ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်မြို့အနီးရှိ တံတားငယ်တစ်စင်းကို စစ်ကောင်စီတပ်ဖျက်ဆီး

Dawei Watch

May 10, 2025

ထားဝယ်မြို့နယ် တောနားကျေးရွာအနီးရှိ ကွန်ကရစ်တံတားငယ်တစ်စင်းကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၀ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါတံတားမှာ ရှမ္မတွင်းနှင့် တောနားကျေးရွာ ရွာချင်းဆက် တံတားငယ်ပြီး ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ် အင်အား တစ်ရာဝန်းကျင် ကားနှစ်စီးဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ကွန်ကရစ်တံတားကို ဘက်ဟိုးနဲ့ လာဖျက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ တံတားငယ်ကို ဖြိုချကာ မြေကြီးကိုပါတူးကာ ဖျက်ဆီးလိုက်သဖြင့် လမ်းပိုင်း ဖြတ်တောက်သွားပြီး ကား၊ ဆိုင်ကယ် စသည် မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။ ယခုဖျက်ဆီးခံရသော တံတားငယ်သည် ထားဝယ်မြို့အဝင်၌ရှိ‌သော ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်နှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ တံတားကို ဖျက်ဆီးနေချိန်တွင် […]

ကမြောကင်းတံတားဂိတ် ဖွင့်ချိန်နောက်ကျ၍ ဈေးသည်များအခက်ကြုံ

Dawei Watch

May 9, 2025

ထားဝယ်မြို့နှင့်လောင်းလုံးမြို့ကို ဖြတ်သန်းဆက်သွယ်ထားသည့် ထားဝယ် မြစ်ကူးတံတားဖြစ်သော ကမြောကင်းတံတားဖွင့်ချိန်သည် ယခုရက်ပိုင်း နောက်ကျနေခြင်းကြောင့် ထားဝယ်မြို့သို့ ဈေးဝယ်သွားသည့် နယ်ဈေးသည်များ အခက်အခဲ ကြုံနေရကြောင်း စုံစမ်းသိရှိရသည်။ ယခင်က ကမြောကင်းတံတားကို နံနက် ၅ နာရီခွဲခန့်တွင် ပုံမှန်ဖွင့်ပေးလေ့ရှိသော်လည်း မေလ ၈ ရက်နေ့မှစ၍ နံနက် ၆ နာရီ ကျော်မှ ဖွင့်လှစ်ပေးခြင်းကြောင့် ထားဝယ်မြို့ပေါ် ရှိ ကမ်းနားဈေးသို့ စျေးဝယ်ရန် သွားမည့်ဈေးသည်များ ယခုရက်ပိုင်းအခက်ကြုံနေရကြောင်း လောင်းလုံးမြို့နယ်မှ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။ “တံတားဖွင့်ချိန် နောက်ကျတော့ ဈေးဝယ်ရတာအဆင်မပြေဘူး။ ဈေးရောက်သွားတဲ့အချိန်မှာ ဈေးဝယ်စရာ စုံစုံလင်လင်မရတော့ဘူး”ဟု ယင်းအမျိုးသမီးကပြောသည်။ ပြီးခဲ့သည့် မေလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ထားဝယ်မြိုမှ သရက်ချောင်းမြို့နယ်ဘက်သို့ သွားသည့် လမ်းပိုင်းတွင်ရှိသော ထားဝယ်မြစ်ကူးတံတား […]

ထားဝယ်တွင် ကွမ်းသီးခြောက် အမြင့်ဆုံးစျေးရောက်

Dawei Watch

May 9, 2025

ထားဝယ်တွင် ကွမ်းသီးနုရာသီအစ မေလ ပထမပတ်အတွင်း ကွမ်းသီးခြောက် အခြမ်း တစ်ပိသာ နှစ်သောင်းခွဲကျပ်အထိ ဖြစ်လာကြောင်း ထားဝယ်မြို့ရှိ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။ ပြီးခဲ့သည်နှစ်က ထားဝယ်ဒေသ သရက်ချောင်းနှင့် ရေဖြူမြို့နယ်များတွင် ကွမ်းသီးနု စျေးကောင်းသည့်အတွက် ခူးယူ ရောင်းချ သူများသဖြင့် ကွမ်းသီးခြောက် ထွက်ရှိမှုနည်းပြီး စျေးတက်နေခြင်းဖြစ်ကြောင်း ထာဝယ်မြို့ ရှိ ကွမ်းသီးပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ကွမ်းသီးခြောက်မှာ တောင်သူများလက်ထဲတွင် ကုန်ခါနီးဖြစ်နေပြီ ဖြစ်သဖြင့် လတ်တလောတွင် စျေးပိုမိုတက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲသည့် ဇန်နဝါရီလနှင့် ဧပြီလကြားတွင် ကွမ်းသီးခြောက်အခြမ်း တစ်ပိသာ ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ကြားတွင်သာ စျေးရှိခဲ့ကြောင်း အထက်ပါလုပ်ငန်းရှင်က ပြောဆိုသည်။ “အခုစျေးက အမြင့်ဆုံးလို့ ပြောလို့ရမယ်။ ပြီးခဲ့ရာသီက ကွမ်းသီးနု ဆွတ်ရောင်းကြတာများလို့ […]

စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ရေဖြူ၊ နတ်ကြီးစင်ရွာသားများ နေရပ်စွန့်ထွက်ပြေး

Dawei Watch

May 7, 2025

ဟိန္ဇဲပင်လယ်ဝ ရေပြင်တွင် ရောက်ရှိနေသော စစ်ကောင်စီ သင်္ဘောများက ယနေ့ မေလ ၇ ရက် နံနက်ပိုင်းတွင် ရေဖြူမြို့နယ် ၊ နတ်ကြီးစင်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခြင်းဖြစ်ပြီး နတ်ကြီးစင်ရွာ အနောက်ဘက် လယ်ကွင်းပြင်နှင့် ဘောလုံးကွင်းတို့တွင် လက်နက်ကြီးကျည်ဆန်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကဆိုသည်။ ” စိန်ဘုံဘက်ကနေ နတ်ကြီးစင်ဘက်မှာ လာရှောင်နေတဲ့ ရွာသားတွေလည်း နေမရတော့ဘူး ။ ထပ်ပြီးရှောင်နေရတယ်။ လက်နက်ကြီးက တစ်ဖက်တည်း ပဲ ပစ်နေတာ ။ ရွာထဲမှာ သက်ကြီးပိုင်းလောက်ပဲ ကျန်ပြီ “ ဟု နတ်ကြီးစင်ဒေသခံတစ်ဦးကပြောသည် ။ ဧပြီလတတိယပတ်မှစ၍ ရေဖြူမြောက်ပိုင်းကျေးရွာများတွင် စစ်ရေးတင်းမာနေသဖြင့် စိန်ဘုံ ၊ ဘုရားသုံးဆူ ၊ […]

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ထားဝယ်ရှမ္မတွင်းရွာတွင် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

Dawei Watch

May 7, 2025

ထားဝယ်မြို့နယ်၊ ရှမ္မတွင်းရွာတွင် ယနေ့ မေလ ၇ ရက် နေ့လယ်ပိုင်း၌ စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ဆန် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ ကလေးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများကပြောသည် ။ ထားဝယ်မြို့ အဝင်အထွက် ဂိတ်တစ်ခုဖြစ်သည့် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် ယနေ့ နံနက်အစောပိုင်း၌ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ က ရှမ္မတွင်းရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ” ဆယ်ကျော်သက် ယောက်ျားလေး တစ်ယောက် ကကျည်စမှန်ပြီး သေသွားတယ် ။ နောက်ထပ် အသက် ဆယ်နှစ်အောက် မိန်းကလေးတစ်ယောက်လည်း ဒဏ်ရာရသေးတယ် ။ မနက်က ပစ်ခံရပြီးကတည်းက စပြီး ပေါက်တိုင်းဂိတ်က လက်နက်ကြီးတွေ လျှောက်ပစ်နေတာ “ ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည် ။ ယင်းအပြင် […]

ထားဝယ်မြို့ ပေါက်တိုင်းတံတားစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီ လေယာဉ်ပျံဝဲ

Dawei Watch

May 7, 2025

ထားဝယ်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည့် ပေါက်တိုင်းတံတားဂိတ် ယနေ့ မေလ ၇ ရက် နံနက်အစောပိုင်းတွင် တော်လှန်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများနှင့် ပိတ်မိနေသည့် ကားသမားများက ပြောသည်။ မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ အဆိုပါဂိတ်တွင် နံနက် ၆နာရီဝန်းကျင်မှ ၇ နာရီဝန်းကျင်အထိ တစ်နာရီနီးပါးကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်သံနှင့် လက်နက်ကြီးပစ်ခတ်သံများကြားရကြောင်း တံတားအနီးရှိ ကျောက်ရပ်ရွာတစ်ဦးက ပြောသည်။ “၆ နာရီထိုးဖို့ ၅ မိနစ်အလိုမှာ စပစ်တယ်။ အသံက ဆက်တိုက်ကြားလိုက် စဲသွားလိုက်နဲ့ ၇ နာရီထိုးဖို့ ၁၅ မိနစ်အလိုမှ ပစ်သံ လုံးဝစဲသွားတယ်။ လက်နက်ကြီးအသံလည်း တော်တော်ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းအပြင် ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း ကျောက်ရပ်ကျေးရွာအုပ်စုအနီးရှိ ရှမ္မတွင်းကျေးရွာအုပ်စုဘက်တွင်လည်း စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ်ဟု ယူဆရသည့် […]

ထားဝယ်ခရိုင်တွင် စစ်ဘေးရှောင်များ ငှက်ဖျား၊ တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျော အဖြစ်များနေ

Dawei Watch

May 6, 2025

ထားဝယ်ခရိုင်က စစ်ဘေးရှောင်အများစု ငှက်ဖျားဦ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်၊ဝမ်းလျောရောဂါများ ဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များနှင့် ဥဩဆေးတပ်ဖွဲ့ ထားဝယ်(ပကဖ)ထံသိရသည်။ ဧပြီလတွင် ငှက်ဖျား၊ တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျောဖြစ်သူ သုံးရာကျော်ရှိပြီး ထိုအထဲတွင် ဝမ်းပျက်ရောဂါဖြစ်သူ ၆၇ ဦး၊ တုပ်ကွေး ၃၆ ဦး၊ ငှက်ဖျားရောဖြစ်သူ ၂၄ ဦးနှင့် ရိုးရိုးဖျားနာသူ ၂၁၅ ဦးရှိကြောင်း ဥဩဆေးတပ်ဖွဲ့ထားဝယ်(ပကဖ)၏ စာရင်းများအရ သိရသည်။ “ဝမ်းပျက်ဝမ်းလျောကတော့ တစ်ယောက်နဲ့ တစ်ယောက်ကူးစက်သလိုမျိုးရှိတယ်။ အိမ်တစ်ဆောင်မှာ ဝမ်းပျက်ဝမ်းလျောသူ တစ်ယောက်ရှိရင် နောက်ထပ်တစ်ယောက်လည်း အဲ့လိုမျိုးကူးစက် ဖြစ်ပွားတာရှိတယ်။ ဒီရောဂါတွေဖြစ်ပြီး သေဆုံးတာအထိတော့မရှိဘူးခင်ဗျ” ဟု ယင်းအဖွဲ့က တာဝန်ရှိသူက ဆိုသည်။ အထက်ပါစာရင်းမှာ အရှေ့တောဒေသကျေးရွာသုံးရွာမှ ဒေသခံများအပြင် ယင်းဒေသတွင် တာဝန်ကျနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟုယင်းအဖွဲ့က ဆိုသည်။ “ကျွန်တော်တို့ဆီမှာ ငှက်ဖျားဖြစ်နေကြတယ်၊ […]

ထားဝယ်မြို့နယ်၊ အညာဖျားရွာကို လေယာဉ်ဖြင့်ဗုံးကြဲ၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

May 4, 2025

ထားဝယ်မြိုနယ်၊ အညာဖျားရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။ ယနေ့၊ နေ့လယ် ၁၂ နာရီခန့်တွင် အညာဖျားရွာကို ဗုံးတစ်လုံးကြဲချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။ “တိုက်ပွဲမဖြစ်ဘူး၊ ဗုံးလာကြဲတာ နေ့လယ် ၁၂ နာရီလောက်မှာလာကြဲတယ်၊ ရွာထဲကိုကျတယ်လို့ပဲပြောတယ်၊ မိန်းမကြီးတစ်ယောက်ထိတယ် လက်တစ်ဖက်ပြတ်တယ်လို့ ပြောတယ်” ဟု အညာဖျားကျေးရွာအုပ်စုက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ အသက် ၄၀ ကျော်အရွယ် ဒေါ်သန်းအေး ဗုံးစထိမှန်ပြီး လက်တစ်ဖက်ပြတ်သွားသည်ဟု အရှေ့တောအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကလည်း ပြောဆိုသည်။ “လေယာဉ်အမျိုးအစားတော့ မသိသေးဘူး၊ ဒဏ်ရာရတဲ့အမျိုးသမီးကို ထားဝယ်ဆေးရုံကြီးကိုပို့လိုက်ပြီ” ဟု ၎င်းကပြောသည်။ ဧပြီလ ၂၃ ရက် မွန်းလွဲ ၁ နာရီကလည်း […]