ကမ်းဝေးရေလုပ်သားများကို ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းပေးမည်
diz_admin
June 29, 2020ကမ်းဝေးရေလုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တိုင်းအတွင်းရှိ ခရိုင်အလိုက် သင်တန်းပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ လက်ရှိ ငါးမဖမ်းရရာသီသတ်မှတ်ထားသည့် အချိန်သုံးလတွင် သင်တန်းပေးမည်ဖြစ်ပြီး စုစုပေါင်း ၁၆ ကြိမ်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးတင့်အောင်က ဆိုသည်။ ထားဝယ်တွင် နှစ်ကြိမ်၊ မြိတ်နှင့် ကော့သောင်းတို့တွင် ခြောက်ကြိမ်စီ သင်တန်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ သင်တန်းတွင် ငါးလုပ်ငန်းဦးစီး ဌာန၊ မီးသတ်တပ်ဖွဲ့၊ အလုပ်သမားဌာန အစရှိသည့် ဌာနများက အသီးသီးပို့ချ မည်ဖြစ်ကြောင်း ဦးတင့်အောင်က ဆိုသည်။ ငါးလုပ်ငန်းဦးစီးဌာနက မျိုးသုဉ်း ရှားပါးနေသည့် ရေသတ္တဝါအကြောင်း၊ ငါးလုပ်ငန်းဥပဒေ၊ ပင်လယ်ပြင်နေထိုင် လုပ်ကိုင်စဉ် အသက်အန္တရာယ် ကင်းဝေးရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက် များ၊ VMS စနစ်အကြောင်း စသည့် အချက်များကို ပို့ချမည်ဖြစ်ကြောင်း […]


