မောင်းမကန်ရေပူစမ်းအနီးရှိ နေအိမ် ၆ လုံး အမှုဖွင့်ခံရ
diz_admin
April 28, 2020နာမည်ကျော် မောင်းမကန်ရေပူစမ်းအနီးရှိ နေအိမ်၆လုံးကိုပိုင်နက်ကျူးလွန်မှုဖြင့် တပ်မတော်ကအမှုဖွင့်ထားကြောင်း မောင်းမကန်နယ်မြေရဲစခန်းနှင့် ၎င်းအိမ်ပိုင်ရှင်များထံမှ သိရသည်။ မောင်းမကန်-ပန်းတင်အင်းရွာ လမ်းဘေးရှိ ယင်းအိမ်၆လုံးမှာ တပ်မတော်ပိုင်မြေဟုဆိုသည့် မောင်းမကန်ရေပူစမ်း မြေဧရိယာ ၁၉ ဒသမ ၆၇ ဧက အတွင်းကျရောက်နေသည်ဟုဆိုကာ ထွက်ခွာပေးရန် အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။ တပ်မတော်မှဗိုလ်ကြီးတစ်ဦးက ၎င်းမြေကိုတပ်မတော်က ပိုင်ဆိုင်ကြောင်း အထောက်အထားများပြသကာ တရားလိုပြုလာရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မောင်းမကန်နယ်မြေရဲစခန်းစခန်းမှူးက ပြောသည်။ “ပိုင်ဆိုင်မှုအထောက်အထားပြနိုင်ရင် ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)နဲ့ အမှုဖွင့်ပေးရတယ်။ အမှုတွဲတည်ဆောက်ဆဲပါ” ဟုစခန်းမှူးက ပြောသည်။ပြီးခဲ့သည့်ဧပြီလ၁၇ရက်က အိမ်ရှင်များကိုစခန်းသို့ခေါ်ယူစစ်မေးခဲ့ကြောင်း စခန်းမှူးက ပြောသည်။ အိမ်ရှင်အချို့ကမူ ၎င်းတို့အနေဖြင့် မြေပိုင်ဆိုင်မှုအထောက်အထားရှိသည့် မူလပိုင်ရှင်ထံမှလွန်ခဲ့သည့်၁၀ နှစ်ခန့်ကဝယ်ယူခဲ့ပြီး ၎င်းတို့ဝယ်ယူစဉ်က မြေစာရင်းနှင့် ရပ်ရွာတာဝန်ရှိသူများကတိုင်းတာပေးခဲ့ကြောင်း ပြောကြသည်။ ယင်းသို့ဝယ်ယူစဉ်က တပ်မတော်ကတပ်ပိုင်မြေဆိုင်းဘုတ်စိုက်ထူထားမှု မရှိသည့်အပြင်ခြံအတွင်းသစ်ပင်သီးနှံ စိုက်ပျိုးခြင်းနှင့်အိမ်ဆောက်နေထိုင်စဉ်အတွင်း တပ်မှ တစ်စုံတစ်ရာလာရောက်ဟန့်တားခြင်းမျိုးမရှိခဲ့ဘဲ […]


