ပဲ့စင်ကျွန်းအပါအဝင် လောင်းလုံးကျွန်းနှင့် ကမ်းခြေများကိစ္စ တိုင်းအစိုးရသဘောထား နေပြည်တော်ပို့
diz_admin
June 23, 2020လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် Excellent Fortune Development Group ကုမ္ပဏီမှမြေလွတ်မြေလပ် လျှောက်ထားမှုအပေါ် တိုင်းအစိုးရသဘောထားကို ဗဟိုမြေလွတ်မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးကော်မတီထံ တင်ပြထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။ အဆိုပါကျွန်းရှိ မြေဧက ၁၄၀ ပေါ် တွင် နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေဝန်ဆောင်မှု လုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများရပ်နားနိုင်သည့် ဆိပ်ကမ်း၊ ရေပေါ်ရေအောက် ကစားကွင်းများနှင့် အိမ်ရာစီမံကိန်းလုပ်ရန်အတွက် အထက်ပါ ကုမ္ပဏီက လျှောက်ထားခဲ့ခြင်းဖြစ်သည်။ တိုင်းအစိုးရ၏ သဘောထားမှတ်ချက်ကို ယခုလအတွင်း ပေးပို့ထားကြောင်း တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ တိုင်း မြေစာရင်းဦးစီးမှူး ဦးမြင့်သိန်းက ဆိုသည်။ Excellent Fortune Development Group ကုမ္ပဏီမှ ပဲ့စင်ကျွန်းကို […]


