လောင်းလုံးမြို့ပေါ်ဖဲဝိုင်း ဆိုင်ကယ် အစီးနှစ်ဆယ်ကျော်နှင့် လူတစ်ဒါဇင် ဖမ်းမိ
diz_admin
February 10, 2020လောင်းလုံးမြို့၊ “ဂ”ရပ်ကွက်ရှိ ဖဲဝိုင်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်း ဆီးခဲ့ရာ ဆိုင်ကယ်အစီးရေ နှစ်ဆယ်ကျော်နှင့် လူ ၁၂ ဦးကို ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါရပ်ကွက်ရှိ ရော်ဘာခြံအနီး ငှက်ပျောချောင်းအတွင်း ဖဲရိုက်နေစဉ် ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ဖမ်းဆီးရာ အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားခြောက်ဦးကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။ ဖဲဝိုင်းတွင်ဖမ်းမိသူ ၁၂ ဦးထံမှ စုစုပေါင်းငွေကျပ်သိန်း ၆၀ ကျော်၊ ဖုန်း ၇ လုံးနှင့် ဖဲထုပ်များ ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့ဝင်ဖမ်းစဉ် ဖဲဝိုင်းဘေးတွင် ရပ်ကြည့်နေသည့် လူ ၁၀ ဦးခန့် ထွက်ပြေးသွားကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထို့အပြင် […]