ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဆိုင်ကယ်ရှေ့မီးကြီး နေ့ဘက်တွင်ပါ ဖွင့်မောင်းရမည်၊ မထွန်းက ဒဏ်ငွေဆောင်ရမည်

diz_admin

June 8, 2020

လက်ရှိပြဋ္ဌာန်းထားသည့် မော်တော်ယာဉ်ဥပဒေအသစ်အရ ဆိုင်ကယ် ရှေ့မီးကြီးကို နေ့ဘက်မောင်းနှင် ချိန်တွင်ပါ ဖွင့်မောင်းရမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေတွင် ယင်းသို့ ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။ ထိုဥပဒေအရ နေ့ခင်းဘက် ဆိုင် ကယ်မီးမဖွင့်ပါက ငွေကျပ်သုံးသောင်း ထက်မပိုသည့် ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေတွင် အထက်ပါအချက်ကို ပြဋ္ဌာန်းထား ခြင်းမရှိပေ။ လက်ရှိတွင် မော်တော်ယာဉ်ဥပဒေ အသစ်နှင့် ပတ်သက်ပြီး ပြည်သူများ သိရှိစေရန် ပညာပေးလက်ကမ်းစာစောင် များကို လူစည်ကားသည့် လမ်းဆုံများ တွင် ဖြန့်ဝေနေကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)မှ ရဲမှူးမိုးကျော်က ဆိုသည်။ […]

စံချိန်စံညွှန်းမပြည့်သော တည်ဆောက်ရေးလုပ်ငန်း ၃၀ ကျော်ကို လွှတ်တော်ကော်မတီ ဖော်ထုတ်

diz_admin

June 1, 2020

တနင်္သာရီတိုင်းအတွင်း တိုင်းအစိုးရစီမံကွပ်ကဲမှုဖြင့် ဆောက်လုပ်နေသော လမ်း၊ တံတား၊ အဆောက်အအုံများစသည့် တည်ဆောက်ရေးလုပ်ငန်းများ၏ လျော့ရဲနေသော အခြေအနေကို တိုင်းလွှတ်တော်ကော်မတီတစ်ခုက မြေပြင်ကွင်းဆင်းလေ့လာပြီး အစီရင်ခံစာတစ်စောင်ကို တိုင်းလွှတ်တော်ထံတင် သွင်းခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တို့တွင် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ဦးဆောင် သည့် တိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက ရေးသားထားသော အစီရင်ခံစာ ဖြစ်သည်။ အဆိုပါကော်မတီသည် မြို့နယ်အလိုက် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်း အတော်များများကို ကွင်းဆင်းစစ်ဆေးထားသည်ကို တွေ့ရသည်။ “တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စီမံကိန်းတွေပေါ့။ ဒါက ပြည်သူ့ဘဏ္ဍာကနေ တည်ဆောက်ပြီးတော့ နိုင်ငံတော်ကနေပြီး အဆိုပြုထားတဲ့ စီမံကိန်းတွေက မြေပြင်မှာ လိုအပ်ချက်တွေ ကိုက်ညီမှု ရှိ/မရှိ။ ပြီးတော့ မြေပြင်မှာတည်ဆောက်နေတဲ့ လုပ်ငန်းတွေက သတ်မှတ်ထားတဲ့ […]

ထီးခီးလမ်း သာမန်ပြင်ထိန်းစရိတ် ရန်ပုံငွေ သိန်းတစ်ရာရရှိ

diz_admin

June 1, 2020

ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် ထီးခီးလမ်းကို သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ရန်ပုံငွေကျပ်သိန်းတစ်ရာရရှိထားကြောင်း ထားဝယ်ခရိုင်လမ်းဦးစီးဌာနထံမှ သိရသည်။ မိုးရာသီတွင် အဆိုပါလမ်းရှိနေရာအချို့၌ ပျက်စီးမှုများဖြစ်လေ့ရှိပြီး ကားများခက်ခဲစွာ သွားရလေ့ရှိသည်။ ရရှိသည့်ရန်ပုံငွေဖြင့် ပြီးခဲ့သည့်နှစ်က တောင်ပြိုထားသည့်နေရာများကို ရှင်းလင်းခြင်း၊ ဖုန်ထူနေသည့်နေရာများကို ကျောက်ရောမြေခင်းခြင်းများ ဆောင်ရွက်နေကြောင်း လမ်းဦးစီးဌာန ထားဝယ်ခရိုင်ဦးစီးမှူး ဦးနေအောင်ထူးက ဆိုသည်။ “ဖုန်တွေတအားထူသွားတဲ့ နေရာတွေ အဲဒါတွေဗွက်တန်းဖြစ်မှာစိုးလို့၊ အဲဒါတွေကို ရေမဝပ်အောင် ကျောက်ရောမြေတွေ ပြန်ဖို့တာရှိတယ်” ဟု ဦးနေအောင်ထူးက ပြောသည်။ယင်းအပြင် အဆိုပါလမ်းပိုင်း မတ်စောက်သည့်နေရာများရှိ ချိုင့်ခွက်များကိုလည်း ကျောက်ရောမြေဖြင့် ဖြည့်နေကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကလည်း ရန်ပုံငွေကျပ် သိန်းသုံးထောင်ကျော်သုံးစွဲကာ ပြုပြင်ထိန်းသိမ်းခဲ့သည်။ အဆိုပါထီးခီးလမ်းကို အဆင့်မြှင့်ရန် ထိုင်းနိုင်ငံထံမှချေးငွေယူရန် မြန်မာအစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကာ ချေးငွေရယူရေးအတွက် အဆင့်ဆင့်လုပ်ဆောင်နေဆဲဖြစ်သည်။ ယင်းလမ်းကို ထိုင်းနိုင်ငံ၏ စံနှုန်းဖြစ်သည့် […]

ကမြောကင်းတံတားအသစ် မြေကြီးစမ်းသပ်တိုင်းတာရေးဘတ်ဂျက် ထက်ဝက်ကျော် ပြန်အပ်

diz_admin

June 1, 2020

ကိုဗစ်ကပ်ဘေးကြောင့် ထားဝယ်မြစ်ကူးတံတားအသစ်တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းအတွက် ချထားပေးသည့် ဘတ်ဂျက်ထက်ဝက်ကျော် ပြန်အပ်လိုက်ရကြောင်း တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၄) ထံမှ သိရသည်။ မြစ်ကူးတံတားအသစ်ကို DDPC ဈေးဝယ်စင်တာနှင့် ကမြောကင်းတံတားအကြားနေရာ အဆိုပြုနေရာ ၁ (Alignment-1) တွင် တည်ဆောက်ရန်အတွက် မြေသားနမူနာယူခြင်း၊ တံတားပုံစံထုတ်ခြင်းစသည့် အကြိုအင်ဂျင်နီယာလုပ်ငန်းများအတွက် လက်ရှိဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်းပေါင်း ၅၀ဝ ခွင့်ပြုထားသည်။ လက်ရှိ ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်တွင် ပြည်ထောင်စုအစိုးရကဌာနများအတွက် ခွင့်ပြုပြီးဘတ်ဂျက်အချို့ကို ပြန်အပ်ခိုင်းရာ ကမြောကင်းတံတားအသစ် အကြိုအင်ဂျင်နီယာလုပ်ငန်းအတွက် ခွင့်ပြုဘတ်ဂျက်မှ ကျပ်သိန်း ၃၀ဝ ကို ပြန်အပ်လိုက်ရကြောင်း တည် ဆောက်ရေးအဖွဲ့ ၄ မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်းက ဆိုသည်။ “သန်းနှစ်ဆယ်က လုံလောက်ပါတယ်။ ကျွန်တော်တို့က မြေစမ်းတာနဲ့ ပုံထုတ်တာပဲလေ” ဟု ဦးကျော်မျိုးထွန်းက ပြောသည်။ လက်ရှိတွင် မြေသားစမ်းသပ်သည့် […]

တနင်္သာရီတိုင်း တရားသူကြီးချုပ် အသစ်ခန့်

diz_admin

June 1, 2020

တနင်္သာရီတိုင်းဒေသကြီး တရားသူကြီးချုပ်အဖြစ် ဒေါ်ပိုက်ပိုက်အေးကို မေလ ၁၈ ရက်နေ့တွင် ခန့်အပ်လိုက်သည်။ ဒေါ်ပိုက်ပိုက်အေးသည် တရားသူကြီးချုပ်အဖြစ် မခန့်အပ်ခံရမီက တိုင်းတရား လွှတ်တော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ယခင် တရားသူကြီးချုပ် ဦးတင်အောင်က မေလ ၁၅ ရက်နေ့တွင် အငြိမ်းစားယူသွားသည်။ တရားသူကြီးချုပ်အသစ်သည် ၁၉၇၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်တွင် တရားရုံးဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။ ထိုနောက် တနင်္သာရီတိုင်းတရားလွှတ်တော်ရုံး တရားရေးဦးစီးမှူးအဖြစ် ၂၀၁၆ တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။ လစ်လပ်သွားသည့် တိုင်းတရားလွှတ်တော် တရားသူကြီးနေရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ချိုမာမြင့် ကို မေလ ၂၁ ရက်နေ့တွင် […]

ကမ်းဝေးငါးဖမ်းလှေ မေးခွန်းကို ငါးပါးသီလခံပြီးမှဖြေရန် လွှတ်တော် အမတ်ပြော

diz_admin

June 1, 2020

ကမ်းဝေး ဝါတန်းငါးဖမ်းလှေကြီးများသည် လိုင်စင်မရှိသော အကူမီးထွန်းလှေများဖြင့် ငါးဖမ်းဆီးနေသည်ကို ငါးလုပ်ငန်းငန်းဦးစီးဌာနမှ သိရှိခြင်းရှိ/မရှိ မေးခွန်းကိုဖြေမည်ဆိုပါက အရင်ဆုံးငါးပါးသီလခံပြီးမှဖြေဆိုရန် တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောဆို လိုက်သည်။ မေလ ၂၀ ရက်ကပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကျွန်းစုမြို့နယ်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ ကမ်းဝေးလှေကိစ္စနှင့် ပတ်သက်ပြီး ဝါတန်းကမ်းဝေးလှေများအား အကူမီးထွန်းလှေများဖြင့် ငါးဖမ်းဆီးခွင့်ကို တရားဝင်ခွင့်ပြုထားခြင်းရှိ/မရှိ၊ မရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူရန် ရှိ/မရှိ၊ ယင်းသို့ငါးဖမ်းနေသည်ကို ငါးလုပ်ငန်းဌာနက သိရှိခြင်းရှိ/မရှိ စသည်ဖြင့် မေးခွန်းခြောက်ခုကို ဒေါက်တာထူးနေအောင်က မေးမြန်းခဲ့သည်။ ယင်းမေးခွန်းခြောက်ခုအနက် တတိယမေးခွန်းဖြစ်သော ဝါတန်းကမ်းဝေးလှေကြီးများ အကူမီးထွန်းလှေများဖြင့် ငါးဖမ်းဆီးနေခြင်းကို ငါးလုပ်ငန်းဦးစီးဌာနက သိရှိခြင်း ရှိ/မရှိ ဆိုသည့် မေးခွန်းကို ငါးပါးသီလခံပြီးမှ ဖြေဆိုရန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဒီမေးခွန်းကိုတော့ ငါးပါးသီလ ခံယူပြီးမှ ဖြေကြားပေးဖို့ […]

၀န်ကြီးမိသားစုလုပ်ငန်းနှင့် တိုင်းဟိုတယ်အသင်းဥက္ကဋ္ဌပိုင် လုပ်ငန်းနှစ်ခု ကိုဗစ်ကုစားရေး ငွေချေးခွင့်ရ

diz_admin

June 1, 2020

ကိုဗစ်ကပ်ဘေးအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားရေးအတွက် ချေးငွေထုတ်ချေးရာတွင် တိုင်းလူမှု/ စည်ပင်ဝန်ကြီး ဦးဟိုပင်၏ မိသားစုလုပ်ငန်းတစ်ခုနှင့် တိုင်းဟိုတယ်လုပ်ငန်း ရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပိုင် လုပ်ငန်းနှစ်ခုတို့ ငွေချေးခွင့်ရခဲ့သည်။ ချေးငွေကို ကိုဗစ်ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက စတုတ္ထအသုတ်အဖြစ် စိစစ်ထုတ်ပေးခြင်းဖြစ်သည်။ တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မိသားစုပိုင် ရှင်းသန့် Distribution (ဖြန့်ဖြူးရေး)လုပ်ငန်းနှင့် တိုင်းဟိုတယ် လုပ်ငန်းရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ဝင်းပိုင် ပုလဲဧကရီဟိုတယ်နှင့် ပုလဲဧကရီစားသောက်ဆိုင်တို့က ကိုဗစ်ကုစားရေးငွေချေးခွင့်ပြုကြောင်း အထက်ပါကော်မတီက ထုတ်ပြန်သည်။ ဝန်ကြီးဦးဟိုပင်မိသားစုပိုင် ဖြန့်ဖြူးရေးလုပ်ငန်းက ငွေကျပ်သိန်းနှစ်ရာငါးဆယ် ချေးခွင့်ရရှိပြီး ဦးကျော်ဝင်းပိုင်လုပ်ငန်းနှစ်ခုက ငွေပမာဏမည်မျှချေးခွင့်ရကြောင်း မထုတ်ပြန်သေးပေ။ဝန်ကြီးမိသားစုပိုင်လုပ်ငန်းက ဝန်ကြီး၏အရှိန်အဝါဖြင့် ကိုဗစ်ချေးငွေရရှိသည်ဟုဆိုကာ ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။ ဝန်ကြီးဦးဟိုပင်ကမူ ရှင်းသန့် Distribution လုပ်ငန်းမှာ မိသားစုပိုင်စီးပွားရေးလုပ်ငန်းသာဖြစ်ပြီး ၎င်းကိုယ်တိုင် […]

တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် အလုပ်ရုံအလုပ်ဌာနငယ် သုံးရာကျော် စစ်ဆေး

diz_admin

June 1, 2020

တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် တစ်နိုင်တစ်ပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနငယ် သုံးရာကျော်ကို စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။ Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို လိုက်လံစစ်ဆေးနေခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီစိန်က ပြောသည်။ စားသောက်ကုန်လုပ်ငန်းနှင့် အလုပ်သမားအရေးဖြစ်နိုင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနကြီးများကို ဧပြီ ၂၆ ရက်မှ မေ ၁၅ ရက်နေ့အထိ ပထမအသုတ်အဖြစ် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ ယခုအခါ ကျန်ရှိနေသည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနငယ်များကို မေလနောက်ဆုံးအပတ်မှစတင်ကာ လိုက်လံစစ်ဆေးနေသည်ဟု ဒေါ်မီမီစိန်က ပြောသည်။ “တစ်နိုင်တစ်ပိုင်ဆိုတာက ဝပ်ရှော့ […]