သိမ်းဆည်းမြေကိစ္စ ထွေအုပ် ဖြေရှင်းချက်ကို မကျေနပ်သဖြင့် ဝန်ကြီးချုပ်နှင့် တွေ့ခွင့်တောင်း
diz_admin
January 15, 2020ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ် ရေးမှူးရုံးတွင် သိမ်းဆည်းခံလယ်သမား များကို ခေါ်ယူဖြေရှင်းသည့် သိမ်းဆည်း မြေကိစ္စ ဖြေရှင်းချက်ကို မကျေနပ်သဖြင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် တွေ့ခွင့် ပေးရန် ဇန်နဝါရီလ ၈ ရက်စွဲဖြင့် ယင်း လယ်သမား ခြောက်ဦးက စာပို့ထား ကြောင်း သိရသည်။ ဇန်နဝါရီလ ၇ ရက်က ထားဝယ် ခရိုင် အထွေအထွေအုပ်ချုပ်ရေးရုံးတွင် ထားဝယ်မြို့ ဆန်းချီအနောက် တိုးချဲ့ မြို့သစ်အတွက် သိမ်းဆည်းခံရသည့် လယ်သမား ၇ ဦးကို ခေါ်ယူပြီး အစား ထိုးမြေကွက်များ ပေးအပ်ခဲ့ကြောင်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆို ရာတွင်ပါဝင်သည့် ဦးညီညီထွန်းက ပြောသည်။ အစားထိုးမြေကွက်ပေးအပ်ရာတွင် လယ်သုံးဧကလျှင် ပေခြောက်ဆယ်၊ လေးဆယ်ပတ်လည်ခန့် အကျယ်အဝန်း ရှိသည့် မြေကွက်တစ်ကွက်နှုန်းဖြင့် […]