ကံပေါက်ဒေသခံ CDM ဆရာမနှစ်ဦး ထောင် ၁၀နှစ်ချမှတ်ခံရ
Dawei Watch
May 30, 2024ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံ CDM ဆရာမနှစ်ဦးကို စစ်ကောင်စီက မေလ ၂၈ ရက်တွင် ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ကံပေါက်ရွာ လှည်းကုန်းရပ်ကွက်တွင်နေထိုင်သည့် ဒေါ်နီလာစန်းနှင့် မင်းသားရွာတွင်နေထိုင်သည့် ဒေါ်ကေဂျာဦးတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ ည (ငွေကြေးထောက်ပံ့မှု) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ပုဒ်မနှစ်ခုဖြင့် တရားစွဲကာ ထားဝယ်ခရိုင်တရားရုံးက ထောင် ၁၀ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ပုဒ်မ ၂ခု နဲ့ ထောင်ဆယ်နှစ်ချလိုက်တာ ဟုတ်ပါတယ်” ဟု ဒေါ်ကေဂျာဦး မိသားစုဝင်တစ်ဦး ပြောကြားချက် ကိုးကား၍ မိတ်ဆွေတစ်ဦးက ပြန်လည်ပြောဆိုသည်။ ဒေါ်ကေဂျာဦးသည် ဘုရားမဲရွာ အမက မူလတန်းကျောင်းအုပ် ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်နီလာစန်းသည် လှည်းကုန်းရပ်ကွက် အမကမူလွန်တွင် အလယ်တန်းပြ […]