BREAKING
May 2, 2025

ဓာတ်ပုံ သတင်း

လောင်းလုံးက နေအိမ်မီးရှို့ခံရသူများ

Dawei Watch

February 25, 2024

စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်မီးရှို့ခဲ့တဲ့ ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက ဒေသခံတွေ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်ကြပုံတွေကို (ယခုလ ဒုတိယပတ်မှာ) ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။ လောင်းလုံးမြို့နယ် ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က နှစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၂၀၂၃ မတ်လတွင်တစ်ကြိမ်၊ ဒီဇင်ဘာလတွင်တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ ကြွက်မနိုင်ကျည်မီးရှို့ဗျူဟာအောက်မှာ ဒေသခံထောင်ချီ အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားခဲ့ရပါပြီ။ နေစရာအိမ်မရှိတော့တဲ့ ဒေသခံတွေကတော့ ဖြစ်သလိုတဲထိုးနေထိုင်ပြီး ခက်ခဲစွာ ရုန်းကန်အသက်မွေးနေကြရပါတယ်။ တာလပတ်အမိုးတစ်ခုကလွဲပြီး အကာအယံမရှိတဲ့ တဲလေးတွေအောက်မှာ လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံပြီး နေထိုင်နေရတာပါ။

တပို့တွဲလပြည့် ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲ

Dawei Watch

February 24, 2024

ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် နှင့် လောင်းလုံးမြို့နယ် တို့တွင် ယနေ့(ဖေဖော်ဝါရီ၂၄) တပို့တွဲ့လပြည့်ည ၌ ပြုလုပ်သည့် ဘုရားမီးကမ်(ဘုရားမီးပူဇော်ပွဲ) ကျင်းပသည့် ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။ လောင်းလုံးမြို့နယ် ၊ ဝံတွင်းရွာတွင် ကိုဗစ်ကာလနောက်ပိုင်းရပ်နားထားသည့် ဘုရားမီးကမ်ပွဲကို ရွာသူရွာသားများစုပေါင်း၍ ယခုနှစ်တွင်ပြန်လည်ကျင်းပခဲ့သည်။ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင်လည်း ဘုရားမီးကမ်ပူဇော်ပွဲကို အစဥ်အလာမပျက် ဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုရွာတွင်ပြုလုပ်ခဲ့သည်။ ဘုရားရှင်အား အနွေးဓာတ်ရစေရန် ရည်ရွယ်ချက်ဖြင့် ဝါးများ၊ အမွှေးနံ့သာများ၊အုန်းခက်များ၊မီးလောင်နိုင်သည့်အပင်များကို စေတီပုံစံစုပုံ၍ မီးရှို့ပူဇော်ကြခြင်းဖြစ်သည်။ ဘုရားမီးကမ်ပွဲကို ထားဝယ်ဘုရင် ဝေဒီမင်းကြီးလက်ထက်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ် ၊ ဝံတွင်းရွာနှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီးဘုရားကြီး နှစ်နေရာတွင် ကိုဗစ်မတိုင်မီကာလအထိ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားစွာ ကျင်းပခဲ့ကြသည်။ ထားဝယ်ဒေသက ဘုရားမီးကမ်ပွဲနှင့်အလားတူ ပြည်မြို့၊ရွှေဆံတော်ဘုရားတွင်လည်း ဉာဏ်ရိုးမီးပူဇော်ပွဲကို တပို့တွဲလပြည့်ညတိုင်းကျင်းပလေ့ရှိသည်။

ခြောက်ကပ်နေသည့် ရှင်မော်စေတီ

Dawei Watch

February 15, 2024

အာဏာမသိမ်းမီက နေ့စဉ်ဘုရားဖူးထောင်ချီဖြင့် စည်ကားနေတတ်သည့် ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်စေတီ၏ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မြင်ကွင်းများဖြစ်သည်။ ရှင်မော်တောင်သို့တက်သည့် လမ်းဘေးဝဲယာတွင် ခြုံထူနေပြီး တံတားတစ်စင်းမှာလည်း ဆွေးမြေ့လျက်ရှိသည်။ ဈေးဆိုင်တန်းမှာ သော့ခတ်လျှက်သား ဖုံတက်နေပြီး၊ ဘုရားအချို့ကို သော့ခတ်ထားသည်ကိုတွေ့ရသည်။ အချို့ဘုရားများမှာ ဆီးမီး၊ ပန်းနံ့သာ ကပ်မဲ့သူမရှိသဖြင့် ခြောက်ကပ်နေသည်။ ဘုရားဝင်းတစ်ခုလုံးတွင် ဂေါပကအဖွဲ့ဝင်နှစ်ဦးမှလွဲပြီး အခြားသူများတစ်ဦး‌တစ်ယောက်မျှမရှိပေ။ ‌ရှင်မော်‌စေတီမှာ ဒေသတွင်းသာမက ပြည်တွင်းဘုရားဖူးများကြားတွင် နာမည်ကြီးပြီး ထားဝယ်ဒေသသို့ရောက်တိုင်း မဖြစ်မနေ သွားရောက်ဖူးမျှော်ရသည့် စေတီထဲတွင်ပါဝင်သည်။ ဖေဖော်ဝါရီလ ၁၄ ရက်ကဲ့သို့သော နေ့များအပြင် အခါကြီး၊ ရက်ကြီးအချိန်များ၊ ရုံးပိတ်ရက်များတွင် ရှင်မော်စေတီသို့ လာရောက်ဖူးမျှော်သူ နေ့စဉ်ထောင်ဂဏန်းအထိရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ရှင်မော်စေတီသို့ ဘုရားဖူးများ အလာကျဲသွားပြီး လက်ရှိတွင်မူ လာရောက်သူ လုံးဝမရှိသဖြင့် ရင်ပြင်တစ်ခုလုံးခြောက်ကပ်တိတ်ဆိတ်လျှက်ရှိပေသည်။

ကျောက်တော်မြို့ကို သိမ်းယူထိန်းချုပ်ထားသည့် AA

Dawei Watch

February 14, 2024

ကျောက်တော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို သိမ်းယူပြီး မြို့ကိုထိန်းချုပ်ထားသည့် ဓာတ်ပုံမှတ်တမ်းများကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။ ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄) ၊ ခမရ (၃၇၅) ၊ ခမရ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ (၉) တို့ကို သိမ်းယူပြီး မြို့ကိုထိန်းချုပ်ထားခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်ဌာနချုပ်၊ တပ်ရင်းစခန်းအားလုံးကို သိမ်းယူပြီးနောက် ရရှိသည့် လက်နက်ခဲယမ်းများနှင့် ဌာနဆိုင်ရာရုံးများရှေ့တွင် AA တပ်ဖွဲ့ဝင်များ ရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းများကို ထုတ်ပြန်ထားသည်။ ကျောက်တော်မြို့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် AA က သိမ်းယူခဲ့ခြင်းဖြစ်သည်။

ထိုင်းတောင်ပိုင်းက မြန်မာစာသင်‌ကျောင်း၏ ပညာရေးစုံညီပွဲ

Dawei Watch

February 11, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ဘန်ကူးရပ်ကွက်ရှိ မေတ္တာရိပ် မြန်မာစာသင်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက်(ယနေ့)ညက  ပြုလုပ်ခဲ့သည်။ အဆိုပါကျောင်းတွင် ကျောင်းသားဦးရေ ၈၀၀ ကျော်ရှိပြီး စူရတ်ဌာနီခရိုင်အတွင်း ကျောင်းသားဦးရေ အများဆုံး ပညာသင်ယူနေသည့် ကျောင်းလည်းဖြစ်သည်။ ထိုကျောင်းတွင် ထားဝယ်ဒေသရွှေ့ပြောင်းကလေးအများစု ပညာသင်ယူနေပြီး မြန်မာရွှေ့ပြောင်းက‌‌လေးများလည်း ရှိသည်။ ယင်းကျောင်း၌ မူကြိုမှ အထက်တန်းအဆင့်အထိ ကျောင်းသားများ ပညာသင်ယူနေသည်။ မေတ္တာရိပ်မြန်မာစာသင်ကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ပုံရိပ်များကို ဖော်ပြလိုက်သည်။

မြန်မာပြည်အတွက် လူထုတေးသံ

Dawei Watch

February 10, 2024

စစ်အာဏာသိမ်းမှု ၃ နှစ်ရှိလာသော်လည်း မြန်မာပြည်သားများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ပြသသည့်အနေဖြင့် ထိုင်းနိုင်ငံသားများက မြန်မာနိုင်ငံသားများနှင့်အတူ မြန်မာပြည်အတွက် လူထုတေးသံ အစီအစဉ်ကို ကျင်းပခဲ့သည်။ ယင်းအစီအစဉ်ကို ဘန်ကောက်မြို့ lido connect ခန်းမတွင် ယနေ့ညနေ ၄ နာရီမှစ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ အစီအစဉ်တွင် မြန်မာပြည်သူများ၏ အသံများ၊ သံချပ်များ၊ တော်လှန်ရေးသီချင်းများ ပါဝင်ခဲ့သည်။ အစီအစဉ်မှရရှိသော ရန်ပုံငွေများကို မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ ပွဲကျင်းပြရသည့်ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ အသံကို နိုင်ငံတကာက မမေ့စေရန်၊ ကျယ်ကျယ်လောင်လောင် ကြားနိုင်ရန် အဓိက ရည်ရွယ်ထားကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောသည်။

ကလိန်အောင် ဆံတော်ရှင်တောင်ပေါ်က တိမ်ပင်လယ်

Dawei Watch

February 5, 2024

ရှင်ကိုးရှင် စာရင်းဝင် ကလိန်အောင်မြို့ ဆံတော်ရှင်(ရှင်ဆံတော်) တောင်ပေါ်ရဲ့ မနက် ၈ နာရီခွဲဝန်းကျင် တိမ်ပင်လယ်မြင်ကွင်းကို ဖော်ပြလိုက်ပါတယ်။ ကိုဗစ်မတိုင်မီကာလက ဆောင်းရာသီ မနက်ခင်းတွေမှာ ကလိန်အောင်မြို့အနီးတစ်ဝိုက်က မြို့ခံတွေနဲ့ ထားဝယ်ဒေသခံက ဘုရားဖူးတွေ တိမ်ပင်လယ်ကြည့်ရင်း နေဆာလှုံကြဖို့ ဆံတော်ရှင် ဘုရားတောင်ပေါ်ကို အဖွဲ့လိုက် လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ ကိုဗစ်ကပ်ဘေးအလွန် ပဋိပက္ခအကျပ်အတည်းကာလမှာ ပွင့်လင်းရာသီဖြစ်ပေမယ့်လည်း မြို့ခံအနည်းစုသာ တိမ်ပင်လယ်ရှုခင်းကို လာရောက်ကြည့်ရှုခံစားကြတယ်လို့ ဘုရားစျေးသည်တွေက ပြောပါတယ်။ နေ့ကြီးရက်ကြီးတွေမှာတော့ ရပ်ဝေးဧည့်သည်မရှိပေမယ့် ဒေသခံဘုရားဖူးတွေကြောင့် စည်ကားလေ့ရှိပါတယ်။ ကလိန်အောင်ဆံတော်ရှင်စေတီကို ထားဝယ်မြို့ကနေ မြောက်ဘက် ၄၇ မိုင်အကွာ ကလိန်အောင်မြို့ ၊ ကလိန်အောင်ချောင်းတစ်ဘက်ကမ်းက တောင်ပေါ်မှာ တည်ထားကိုးကွယ်တာဖြစ်ပါတယ်။

မြန်မာသံရုံးရှေ့က Milk Tea သပိတ်

Dawei Watch

February 1, 2024

မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းနိုင်ငံသားများ ရပ်တည်လျက်ရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် Milk Tea သပိတ်ကို ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာသိမ်းပြီး ၃ နှစ်ပြည့်သည့် ယ​နေ့(​ဖေ​ဖော်ဝါရီ ၁) ည​နေပိုင်းတွင် ယင်းသပိတ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက ရုန်းကန်ကြိုးစားလာခဲ့ရသော မြန်မာနိုင်ငံသားများနှင့်အတူ စည်းလုံးမှုကို ပြသသည့်အနေဖြင့် Milk Tea 4 Peace ကို ကျင်းပခဲ့ခြင်းဖြစ်သည်။ Milk Tea မှတစ်ဆင့် လွတ်လပ်ရေးရပြီး ငြိမ်းချမ်းမှုရရှိရန် ရည်ရွယ်ကြောင်း သိရသည်။ သပိတ်ပွဲတွင် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ထိုင်းနိုင်ငံက တက်ကြွလှုပ်ရှားသူများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အမတ် Kannavee Suebsang လည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းပွဲတွင် Milk Tea၊ ထိုင်းလက်ဖက်ရည်များအပြင် မြန်မာလက်ဖက်သုပ်များကိုလည်း ကျွေးမွေးခဲ့သည်။