ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင် စစ်ဆေးမည်

diz_admin

September 7, 2020

ကိုဗစ်-၁၉ စည်းကမ်းချက်လိုက်နာမှုရှိ မရှိ သိရှိနိုင်ရန်အတွက် တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေး ရေးဦးစီးဌာနထံမှ သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းညွှန်ချက်များအား စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် လိုက်နာမှုဆောင်ရွက်မှု ရှိမရှိကို သက်ဆိုင်ရာမြို့နယ်စစ် ဆေးကြီးကြပ်ရေးကော်မတီမှ ရှောင်တခင် စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီစိန်က ပြောသည်။ ရန်ကုန်ကိုဗစ်လူနာနှင့် တစ်အိမ်တည်းနေခဲ့သည့် ထားဝယ်မြို့နေ မိသားစုဝင်သုံးဦးကို စောင့်ကြည့်စခန်းပို့ ရှောင်တခင်စစ်ဆေးခြင်းကို စက်တင်ဘာလ ပထမအပတ်တွင် စတင်မည်ဖြစ်ပြီး လိုအပ်ချက်များကို ပြန်ပြင် ခိုင်းမည်ဟု ၎င်းက ပြောသည်။ ယင်းအပြင် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များကို မလိုက်နာသည့် စက်ရုံ၊ အလုပ်ရုံ၊ […]

ရန်ကုန်ကိုဗစ်လူနာနှင့် တစ်အိမ်တည်းနေခဲ့သည့် ထားဝယ်မြို့နေ မိသားစုဝင်သုံးဦးကို စောင့်ကြည့်စခန်းပို့

diz_admin

September 7, 2020

ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ်နေ လူနာနှင့် တစ်အိမ်တည်းအတူထိုင်ခဲ့ဖူးသည့် ထားဝယ်မြို့မှ မိသားစုဝင်သုံးဦးကို စောင့်ကြည့်စခန်းသို့ ယနေ့ပို့ဆောင်လိုက်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်ကွန်ပျူတာတက္ကသိုလ်ရှိ စောင့်ကြည့်စခန်းသို့ စက်တင်ဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းက ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေး အဆိုပါ မိသားစုမှာ ကြည့်မြင်တိုင်မြို့နယ်ရှိ နေအိမ်တွင် ပိုးတွေ့လူနာနှင့် အတူနေထိုင်ပြီး သြဂုတ်လ ၂၉ ရက်နေ့က မန်းရတနာလေကြောင်းလိုင်းဖြင့် ထားဝယ်မြို့သို့ လာရောက်ခဲ့ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။ ထိုနောက် အတူနေထိုင်ခဲ့သည့် အမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက်နေ့ညတွင်ထုတ်ပြန်ခဲ့သည်။ ၎င်းမှာ လူနာအမှတ်အမှတ် ၁၃၇၈ ဖြစ်သည်။ ထိုအခြေအနေများကြောင့် ထားဝယ်မြို့နေ မိသားစုဝင်သုံးဦးက ကျန်းမာရေးစစ်ဆေးမှုခံယူလိုကြောင်း ၎င်းတို့ကိုယ်တိုင် သတင်းပေးလာသည်ဟု […]

ကိုဗစ်ထောက်ပံ့ငွေ အလွဲသုံးသည်ဟု တိုင်ခံရသည့်အုပ်ချုပ်ရေးမှူးကိစ္စ တိုင်းအစိုးရထံ ဆက်တင်မည်

diz_admin

September 7, 2020

အစိုးရက ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ငွေကို အလွဲသုံးသည်ဟုဆိုကာ တိုင်ကြားခံထားရသည့် လောင်းလုံးမြို့နယ်ရှိ တီဇစ်ကျေးရွာအုပ်ချုပ်ရေးမှူး ကိစ္စကို စုံစမ်းစစ်ဆေးပြီးဖြစ်သည့်အတွက် တိုင်းအစိုးရထံ ထပ်မံတင်ပြမည် ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေး မှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ ယင်းအမှုမှာ တီဇစ်ကျေးရွာနေသူများက လက်မှတ်ထိုး တိုင်ကြားထားခြင်း ဖြစ်သည်။ COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ ထိုသို့ တိုင်ကြားထားမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးကို အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးခိုင်းသည့်အတွက် စစ်ဆေးပြီး သြဂုတ်လ ၂၇ ရက်နေ့တွင် ပြန်လည် တင်ပြလိုက်ပြီးဖြစ်သည်။ စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးပေါ် ပေါက်ချက်၊ သုံးသပ်အကြံပြုချက်များကိုမူ ထုတ်ဖော်ပြောဆို၍မရကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။ “တိုင်းအစိုးရအဖွဲ့ကို တင်ဦးမှာပေါ့နော်။ လက်ရှိအချိန်ကတော့ ပြောလို့မရ သေးဘူး” ဟု ၎င်းက ပြောသည်။ […]

အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုဖြင့် အမှုဖွင့်

diz_admin

September 6, 2020

ရေဖြူမြို့နယ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၂၄ နှစ်အမျိုးသားက မုဒိမ်းကျင့်ရန်ကြိုး ပမ်းခဲ့မှုနှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ထားဝယ်တက္ကသိုလ် ကွာရန်တင်းအခန်းများ ပျက်စီးပြီး ကျန်ရစ် နတ်ကြီးစင်ကျေးရွာနေ မိန်းကလေးငယ်ကို နေအိမ်နှင့်မျက်နှာချင်းဆိုင်တွင် နေထိုင်သည့် အဆိုပါအမျိုးသားက ကြံဝယ်ကျွေး မည်ဟုဆိုကာ သြဂုတ်လ ၂၂ ရက်ည ၇ နာရီခွဲခန့်က မိဘထံမှ ခေါ်ဆောင်သွားခဲ့သည်။ ထိုနောက် ည ၁၀ နာရီခန့်တွင် မိန်းကလေးငယ်တစ်ဦးတည်း နေအိမ်သို့ ပြန်လာပြီး ငိုနေသည်ကို မိဘများက တွေ့ရှိသဖြင့် မေးမြန်းရာ အထက်ပါ အမျိုးသားသည် ၎င်း၏နေအိမ်အောက်တွင် မုဒိမ်းကျင့်ရန်လုပ် ဆောင်ခဲ့သည် မိန်းကလေးငယ်က ပြန်ပြောပြခဲ့သည်။ မုဒိမ်းကျင့်ရန် ကြိုးပမ်းချိန်တွင် မိန်းကလေးငယ်က […]

ထားဝယ်တက္ကသိုလ် ကွာရန်တင်းအခန်းများ ပျက်စီးပြီး ကျန်ရစ်

diz_admin

September 5, 2020

သြဂုတ်လ ဒုတိယအပတ်က ယာယီ ပိတ်လိုက်ပြီဖြစ်သော ထားဝယ်တက္ကသိုလ် ကွာရန်တင်းစခန်းနှစ်ခုမှာ အပျက်အစီးများဖြစ်ကာ ကျန်ခဲ့ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက ပြောသည်။ တန်ဖိုးအားဖြင့် မည်မျှပျက်စီးသွားသည်ကို တွက်ချက်ထားခြင်းမရှိသော်လည်း ကွာရန်တင်းစခန်းရှိ ပြတင်းပေါက်မှန်များ ကွဲအက်ခြင်း၊ တံခါးပေါက်များ ပြုတ်ထွက်ခြင်း၊ အဆောင်မှူးအခန်းကဲ့သို့သော မဝင်ရ သတ်မှတ်ထားသည့် အခန်းများကို တံခါးဖျက်ဆီးပြီး ဝင်ရောက်ခြင်းတို့ ရှိကြောင်း ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ ကိုဗစ်ထောက်ပံ့ကြေးကိစ္စ အတိုင်ခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအမှု ခရိုင်ဆုံးဖြတ်ချက် စောင့်ဆိုင်း ယင်းကွာရင်တင်းစခန်းနှစ်ခုကို တနင်္သာရီအပတ်စဉ်က သြဂုတ်လ ၂၈ ရက်က သွားရောက်ကြည့်ရှုခဲ့ရာ ရွှေဝယ် ထိပ်ထားအဆောင် အုတ်တံတိုင်းအပေါ် ဘက် သံဆူးကြိုးများကို ချိုးဖျက်ထားသည်ကို တွေ့ခဲ့ရသည်။ အဆောင်အတွင်းဘက်ကိုမူ သော့ခတ်ထားသဖြင့် ဝင်ရောက်ကြည့်ရှုခွင့် မရခဲ့ပေ။ “ပျက်စီးတာကတော့ အတော်တော် များများ […]

ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းလေးဦး ရွေးကောက်ပွဲဝင်ခွင့်မရ

diz_admin

September 4, 2020

တနင်္သာရီတိုင်းအတွင်း ဝင်ရောက် အရွေးခံရန် လျှောက်ထားသည့် ကိုယ်စားလှယ်လောင်းလေးဦးမှာ လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် ငြိစွန်းနေသဖြင့် ရွေးကောက်ပွဲဝင်ခွင့်မပြုဘဲ ပယ်ဖျက်လိုက်ကြောင်း တိုင်းရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ ပယ်ဖျက်ခံလိုက်ရသူလေးဦးမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်နေရာတွင် ဝင်ပြိုင်ရန်လျှောက်ထား သူနှစ်ဦးနှင့် အမျိုးသားလွှတ်တော်အတွက် ဝင်ပြိုင်ရန်လျှောက်ထားသူနှစ် ဦး စုစုပေါင်း လေးဦးဖြစ်သည်။ တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး ရခိုင်တွင် စေတနာ့ဝန်ထမ်းလုပ်ရန် စာရင်းပေးထား အမျိုးသားလွှတ်တော်တွင် ဝင်ပြိုင် ရန်လျှောက်ထားသူ နှစ်ဦးမှာ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ(PP) မှ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁၁ မှ ဒေါ်ယုယခင်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၆ မှ ဦးကျော်ကျော်ဦး တို့ဖြစ် […]

ကိုဗစ်ကာလ ကျောင်းပိတ်ထားသော်လည်း ဆရာ၊ ဆရာမများ ရွေးကောက်ပွဲကိစ္စ ကူရမည်

diz_admin

September 3, 2020

အခြေခံကျောင်းမျာအားလုံးကို သြဂုတ်လ ၂၇ ရက်မှစပြီး ပိတ်လိုက်ပြီ ဖြစ်သော်လည်း ဆရာ၊ ဆရာမများ အနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်မှ အကူအညီတောင်းသည်ရှိသော် မဲစာရင်းအချက်အလက် မှန်ကန်ရေးကိစ္စများကို ကူညီရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးက ညွှန်ကြားထားသည်။ မဲဆန္ဒရှင်များ၏ အမည်၊ နေရပ် လိပ်စာ၊ မွေးသက္ကရာဇ်၊ စားလုံးပေါင်း သတ်ပုံမှန်ကန်ရေး၊ ကွန်ပျူတာအတွင်း စာရင်းသွင်းခြင်း စသည့်ကိစ္စရပ်များကို ဆရာ၊ ဆရာမများက ကူညီပေးရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောသည်။ အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ “အဓိကကတော့ မဲဆန္ဒရှင်တွေက နေပြီးလာပြီးတော့ ကန့်ကွက်၊ ပြင်ဆင် တာတွေကို ဝိုင်းကူပေးရမှာပေါ့” ဟု ၎င်းက ဆိုသည်။ တိုင်းပညာရေးမှူးရုံးသည် ရွေးကောက်ပွဲတွင် မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမည့် […]

ပြည်တွင်းခရီးသွားဧည့်သည် စစ်တမ်းစတင်ကောက်ယူ

diz_admin

September 3, 2020

တနင်္သာရီတိုင်းသို့လာရောက်သည့် ပြည်တွင်းခရီးသွားဧည့်သည် စစ်တမ်းကို သြဂုတ်လ ဒုတိယအပတ်မှ စတင်ကောက်ယူနေသည်ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ခရီးသွားလာမှုနှုန်းထားများ၊ သုံးစွဲမှုငွေကြေးနှင့် ခရီးသွားဧည့်သည်များ၏ မှတ်ချက်(Comment)များကိုပါ ရရှိစေရန်အတွက် ကောက်ယူခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးဝင်းသိန်းက ပြောသည်။ “သူတို့ရဲ့လိုအပ်ချက်ကို ကျွန်တော်တို့ ဘယ်လိုဖြည့်ဆည်းပေးရမယ်၊ ဘယ်လို ဆောင်ရွက်ပေးရမယ်။ ဘယ်ဟာတွေ လိုအပ်တယ်။ ဘယ်ဟာတွေ မလိုအပ်ဘူး ဒါတွေလည်း သိရအောင်ပေါ့နော်” ဟု ဦးဝင်းသိန်းက ဆိုသည်။ ကိုဗစ်ကာလတွင် နိုင်ငံတကာ ခရီးသွားဧည့်သည်ကို မျှော်မှန်းရန် ခက်ခဲသဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှုအရ စစ်တမ်းကောက်ယူနေ ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တွင် […]