ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်ခရိုင်ရှိ ကျောင်းသား သုံးသောင်းကျော်ကို ကျောင်းသုံးပစ္စည်း လှူဒါန်း

diz_admin

January 22, 2020

ထားဝယ်ခရိုင်အတွင်းရှိ ကျောင်းသူ ကျောင်းသား သုံးသောင်းကျော်ကို တရုတ်အခြေစိုက် အဖွဲ့အစည်း တစ်ခုက လွယ်အိတ်နှင့် ကျောင်းသုံးစာရေး ကိရိယာများ လာရောက်လှူဒါန်းခဲ့သည်။ တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (China Foundation for Poverty Alleviation Myanmar Office (CFPA))က လာရောက် လှူဒါန်းခြင်းဖြစ်ပြီး KG မှ စတုတ္ထတန်း အထိ ကျောင်းသားကျောင်းသူများကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါဖောင်ဒေးရှင်းမှ စီမံကိန်း အရာရှိ ဦးပြည့်ဖြိုးကျော်က ရှင်းပြသည်။ လက်ရှိတွင် သရက်ချောင်းမြို့နယ်၊ ထားဝယ် မြို့နယ်များတွင် လှူဒါန်းခဲ့ပြီးဖြစ်ပြီး ဇန်နဝါရီလ တတိယအပတ်တွင် ရေဖြူမြို့နယ်နှင့် လောင်းလုံး မြို့နယ်တွင် အပြီးသတ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင် လေးမြို့နယ်တွင် ပထမဆုံးအကြိမ် လာရောက် […]

လုံခြုံဘေးကင်းသော စာသင်ကျောင်းအတွက် လမ်းညွှန်စာအုပ်ထုတ်ပြန်

diz_admin

January 22, 2020

အခြေခံပညာကျောင်းများကို လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင် ကျောင်းဆောင်လုပ်ရာတွင် လုပ်ဆောင်ရ မည့် လမ်းညွှန်စာအုပ်ကို ထားဝယ်မြို့ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၁၅ ရက် က မိတ်ဆက်ထုတ်ပြန်ခဲ့သည်။ လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆိုသည်မှာ ကျောင်းသား၊ ကျောင်းသူများ ရုပ်ပိုင်းဆိုင်ရာအား ဖြင့်ဘေးကင်းပြီး စိတ်ပိုင်းဆိုင်ရာအား ဖြင့် လုံခြုံစိတ်ချရအောင် ဖန်တီးဆောက် လုပ်ထားသည့် စာသင်ကျောင်းများကို ဆိုလိုကြောင်း လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။ KG မှ တစ်ဆယ်နှစ်တန်း ပညာရေး သင်ရိုးအသစ်ကို ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်နေသည်။ ယင်းသင်ရိုးသစ်နှင့် ကိုက်ညီသည့် ကျောင်းဆောင်များလိုအပ်ချက်ရှိလာ သည့်အပြင် ကျောင်းသားဦးရေပါ တိုးလာနေသည့်အတွက်ကြောင့် ယင်းကျောင်း များကို ဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ် ကြောင်း လေ့လာဆန်းစစ်အကဲဖြတ်ရေး အဖွဲ့ သုတေသနတာဝန်ခံ ဦးခင်အောင် က ပြောသည်။ […]

ပြည်နယ်နှင့်တိုင်း ပြေးခုန်ပစ် တံခွန်စိုက်ဒိုင်းရ ကစားသမားများကို ကျပ်သိန်းတစ်ရာကျော် ဆုချီးမြှင့်

diz_admin

January 21, 2020

တိုင်းနှင့်ပြည်နယ် အသက်နှစ် ဆယ့်ငါးနှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ တွင် စုပေါင်းတံခွန်စိုက်ဆုနှင့် အမျိုး သမီးတံခွန်စိုက် ဒိုင်းဆုနှစ်ခုကို ဆွတ်ခူး ပေးခဲ့သည့် တနင်္သာရီတိုင်း ကစားသမား နှင့် နည်းပြအုပ်ချုပ်သူများကို ဆုငွေ ကျပ်သိန်းတစ်ရာကျော် ချီးမြှင့်ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။ ယင်းပြေးခုန်ပစ်အဖွဲ့ အုပ်ချုပ်သူ နှင့် နည်းပြ စုစုပေါင်း ငါးဦးကို တစ်ဦး လျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ကျပ်ဆယ် သိန်း၊ ဆုတံဆိပ်ရ ကစားသမား ၁၇ ဦးကို ကျပ် ၉၃ သိန်း စုစုပေါင်း တစ်ရာသုံးသိန်းကျပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ ကစားသမားများကို ရွှေတံဆိပ် တစ်ခုလျှင် ကျပ်ငါးသိန်း၊ ငွေတစ်ခုလျှင် ကျပ်သုံးသိန်း၊ ကြေးတစ်ခုလျှင် ကျပ် […]

ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ရန်ကုန် ဆုအများဆုံးရ

diz_admin

January 21, 2020

ထားဝယ်မြို့တွင် ကျင်းပခဲ့သည့် တိုင်းနှင့်ပြည်နယ်ပေါင်းစုံ ဖိတ်ခေါ် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ရန်ကုန်မှ ကစားသမားများ ဆုအများဆုံးရရှိခဲ့ ကြောင်းတနင်္သာရီ တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ဆပ်ကော်မတီ ထံမှ သိရသည်။ ပြိုင်ပွဲအမျိုးအစား လေးမျိုးတွင် အသင်းအလိုက်ပြိုင်ပွဲနှင့် အလွတ်တမ်း ပြိုင်ပွဲ၊ အသက် ၅၄ နှစ်အထက်ပြိုင်ပွဲ များတွင် ရန်ကုန်မှ ၇ ဆုရရှိကာ ပြည်မြို့ မှ နှစ်ဆု၊ ထားဝယ်မှ တစ်ဆု၊ မြိတ်မှ တစ်ဆု အသီးသီးရရှိခဲ့ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။ “(ထားဝယ်က) ဆုရသူတော့ နည်း တယ်။ ကျွန်တော်တို့ ဆက်လက်ကြိုးစားဖို့ လိုအပ်သေးတယ်ပေါ့။ ထားဝယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမား ကလည်း နည်းတယ်”ဟု ဦးသန့်ဇင်က ဆိုသည်။ အဆိုပါပြိုင်ပွဲတွင် မွန်၊ ကရင်၊ ရှမ်း၊ ရန်ကုန်၊ […]

ထားဝယ် ပန်းချီ၊ ပန်းပု ပြခန်း ဆောက်လုပ်မှု တစ်ဝက်ပြီးစီး

diz_admin

January 21, 2020

ထားဝယ်မြို့ ကမ်းနားလမ်း ယဉ်ကျေးမှု ပြတိုက်၏ အနောက်ဘက်တွင် ဆောက်လုပ်နေသည့် ပန်းချီ၊ ပန်းပု ပြခန်းမှာ တစ်ဝက်ခန့် ပြီးစီးနေပြီဖြစ် ကြောင်း ထားဝယ်ခရိုင် ပန်းချီ၊ ပန်းပု အစည်းအရုံး နာယက ဦးထွန်းကြည်က ပြောသည်။ ပေရှစ်ဆယ်၊ ခြောက်ဆယ်မြေကွက် ပေါ်တွင် ဆောက်လုပ်နေသည့် ယင်းပြခန်း သည် လက်ရှိတွင် ခေါင်မိုးနှင့် ဝင်းခြံ ကာရံသည့် လုပ်ငန်း ပြီးစီးနေပြီဖြစ်ကြောင်း ဦးထွန်းကြည်က ပြောသည်။ ယင်းပြခန်းကို တနင်္သာရီတိုင်းကို လာရောက်လည်ပတ်သည့်သူများ လေ့လာ နိုင်ရန်အတွက် ပန်းချီ၊ ပန်းပုများကို ပြသနိုင်ရန်နှင့် ပန်းချီ၊ ပန်းပုပညာ သင်တန်းများ သင်ကြားနိုင်ရန်အတွက် ရည်ရွယ်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ဦးထွန်းကြည်က ပြောသည်။ “ပန်းချီ၊ ပန်းပုတွေကို ပြလည်းပြ မယ်၊ ရောင်းလည်းရောင်းမယ်၊ ပညာလည်း ပေးမယ်ပေါ့။ […]

မတ်လကုန်အထိ ကျောင်းဖွင့်မည့် အပေါ် ထားဝယ်ပညာရေးကောလိပ် ကျောင်းသားများ ဖဲကြိုးစိမ်းလှုပ်ရှားမှု ဖြင့် ကန့်ကွက်

diz_admin

January 21, 2020

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုထားသည့် မတ်လကုန်အထိ အခြေခံကျောင်းများ ဖွင့်လှစ်မည်ဆို သည့်အပေါ် ထားဝယ်ပညာရေး ကောလိပ်ကျောင်းသား၊ ကျောင်းသူများ က ဇန်နဝါရီလ ၁၃ ရက်တွင် ဖဲကြိုးစိမ်း လှုပ်ရှားမှုဖြင့် ကန့်ကွက်လိုက်ကြသည်။ ထားဝယ်ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂသည် အောက် ခြေတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနှင့် တစ်သားတည်းရှိ ကြောင်းနှင့် အောက်ခြေဆန္ဒမပါသော ပညာရေးဝန်ကြီးဌာန၏ လုပ်ရပ်အား ကန့်ကွက်လိုသောကြောင့် ဖဲကြိုးစိမ်း လှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ကြောင်း အထက်ပါသမဂ္ဂ ဥက္ကဋ္ဌ ကိုထွန်းလွင်ဦး က ပြောသည်။ “ဆယ်တန်းစာမေးပွဲဖြေပြီးမှ ကျန် တဲ့အတန်းတွေကဖြေရမယ်ဆိုတဲ့ဟာက ဒါမဖြစ်နိုင်တဲ့ကိစ္စဗျ။ ကျောင်းသားတွေရဲ့ အနားယူချိန်လဲ နည်းသွားမယ်။ နွေရာသီမှာဆိုရင် သင်တန်းတွေခေါ်ယူ မယ်ဆိုရင် ဆရာ၊ ဆရာမတွေမှာ အားလပ်ရက်မရှိဘဲ ဖြစ်နေလိမ့်မယ်”ဟု ကိုထွန်းလွင်ဦးက ဆိုသည်။ ယင်းဖဲကြိုးစိမ်းလှုပ်ရှားမှုကို […]

လောင်းလုံးမြို့တွင်ရောင်စုံပလက်ဖောင်း ပေလေးထောင်ကျော်ခင်းမည်

diz_admin

January 21, 2020

လောင်းလုံးမြို့အတွင်း ရောင်စုံကွန် ကရစ်တုံးခင်းထားသည့် ပလက်ဖောင်း ပေ လေးထောင်ကျော်ကို ယခုနှစ် ဖေဖော်ဝါရီလအပြီး ခင်းရန် မျှော်မှန်းထား ကြောင်း လောင်းလုံးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ လောင်းလုံးမြို့အဝင် တံတားထိပ်မှ ဝတ်တက်ကျောင်းလမ်းဆုံအနီးဝန်းကျင် အထိ အရှည် ၄၀၇၀ ပေ ခင်းနေကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိဦးကျော်ဌေးက ဆိုသည်။ “အထကကျောင်းနား မရောက်ခင် နားအထိပါ”ဟု ဦးကျော်ဌေးက ပြောသည်။ ယင်းရောင်စုံကွန်ကရစ်တုံးခင်းခြင်း လုပ်ငန်း အပါအဝင် ပျက်စီးနေသည့် ပလက်ဖောင်းများ ပြုပြင်ခြင်းအတွက် ငွေကျပ်သိန်း ၉၀၀ ကျော် သုံးစွဲမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရောင်စုံကွန်ကရစ်တုံးဖြင့် ပလက် ဖောင်းခင်းသည့် လုပ်ငန်းကို ဘတ်ဂျက် လအစဖြစ်သည့် အောက်တိုဘာလတွင် စည်ပင်အဖွဲ့ကပင် တာဝန်ယူလုပ်ဆောင် နေကြောင်း ယင်းအဖွဲ့ထံမှ […]

တနင်္သာရီတိုင်းအတွင်း မီးလောင်မှုမြင့်တက်

diz_admin

January 21, 2020

တနင်္သာရီတိုင်းအတွင်း ၂၀၁၉ ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုစုစုပေါင်း ၇၉ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ပိုများလာခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ ၂၀၁၈ ခုနှစ်တွင် ၄၈ ကြိမ်ရှိခဲ့သည်။ “ဘာကြောင့် အဖြစ်များလဲဆိုရင် လျှပ်စစ်ကြောင့် ဖြစ်တာများတယ်။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလုပ် ကိုင်လာတာ အဓိက စီးပွားရေးတိုးတက် လာတယ်ဆိုတဲ့ သဘောပေါ့။ လူနေ အိမ်ခြေထူထပ်လာတာလည်းပါတယ်”ဟု အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမျိုးဝင်းက ဆိုသည်။ လျှပ်စစ်မီးအသုံးပြုရာတွင် ဗဟုသုတ ရှိရန်လိုအပ်ပြီး ဟောင်းနွမ်းဆွေးမြေ့ နေသည့် လျှပ်စစ်ကြိုးများကို အသုံးပြုခြင်း၊ အောက်ခံပြားမပါဘဲ ခြင်ဆေးခွေထွန်းခြင်း၊ ဥယျာဉ်ခြံမြေနှင့် လယ်ယာ များကို မီးရှို့ရာတွင် မီးတားသည့်နေရာများမလုံလောက်ခြင်း၊ လူနေအိမ်ထူထပ် လာခြင်း၊ စက်ရုံအလုပ်ရုံများတိုးတက်လာခြင်း၊ မီးစလောင်ချိန်တွင် […]