သရက်ချောင်း ဝင်းဝနယ်မြေရဲစခန်းတိုက်ခိုက်ခံရ၊ ကားရာချီပိတ်မိ
Dawei Watch
April 18, 2025သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်နေသဖြင့် ကားရာနှင့်ချီပိတ်မိနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၆ နာရီခန့်မှ ၉ နာရီခန့်အထိ တစ်ကြိမ်၊ နံနက် ၁၁ နာရီခွဲခန့်မှ နေ့လယ် ၁၂ နာရီကျော်အထိ တစ်ကြိမ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ထားဝယ်-မြိတ် အတက်အဆင်းကားများ လမ်းတွင် ပိတ်မိနေကြောင်း ၎င်းတို့က ဆိုသည်။ “ပစ်တာကတော့ မနက် ကတည်းကပဲ။ တော်တော်များတယ်၊ လက်နက်ကြီးရော၊ လက်နက်ငယ်တွေရောပဲ။ ကားကြီး ကားငယ် အကုန်လုံး ပိတ်မိနေတယ်။ ကျွန်တော်တို့ရွာက လူတွေလည်း တစ်ယောက်မှ မရှိကြတော့ဘူး” ဟု ဝင်းဝနှင့် ရွာချင်းကပ်နေသည့် မင်းဒပ်ရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။ ဝင်းဝနယ်မြေရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA […]


