တိုင်းအစိုးရအဖွဲ့ရုံးကို ဒုတိယအကြိမ်လေးခွဖြင့် ပစ်သူ
diz_admin
July 6, 2020တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးကို ဒုတိယအကြိမ်မြောက် လေးခွဖြင့်ပစ်သူ ကို ၁၅ ရက်အတွင်း တရားစွဲတင်မည်ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှူးက ပြောသည်။ လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာနေ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသားက ဇွန်လ ၂၇ ရက် ည ၁၀ နာရီခွဲခန့်တွင် တိုင်းအစိုးရအဖွဲ့၏ တိုးချဲ့အဆောင်ရှိ မှန်များကို လေးခွဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ်သည်။ လေးခွဖြင့် ပစ်ခတ်မှုကြောင့် တိုးချဲ့ အဆောင်ရှိ အလျား ၃ ပေခွဲ၊ အနံ ၁ ပေခွဲရှိသည့် မှန် ၄ ချပ်ကွဲသွားခဲ့ကြောင်း ရဲစခန်းထံမှ သိရသည်။ အဆိုပါ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တိုင်းအစိုးရအဖွဲ့ရုံးမှ ဦးစီးအရာရှိတစ်ဦးက ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ – […]


