျန်းမာရေး အခြေအနေကြောင့် အင်းစိန်ထောင်မှ အင်းစိန်ဆေးရုံကို ပို့ဆောင်ကုသခဲ့သော်လည်း ဇူလိုင်လ ၂၀ ရက် နံနက် ၃ နာရီခွဲခန့်တွင် ကွယ်လွန်ခဲ့သည်။ အသက် ၂၆ နှစ်အရွယ် မ၀တ်ရည်အောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ်လေးနှစ် စုစုပေါင်း ထောင်ဒဏ် […]

တနင်္သာရီမြို့နယ်တွင် ၇၈နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပ

Dawei Watch

July 19, 2025

၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာအုပ်စု တို့တွင် (ယနေ့) ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀နာရီက စတင်ကျင်းပသည်။ အဆိုပါအခမ်းအနားကို တနင်္သာရီကျောင်းသားသမဂ္ဂ-ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး ရွာတန်းတစ်လျှောက် လှည့်လည်ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဒေသခံများနှင့် ကျောင်းသား၊ ကျောင်းသူများပါဝင်ကြပြီး လူစုလူဝေးရှိသည့် နေရာများတွင် အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို ရှင်းလင်းခဲ့သည်။

လောင်းလုံးမြို့နယ်တွင်ပြုလုပ်သော အာဇာနည်နေ့ အခမ်းအနား

Dawei Watch

July 19, 2025

ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သော ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လောင်းလုံးမြို့နယ်တွင် ကျင်းသည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး “အာဇာနည်တို့မျှော်ရည်ချက် လုထုအားနဲ့ ဆက်ချီတက်” ဘန်နာကိုင်ဆွဲကာ လမ်းလျှောက်ချီတက်ကြသည်။ ထို့နောက် ကျောင်းသားသမဂ္ဂအလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်နှင့်တကွ အာဇာနည် ၉ ဦး အား အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတွင် ကျဆုံးသွားသူများအား အလေးပြုခြင်း၊ လွမ်းသူပန်းခွေချခြင်းတို့ ပြုလုပ်ကြသည်။