နိုင်ငံခြားအရက်များ တရားဝင် တင်သွင်းခွင့်ပြု
diz_admin
June 8, 2020တည်ဆဲဥပဒေအရ ကန့်သတ်ထားသည့် နိုင်ငံခြားအရက်များကို ပြည်ပမှ တရားဝင်တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့ တွက် ထုတ်ပြန်ကြေညာလိုက်သည်။ အရည်အသွေးအာမခံနိုင်သော ကုန်ပစ္စည်းများ ရောင်းချနိုင်ရန်၊ တရားမဝင် တင်သွင်းမှုကို ထိန်းချုပ်နိုင်ရန်၊ ပြည်တွင်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် နိုင်ငံတော်အတွက် အခွန်အခများအပြည့်အဝရရှိစေရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံခြား အရက်၊ ဘီယာ၊ စီးကရက်ကို တည်ဆဲဥပဒေအရ ကန့်သတ်ထားသည့် ပစ္စည်းများအနက် အရက်ကိုလိုင်စင်ဖြင့် တရားဝင်တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးဝင်းထွန်းက ပြောသည်။ ပြည်ပမှအရက်ကို ရန်ကုန်ဆိပ်ကမ်းနှင့် ရန်ကုန်လေဆိပ်တို့မှသာ တင်သွင်းခွင့်ပြုထားသည်။ “နယ်စပ်စခန်းတွေဖြစ်တဲ့ ထီးခီးတို့ မောတောင်တို့ စခန်းတွေကနေ တင်သွင်းခွင့်က ခုလောလောဆယ်တော့ မပါသေးဘူး၊ တဖြည်းဖြည်းချင်းတော့ တင်သွင်းခွင့်ပြုမယ်နဲ့ တူတယ်” ဟု […]


