ဥပုသ်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများတွင် ဝတ်ပြုခြင်းများပိတ်
diz_admin
September 21, 2020ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ဗုဒ္ဒဘာသာဝင်များ ဘုန်းကြီး ကျောင်းများတွင် ဥပုသ်ဆောက်တည် ခြင်း၊ အခြားဘာသာဝင်များ သက်ဆိုင်ရာ ဘာသာရေးအဆောက်အအုံများအတွင်း ဝတ်ပြုဆုတောင်းခြင်းကို စက်တင်ဘာလ ၁၆ ရက်မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ် သည်။ ယခင်က သက်ဆိုင်ရာဘာသာ ရေးအဆောက်အအုံများတွင် တစ်ကြိမ် လျှင်လူအများဆုံး ၃၀ ဦး၊ တစ်လလျှင် လေးကြိမ် ဥပုသ်ဆောက်တည်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများကို ခွင့်ပြုထားခြင်းဖြစ်သည်။ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွန်ကြားလာသဖြင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း သာသနာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းအေးအောင် က ပြောသည်။ “ယာယီပိတ်လိုက်တာပါ။ ရက်အကန့်အသတ်မရှိသေးဘူးဆိုတော့ နောက်ထပ် အမိန့်ညွန်ကြားချက် တစ်စုံ တရာမထွက်မချင်း ရှိနေမှာပေါ့နော်” ဟု ဦးသန်းအေးအောင်က ဆိုသည်။ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ အစည်းများထံသို့လည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ […]


