စခန်းကြီး ပါဝါရဏာဂိုဏ်းချုပ် မော်ကြီးဆရာတော် ရုပ်ကလာပ် မီးသင်္ဂြိုဟ်ပူဇော်
Dawei Watch
March 3, 2026ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ်အတွင်းရှိ သံဃာတော်များ စုစည်းထားသည့် စခန်းကြီး သုဓမ္မာပါဝါရဏာဂိုဏ်း၏ ဆယ့်တစ်ပါးမြောက် ဂိုဏ်းချုပ် မော်ကြီးဆရာတော်၏ ရုပ်ကလာပ် မီးသင်္ဂြိုဟ်သည့် နောက်ဆုံး အန္တိမအဂ္ဂိဈာပနကို တပေါင်းလပြည့် (မတ်လ ၂ ရက်) ညက ပြုလုပ်ခဲ့သည်။ မော်ကြီးဆရာတော်သည် စခန်းကြီးသုဓမ္မာဂိုဏ်း၏ ဂိုဏ်းခွဲဖြစ်သည့် ဟိန္ဇဲ (ကံပေါက်ဒေသ) သုဓမ္မာဂိုဏ်းတွင်လည်း အကြီးအကဲဖြစ်သည်။ ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာ မော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တခေမာဝံသသည် သက်တော် ၉၄ နှစ်၊ သိက္ခာတော် ၇၄ ဝါ အရွယ်၌ ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက် နံနက် ၆ နာရီတွင် လူကြီးရောဂါဖြင့် ပျံလွန်တော်မူခြင်းဖြစ်သည်။ ယင်းနောက် ရုပ်ကလာပ်ကို နိဗ္ဗာန်စံကျောင်းဖြင့် ဆယ်လကြာထားရှိပြီး ယခု အန္တိမဈာပနကို […]


