တစ်ခါသုံး ဓလေ့ကြောင့် ကိုဗစ်ကပ်ဘေးကာလ ပလပ်စတစ်နှင့် ဖော့ဘူးအသုံးမြင့်တက်
diz_admin
May 4, 2020အပြင်မထွက်ရတော့ခြင်း၊ ဆိုင်မထိုင်ရခြင်း၊ ပါဆယ်သာရောင်းတော့ခြင်း စသည့် ကိုဗစ်ကာလအတွင်း ပြောင်းလဲလာသည့် လူနေမှုပုံစံများက ပလပ်စတစ်နှင့် ဖော့ဘူးသုံးစွဲမှုမြင့်တက် လာစေသည်။ ကိုဗစ်ကပ်ရောဂါဂယက်ကြောင့် လူအများခရီးသွားလာခြင်းမရှိတော့ချိန်၊ နေအိမ်အတွင်းတွင်နေတော့ချိန်၌ ကမ္ဘာကြီးသဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာကြောင်း နိုင်ငံတကာ သတင်း အချို့တွင်ဖော်ပြထားသည်။ သို့သော် တစ်ခါသုံး ခွက်၊ ပလစ်စတစ်၊ ဖော့ဘူးများ အသုံးမြင့်တက်လာခြင်းက အခြားတစ်ဖက်က သဘာဝဝန်းကျင်ကို စိန်ခေါ်နေပြန်သည်။ ယခင်က စားသောက်ဆိုင်၊ ထမင်းဆိုင်များကို အဓိကရောင်းချနေရသည့် တစ်ခါသုံးပလပ်စတစ်ပစ္စည်းများသည် သင်္ကြန်အပြီး အတာမုန့်လှူဒါန်းသူများ၊ ကန့်သတ်စောင့်ကြည့်စခန်း ဝင်နေသူများကို အစားသောက်ပို့ပေးသူများ၊ လက်ဖက်ရည်ဆိုင်များ၊ မုန့်လက်သုပ်ဆိုင်များကပါ ဝယ်ယူလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ “အရင်တုန်းကထက် ဖော့ဘူးလိုမျိုး တစ်ခါသုံး (ပလပ်စတစ်) ပစ္စည်းတွေ အကုန်ရောင်းကောင်းနေတယ်။ အခုက လက်ဖက်ရည်ဆိုင်တွေ တစ်ခါသုံးခွက်တွေ သုံးကြတယ်။ အကြော်ဆိုင်တွေကလည်း ဖော့ခွက်တွေသုံးတယ်။ ပြောရမယ်ဆို […]