ဖုန်းနှင့် ဆက်စပ်ပစ္စည်းများတွင် အခွန်အမှတ်တံဆိပ်မကပ်က ဒဏ်ရိုက် အရေးယူမည်
diz_admin
March 3, 2020လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်း များပေါ်တွင် QR စနစ်ထည့်သွင်းထား သည့် အခွန်အမှတ်တံဆိပ် မကပ်ပါက ယင်းပစ္စည်း၏ တစ်ရာ ရာခိုင်နှုန်းကို ဒဏ်တပ်ရိုက်မည်ဖြစ်ပြီး အကောက် အခွန်မဲ့ပစ္စည်းအဖြစ် မှတ်ယူကာ အကောက်ခွန် ဥပဒေအရလည်း အရေးယူမည်ဖြစ် ကြောင်း ပြည်တွင်အခွန်များ ဦးစီးဌာန က ထုတ်ပြန်လိုက်သည်။ ယင်းအတွက်ကြောင့် ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၊ ဖုန်း ပြုပြင်ဆိုင် လုပ်ငန်းရှင်များသည် ဖုန်း နှင့်ဆက်စပ် ပစ္စည်းများပေါ်တွင် QR စနစ်ထည့်သွင်းထားသည့် အခွန်အမှတ် တံဆိပ်များကို ကပ်နိုပ်ရောင်းချရမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ကုန်တွင် စတင်စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ QR စနစ်ပါသော အခွန်အမှတ် တံဆိပ်ကို ဖုန်း၊ ဆက်စပ်ပစ္စည်း၊ ဝန်ဆောင်မူ(ဘောင်ချာတွင် ကပ်သည့် အခွန်အမှတ်တံဆိပ်) ဟု သုံးမျိုး […]