BREAKING
October 20, 2025

ထားဝယ်

GGS မှ ဂက်(စ်)ဖိုးငွေကို နောက်ကျပြီးမှ မြန်မာငွေဖြင့် ပေးသွင်းမှုကြောင့် နိုင်ငံတော်မှ ဒေါ်လာ ၅ သိန်းကျော် နစ်နာ

diz_admin

February 26, 2020

ထားဝယ်ခရိုင်တွင် ဂက်စ်ဖြင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခဲ့သော GGS ကုမ္ပဏီမှ ဂက်စ်ဖိုး ကျသင့်ငွေကို နောက် ကျပြီးမှ မြန်မာကျပ်ငွေဖြင့် ပေးသွင်းခဲ့မှုကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၅ သိန်းကျော်(၅၁၀၁၂၁ ဒသမ ၁၅ ဒေါ်လာ) နစ်နာခဲ့သည်။ ယင်းသို့ နောက်ကျပြီးမှ မြန်မာကျပ်ငွေဖြင့် ပေးသွင်းခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြန်လည်ရရှိသည့် အချိန်ပေါ်မူတည်၍ အမေရိကန်ဒေါ်လာ ရရှိမှုတန်ဖိုး(Time Value Of Money) လျော့နည်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ဇန်နဝါရီ လ ၂၉ ရက်စွဲဖြင့် ဖြန့်ဝေသည့် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။ လျော့နည်းနစ်နာခဲ့ရသည့် ငွေ အမေရိကန်ဒေါ်လာ ၅၁၀၁၂၁ ဒသမ ၁၅ ဒေါ်လာသည် လက်ရှိကာလပေါက် ဈေးနှင့်ဆိုက မြန်မာငွေ […]

နည်းပညာတက္ကသိုလ်အသင်းက ယမန်နှစ်ချန်ပီယံ ထားဝယ်တက္ကသိုလ် အသင်းကို အနိုင်ယူဗိုလ်စွဲ

diz_admin

February 26, 2020

ထားဝယ်ခရိုင် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ယမန်နှစ်က ထားဝယ်ခရိုင်နှင့် တနင်္သာရီတိုင်း တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ နှစ်ခုတို့၏ ချန်ပီယံဖြစ်သော ထားဝယ်တက္ကသိုလ်အသင်းကို ထားဝယ် နည်းပညာ တက္ကသိုလ်အသင်းက အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့သည်။ ပွဲကစားချိန် မိနစ်ကိုးဆယ်အတွင်း နှစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်နေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ထားဝယ် နည်းပညာ တက္ကသိုလ်အသင်းက အနိုင်ရရှိသွားခြင်း ဖြစ်သည်။ ထားဝယ်နည်းပညာ တက္ကသိုလ် အသင်းက ပထမပိုင်း ပွဲကစားချိန် ကတည်းက နှစ်ဂိုးအသာဖြင့် ဦးဆောင် နေခဲ့ရာမှ ဒုတိယပိုင်း ပွဲကစားချိန်တွင် ချေပဂိုးနှစ်လုံး အသွင်းခံလိုက်ရသဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှ အနိုင် ရရှိသွားခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ လ ၂၂ ရက်က ထားဝယ်မြို့ တိုင်းအား ကစားကွင်းတွင် […]

အားကစားကဏ္ဍတွင် တနင်္သာရီတိုင်း အဆင့်လေးသို့ ပြန်ဆင်း

diz_admin

February 26, 2020

၂၀၁၉-၂၀၂၀ အားကစားနှစ်အတွက် တိုင်းနှင့်ပြည်နယ် အားကစားအဆင့် သတ်မှတ်ချက်များ ဖေဖော်ဝါရီလ ၁၂ ရက်က ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းက ယမန်နှစ်ကထက် အဆင့်တစ်ဆင့် လျော့ကျပြီး အဆင့်လေးသို့ ပြန်ဆင်း သွားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ အထက်ပါ အားကစားနှစ်တွင် တနင်္သာရီတိုင်းသည် ရွှေတံဆိပ် ၃၃ ခု၊ ငွေ ၁၆ ခု၊ ကြေး ၂၉ ခု စုစုပေါင်း ဆုတံဆိပ် ၇၈ ခုဖြင့် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်တို့အောက် အဆင့်လေး တွင် ရပ်တည်နေခြင်းဖြစ်ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ တိုင်းနှင့်ပြည်နယ် အားကစား အဆင့်သတ်မှတ်ချက်တွင် တနင်္သာရီ တိုင်းသည် ၂၀၁၇-၁၈ အားကစားနှစ် တွင် အဆင့်လေး၊ […]

နွေရာသီ အားကစားသင်တန်း တက်သူတိုင်း အားကစားဝတ်စုံ အခမဲ့ ရမည်

diz_admin

February 26, 2020

ယခုနှစ် နွေရာသီ ကျောင်းပိတ် ကာလတွင် ပြုလုပ်မည့် အားကစားသင် တန်းများသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူတိုင်း အားကစားဝတ်စုံတစ်စုံစီ အခမဲ့ ထုတ်ပေးမည်ဖြစ်ကြောင်း တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယမန်နှစ်ကမူ ရန်ပုံငွေ အခြေအနေအရ တိုင်းအတွင်း အားကစားသင်တန်း တက်သူများအနက် ထားဝယ်မြို့နယ်တွင် အားကစားသင်တန်းတက်သူများကိုသာ အားကစားဝတ်စုံ ထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြား ရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ “မြို့နယ်အားလုံး တန်းတူဖြစ်သွား အောင်ဆိုပြီး တစ်ယောက်တစ်စုံစီ သင်တန်းသား အားလုံးကို ထုတ်ပေးမယ်”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။ နွေရာသီအားကစားသင်တန်းကို မတ် ၁၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်တစ်မြို့ နယ်လျှင် အားကစားနည်းငါးမျိုး၊ ခရိုင်တစ်ခုလျှင် […]

ပညာရေး အဆောက်အအုံ လေးရာနီးပါး ဆောက်လုပ်ရန် တင်ပြထား

diz_admin

February 25, 2020

လာမည့်ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်း စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာ လေးရာနီးပါး အသစ်ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနသို့ အဆို ပြုတင်ပြထားကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ပညာရေး အဆောက်အအုံများတွင် အန္တရာယ်ရှိသည့် ကျောင်းဆောင်၊ ကျောင်းသားဦးရေ တိုးလာသည့် ကျောင်းဆောင်၊ ဝန်ထမ်းအိမ်ရာ၊ သိပ္ပံခန်းနှင့် ကျောင်းစာ ကြည့်တိုက်တို့ ပါဝင်ကြောင်း တိုင်းပညာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “တင်ပြတာတော့ များတယ်။ ပြည် ထောင်စုက ဘယ်လောက်ထိ ခွင့်ပြုမယ်မှန်း မသိသေးဘူး”ဟု ဒေါ်မြင့်စိန်က ဆိုသည်။ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တွင်ရှိသည့် လွှတ်တော်အမတ် စသည်တို့ ပါဝင် ဖွဲ့စည်းထားသော ရွေးချယ်ရေးကော်မတီမှ တင်ပြလာသည့် ဦးစားပေးကျောင်းများကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြပေးသည်ဟု ၎င်းက ပြောသည်။ ယင်းအဆောက်အအုံများအတွက် ကျပ်သန်း နှစ်သောင်းကျော် […]

လောင်းလုံး၊ ကညုံကျွန်းရွာတွင် ရေစရှား

diz_admin

February 25, 2020

လောင်းလုံးမြို့နယ် ကညုံကျွန်း ကျေးရွာတွင် ဖေဖော်ဝါရီလ ဒုတိယ အပတ်မှစပြီး သောက်သုံးရေ ရှားပါးနေ ပြီဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက ပြောသည်။ ကညုံကျွန်းကျေးရွာတွင် နွေရာသီ ရေရှားပါးမှုဖြစ်ပေါ်ပါက သုံးစွဲရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေဖြင့် တူးဖော်ထားသည့် ရေကန်မှာ ခမ်းခြောက်သွားသဖြင့် ရွာ အရှေ့ပိုင်းနှင့် ရွာအနောက်ပိုင်းတွင် ရေရှားပါးနေခြင်းဖြစ်ကြောင်း ဦးလှဝင်းက ပြောသည်။ “ကျွန်တော်တို့ရွာ့မှာက အိမ်ခြေ ငါးရာနီးပါးရှိတယ်ဆိုတော့ အခုဆိုရင် (အိမ်ခြေ) သုံးရာနီးပါးလောက်ကို ရေရှား နေပြီ။ အိမ်ခြေရှစ်ဆယ်လောက်ရှိတဲ့ ရွာမ ရွာထဲမှာဆို ပိုပြီးရေအခက်အခဲဖြစ် နေတယ်။ အခုက ရှိတဲ့ကန်မှ ဒီလိုပဲ လိုက် ခပ်နေရတာပေါ့”ဟု ၎င်းက ဆိုသည်။ ယင်းကျေးရွာ အနီးတွင်ရှိသည့် ကထောင်းနီကျေးရွာတွင်လည်း ရေ အနည်း ငယ်ရှားပါးနေသော်လည်း အခြားရွာမှ […]

ထားဝယ်စည်ပင်ဈေးကြီး အိမ်သာသန့်ရှင်းမှု အားနည်း

diz_admin

February 25, 2020

ထားဝယ်မြို့ စည်ပင်သာယာဈေး ကြီး(အထက်ဈေး)ရှိ အများသုံးအိမ်သာမှာ သန့်ရှင်းသပ်ရပ်မှု အားနည်းလှသည် ဟု ဈေးရောင်းချသူများက ပြောဆိုသည်။ အဆိုပါဈေးရှိ အိမ်သာကို အဆင့် မြှင့်ကာ ပြန်လည်တည်ဆောက်ထား သော်လည်း သန့်ရှင်းရေးလုပ်ဆောင်မှု အားနည်းနေခြင်း ဖြစ်သည်။ အများသုံးအိမ်သာ တစ်ကြိမ် အသုံး ပြုခအဖြစ် တစ်ဦးလျှင် ငွေကျပ် ၁၀၀ ကောက်ခံနေပြီး ခင်းထားသည့် ကြွေပြားနှင့် အိမ်သာခွက်တို့မှာ သန့်ရှင်းမှု အားနည်းနေကြောင်း ဈေးအတွင်း အဝတ်အထည်ရောင်းချနေသည့် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။ “အခြားနေရာတွေလိုမျိုး သန့်သန့် ရှင်းရှင်းလေး ဖြစ်စေချင်တယ်”ဟု အထက် ပါ အမျိုးသမီးက ပြောသည်။ အိမ်သာသုံး ရေပန်း ခေါင်းများလည်း ပျက်စီးနေပြီး အိမ်သာ နံရံတို့တွင်လည်း ညစ်ပတ်နေသည့်အတွက် သန့်ရှင်း သပ်ရပ်စွာ […]

သိမ်းဆည်းမြေကိစ္စ အစိုးရနှင့် လယ်သမား သဘောတူညီမှု မရသေး

diz_admin

February 25, 2020

ထားဝယ်မြို့ ဆန်းချီအနောက် တိုးချဲ့မြို့သစ်ရှိ သိမ်းဆည်းလယ် ကိစ္စ အတွက် လျော်ကြေးငွေရယူထားခြင်း မရှိသေးသော လယ်သမားခြောက်ဦးနှင့် တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှု မရသေးကြောင်း ယင်း ညှိနှိုင်းပွဲ တက်ရောက်ခဲ့သူ အချို့ထံမှ သိရသည်။ တိုင်းအစိုးရဘက်က ယခင်က လယ်သမားခြောက်ဦးအား ကမ်းလှမ်း ခဲ့ဖူးသည့် လယ်သုံးဧကလျှင် ပေ လေး ဆယ်၊ ခြောက်ဆယ် မြေတစ်ကွက်ပေးမည့်အစား နောက်ထပ်မြေတစ်ကွက်ကို ထပ်တိုးပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဦးညီညီထွန်းက ပြောသည်။ ဥပမာ ကိုးဧက အသိမ်းခံထားရသော လယ်သမားသည် ယခင်က ပေလေးဆယ်၊ ခြောက်ဆယ် မြေသုံးကွက်ရမည့်အစား ယခုမြေကွက်လေးကွက်၊ သုံးဧက အသိမ်းခံထားရသူသည် ယခင်က မြေကွက် တစ်ကွက်ရမည့်အစား ယခုနှစ်ကွက် စသည်ဖြင့် ရရှိမည်ဟု […]