ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်ရန်ပြင်
diz_admin
June 15, 2020တိုင်းအတွင်းရှိ ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်းထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်အပ်ရန် တောင်းယူထားသည့် လူဦးရေစာရင်းကို ရုံးချုပ်သို့ တင်ပြထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ နေ့စားလပေး ခန့်ထားသည့် ရုံးဝန်ထမ်းများ၏ လက်ရှိ လူဦးရေစာရင်း၊ အလုပ်ထွက်သွားသူ ဦးရေစာရင်း၊ ကျန်ရှိသည့် လူဦးရေစာရင်းနှင့် ဧပြီလထိ လစာထုတ်သူစာရင်း စသည့်အချက်အလက်များကို ရုံးချုပ်မှ တောင်းခံသဖြင့် စာရင်းပြုစုကာ ပေးပို့ထားပြီးဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူးဒေါ်မြင့်စိန်က ပြောသည်။ “ဒါပေမယ့် မကြာမီလာမည် မျှော် ပေါ့” ဟု ဒေါ်မြင့်စိန်က ဆိုသည်။ပညာရေးဌာနတွင် နေ့စားလပေးအဖြစ် ရုံးစာရေး၊ ရုံးအကူ၊ သိပ္ပံအကူ၊ သန့်ရှင်းရေး၊ ညစောင့်တာဝန်များ ထမ်းဆောင်နေသည့် နေ့စားလပေးရုံး ဝန်ထမ်း ၁၉၀ ဦးခန့်ကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဒေါ်မြင့်စိန်က ပြောသည်။ အခြေခံပညာ […]


