တိုက်ပွဲရှောင် နေရပ်ပြန် တိုင်းရင်းသားများအတွက် သွပ်ပြားနှင့် အခြားပစ္စည်းများတိုင်းအစိုးရထောက်ပံ့
diz_admin
March 3, 2020တနင်္သာရီတိုင်းအတွင်းရှိ တိုက်ပွဲ ရှောင်နေရပ်ပြန် ကရင်တိုင်းရင်းသား များအတွက် တိုင်းအစိုးရက ငွေကြေးနှင့် အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး တိုင်း ရင်းသားရေးရာဝန်ကြီးထံမှ သိရသည်။ အဆိုပါဒေသသို့ သွားရောက်ချိန် တွင် ဝါးအိမ်အချို့ကို တာလပတ်မိုး ထားသည်ကို တွေ့ရသဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ပစ္စည်းများ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးစောလုကာက ပြောသည်။ ထီးခီးနယ်စပ်အနီးရှိ မောထကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာနေ နေရပ် ပြန်သူများအတွက် သွပ်ပြားအချပ်ရေ တစ်ထောင်နှင့် အခြားပစ္စည်းများကို ဖေဖော်ဝါရီလ ၁၆ ရက်က ထောက်ပံ့ ပေးခဲ့ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာက ဆိုသည်။ အထက်ပါ ကျေးရွာတစ်ရွာလျှင် အိမ်ထောင်စု ၃၀ ဝန်းကျင်ခန့်ရှိကြောင်း ၎င်းက ပြောသည်။ မည်သည့်ရွာတွင် မည်မျှထောက်ပံ့ပေးခဲ့သည်ကို […]


