ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်းတိုက်ပွဲဖြစ်၊ စစ်ကောင်စီ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်
Dawei Watch
April 27, 2025ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာရှိ နဘုလယ်ဒေသ၌ ယနေ့ ဧပြီလ ၂၇ ရက်တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ လဲရှောင်ရွာ၏ အနောက်မြောက်ဘက်တွင် ယနေ့ နံနက် ၈ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များကြား နှစ်ဖက်တိုက်ပွဲဖြစ်ကြောင်း နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ တိုက်ပွဲဖြစ်ပွားနေချိန် နေ့လယ် ၁၂ နာရီကျော်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း နဘုလယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ “လေယာဉ်လာချိန် ကျွန်တော် သစ်ပင်အောက်မှာ ပုန်းနေတယ်။ တော်တော်ကြမ်းတယ် တိုက်ပွဲက။ ၈ နာရီလောက် ကတည်းကဖြစ်နေတာ လေယာဉ်မလာခင် ၁၀ နာရီလောက်မှ နည်းနည်း ငြိမ်တယ်။ အခုလည်း တစ်ချက်တစ်ချက် ပစ်နေတုန်း” ဟု […]


