စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်၍ အရပ်သား ၂ ဦးသေဆုံး
Dawei Watch
May 18, 2024အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဖက်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် အနီးအနားရှိကျေးရွာများကို ပစ်ခတ်ခဲ့သလို MI2 ရဟတ်ယာဉ်ဖြင့်လည်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ အရပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရသိရသည်။ စကခ ၈ သည် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၀ ခုနှင့် အမြောက်တပ်များကို စီမံကွပ်ကဲရပြီး ယင်းဌာနချုပ်သည် စစ်ကောင်စီအရာရှိအများစု နေထိုင်သည့်နေရာဖြစ်သည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ဆန်များသည် ထားဝယ်မြို့နယ်အတွင်းရှိ တလိုင်းတောင်ရွာ၊ တောင်ပို့ရွာနှင့် ကသန်းရွာတို့တွင် ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ” တောင်ပို့ရွာက အုတ်ဖိုမှာလက်နက်ကြီးကျတယ်။ မိသားစုသုံးယောက်မှာ အဖေနဲ့သမီး ကျည်ထိပြီးဆုံးသွားတယ်။ အမေကတော့ဒဏ်ရာရတယ် “ ဟု တလိုင်းတောင်ရွာသားတစ်ဦးက ပြောသည်။ ယင်းအပြင် တောင်ပို့ကျေးရွာတွင် နောက်ထပ် အမျိုးသမီးနှစ်ဦးလက်နက်ကြီးထိမှန်၍ […]