ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ပုံ သတင်း

ချွန်ဘူရီတွင် လမ်းမကြီးပေါ် မြန်မာအချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်

Dawei Watch

January 14, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများအချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်မှုကြောင့် မြန်မာနိုင်ငံသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၃ ရက် ည ၁၁ နာရီတွင် ချွန်ဘူရီခရိုင် ဖန်ထောင်းဒေသ လမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသားများအချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ခိုက်ရန်ဖြစ်မှုကြောင့် အသက် ၃၃ နှစ်အရွယ် ကိုကျော်ထက်အောင်က ဦးခေါင်းကွဲဒဏ်ရာရပြီး အသက် ၃၆ နှစ်အရွယ် ကိုကံသာဦးက ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြသည်။ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးပြီး ဖန်ထောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။ ရန်ပွဲတွင် မြန်မာတစ်ရာခန့်ပါဝင်ပြီး ဓား၊ တုတ် စသည်တို့ ကိုင်ဆောင်ကာ နှစ်ဖက် အုပ်စု ခိုက်ရန်ဖြစ်ခြင်းဖြစ်သည်။ ခိုက်ရန်ဖြစ်သည့် အကြောင်းအရင်းကိုမူ မသိရသေးဟု မျက်မြင်တွေ့ရှိသူများက ရဲတပ်ဖွဲ့ထံ ပြောဆိုသည်ဟု […]

ထားဝယ်မြို့ ကမ်းနားလမ်းနှင့် ကလေးကစားကွင်း လွတ်လပ်ရေးနေ့ ည‌နေခင်းမြင်ကွင်း

Dawei Watch

January 4, 2026

ထားဝယ်မြို့၊ ကမ်းနားလမ်း ကမ်းနားပန်းခြံနှင့် ကလေးကစားကွင်းတို့တွင် ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ည‌နေခင်းတွင် သွားရောက်လည်ပတ်သူများကို တွေ့ရသည်။ ထားဝယ်မြို့ ကလေးစားကွင်းအနီးရှိ ရွှေဝယ်သီရိအားကစားရင်ပြင်တွင်လည်း လွတ်လပ်ရေးနေ့ ဌာနဆိုင်ရာ ပြခန်းများ ပြသထားသည်။ ယင်းအပြင်ယနေ့ ထားဝယ်မြို့နယ်တွင် စစ်ကော်မရှင်က ညမထွက်ရအမိန့် တစ်ည ရုပ်သိမ်းပြီး ကမ်နားပန်းခြံတွင်လည်း တေးသံရှင်များဖြင့် လွတ်လပ်ရေးနေ့ တေးဂီတ ဖျော်ဖြေပွဲကျင်းပမည် ဖြစ်သည်။

နှစ်သစ်ကူးည ထားဝယ်ညနေခင်း

Dawei Watch

December 31, 2025

၂၀၂၅ ခုနှစ်မှာ မကြာမီကုန်ဆုံးတော့မည်ဖြစ်ပြီး ၂၀၂၆ သို့ကူး​ပြောင်း​တော့မည်ဖြစ်သည်။ ထားဝယ်မြို့၏၂၀၂၅ ခုနှစ် နှစ်သစ်ကူး ညနေခင်း မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည် ။

မောတောင်မြို့တွင် စစ်အုပ်စုရွေးကောက်ပွဲကို ဆန္ဒပြ

Dawei Watch

December 27, 2025

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မောတောင်မြို့တွင် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ယနေ့ (ဒီဇင်ဘာ ၂၇)မနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ ‘သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့’ ၊ ‘တရားမဝင် အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်’ ‘ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်’ စသည့် စာသားများကိုင်ဆောင်ကာ ဆန္ဒပြကြခြင်းဖြစ်သည်။ မောတောင်မြို့တည်ရှိသည့် တနင်္သာရီမြို့နယ်မှာ စစ်အုပ်၏ရွေးကောက်ပွဲ အပိုင်း ၂ တွင် ပါဝင်နေပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့၊ရပ်ကွက်၊ ကျေးရွာစာရင်းတွင် ပါဝင်သည်။ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသလို တနင်္သာရီမြို့နယ်အတွင်းရှိ နေရာအများစုကိုလည်း တော်လှန်ရေးအင်အားစုများက စိုးမိုးထိန်းချုပ်ထားသည်။

ထားဝယ် အသံတိတ်သပိတ်နေ့မြင်ကွင်း

Dawei Watch

December 10, 2025

၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့ ဒီဇင်ဘာလ ၁၀ရက်တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်‌ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။ ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်း ထားကြသည်။ အသံတိတ်သပိတ်နေ့ ယနေ့ နေ့လယ်ပိုင်း နှင့် မွန်းလွဲပိုင်း ထားဝယ်မြို့ နေရာအချို့ ၏ မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

ကံပေါက်ဒေသက အသံတိတ်သပိတ်နေ့မြင်ကွင်း

Dawei Watch

December 10, 2025

၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့(ဒီဇင်ဘာလ ၁၀)တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်‌ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားသဖြင့် ယနေ့ နံနက်ပိုင်း ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ ၊ ရွာလယ်ကျောက်တိုင်လမ်းဆုံ၏ အသံတိတ်သပိတ် မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။ လွန်ခဲ့သည့် သုံးရင်ခန့်ကတည်းက ကံပေါက်ဒေသရှိ ရပ်ကွက် ၊ ကျေးရွာ အများစု တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ဓာတ်ပုံပေးပို့ရန်အခက်အခဲလည်းကြုံနေရကြောင်းဒေသခံတို့ကဆိုသည် ။

လောင်းလုံးက အသံတိတ်သပိတ်

Dawei Watch

December 10, 2025

၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့(ဒီဇင်ဘာလ ၁၀)တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်‌ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားသဖြင့် ယနေ့ လောင်းလုံးမြို့နယ် ကျေးရွာချို့၏ အသံတိတ်သပိတ် မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

ထားဝယ်မြို့ မှ မြင်တွေ့ရသည့် နတ်တော်လပြည့်ည၏ စူပါမွန်းဖြစ်စဉ်

Dawei Watch

December 4, 2025

ကမ္ဘာနှင့် ပိုမိုနီးကပ်လာသည့် လ ကို ဒီဇင်ဘာလ ၄ ရက်နေ့နှင် ၅ ရက်နေ့တို့တွင် တွေ့မြင်ရမည်ဖြစ်ရာ ထားဝယ်မြို့ ၊ လောကမာရဇိန်ဘုရားကြီး ဝင်းအတွင်းမှ ယနေ့ နတ်တော်လပြည့်နေ့ ညဦးပိုင်း၌ တွေ့ရသည့် စူပါမွန်း၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ ပုံမှန်ထက် အလွန်ကြီးမားစွာမြင်တွေ့ရမည့် စူပါမွန်းဖြစ်စဉ်ကို ယနေ့နှင့် ဒီဇင်ဘာလ ၅ ရက်ညတွင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက မြင်တွေ့ရမည်ဖြစ်ကြောင်း နက္ခတ်တာရာ လေ့လာသူများကဆိုသည် ။ ပြီးခဲ့သည့် အောက်တိုဘာလက ယခု ၂၀၂၅ ခုနှစ်၏ ပထမဆုံးအကြိမ် စူပါမွန်းဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလ၌ ဒုတိယမြောက် စူပါမွန်းဖြစ်စဉ် ဖြစ်ပေါ်ခဲ့သေးသည်။ စူပါမွန်း ဖြစ်စဉ် ဆိုသည်မှာ လသည် ကမ္ဘာနှင့် ပိုမိုနီးကပ်သည့် “ပယ်ရီဂျီး (Perigee)” ဟုခေါ်သော အနီးဆုံးအမှတ်ကို […]