ကိုဗစ်ကာလ လျှပ်စစ်ယူနစ်အခမဲ့အတွက် ကျပ်တစ်သောင်းကျော် ခံစားခွင့်ရ
diz_admin
July 3, 2020ကိုဗစ်ကာလ လျှပ်စစ်ယူနစ်အခမဲ့ခွင့်အတွက် ငွေကျပ်တစ်သောင်းကျော်ကို တနင်္သာရီတိုင်းရှိ အိမ်ထောင်စုများ ခံစားခွင့်ရပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ ကိုဗစ် အရေးကြီးကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း ၁၅ ရက်တာကာလအတွက် လျှပ်စစ်ယူနစ် အခမဲ့ခွင့်ကို ဇွန်လအတွက် မီတာခပေးသွင်းချိန်တွင် ခံစားခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေးအတွက် မဟာဓာတ်အားလိုင်း လျှပ်စစ်ယူနစ်ဈေးနှုန်းဖြင့် တွက်ချက်တင်ပြ ထားရာ ဇွန်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု အစိုးရက ခွင့်ပြုကြောင်း တရားဝင်အကြောင်းကြားလာသည်ဟု ဦးအောင်သူရက ပြောသည်။ ဧပြီလ လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၁၅၅၀ ရရှိသည့်အတွက် တိုင်းအစိုးရထောက်ပံ့ထားသည့် ငါးထောင်ကျပ် နုတ်ယူမည်ဖြစ်ပြီး ကျန်သည့်ငွေကို ထောက်ပံ့မည်ဖြစ်သည်။ ယင်းအပြင် […]


