ကိုဗစ်ကန့်သတ်ချက်အချို့ ထပ်တိုး
diz_admin
September 14, 2020မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ဘေး ကူးစက်မှု မြင့်တက်လာချိန်တွင် တနင်္သာရီတိုင်းအတွင်းအတွင်လည်း ကိုဗစ်ကန့် သတ်ချက်စည်းကမ်းများကို ထပ်မံတိုး မြှင့်လိုက်သည်။ ယခင်က တိုင်းအတွင်းသို့လာ ရောက်ပါက ကိုဗစ်ဖြစ်ပွားမှုများသည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်း Stay at Home (နေအိမ်တွင်သာနေ ထိုင်ရန်) သတ်မှတ်ထားသည့် မြို့နယ် အချို့မှ လာသူများကိုသာ စောင့်ကြည့်စခန်းတွင် သတ်မှတ်ရက်အတိုင်းနေထိုင်ရန် သတ်မှတ်ထားသည်။ ပြည်တွင်းလေကြောင်းလိုင်းများ အားလုံး စက်တင်ဘာလကုန်ထိ ယာယီရပ်ဆိုင်း သို့ရာတွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ မည်သည့် မြို့နယ်မှ လာရောက်သည်ဖြစ်စေ တနင်္သာရီတိုင်းသို့ ဝင်ရောက်လာသူ အားလုံးအား စောင့်ကြည့်စခန်းတွင် ၁၄ ရက်ကြာနေထိုင်ရန် စက်တင်ဘာလ ၈ ရက်နေ့တွင် တိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။ စောင့်ကြည့်စခန်းတွင် နေထိုင်စဉ် ကိုဗစ်ရောဂါရှိ/ မရှိ နှစ်ကြိမ်ဓာတ်ခွဲစစ် […]


