ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

မြို့ပြဖွံ့ ဖြိုးရေးအတွက် သရက်ချောင်းစည်ပင် သိန်းတစ်သောင်းကျော် သုံးမည်

diz_admin

October 29, 2020

သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့အနေနှင့် လက်ရှိဘဏ္ဍာနှစ်တွင် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်သုံးစွဲမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ထံမှ သိရသည်။ သရက်ချောင်းမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက် ငါးခုနှင့် ကျေးရွာ ရှစ်ရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း၊ မြေသားလမ်း ခင်းခြင်း၊ တံတားဆောက်ခြင်း၊ ရေမြောင်း အသစ်များတူးဖော်ခြင်း၊ ပျံကျဈေးရုံ တည်ဆောက်ခြင်းနှင့် မြို့ပြသာယာလှပ ရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်စွမ်က ပြောသည်။ “မြို့သာယာလှပရေးအတွက် အဓိကထားပြီး မြို့ပေါ်ရပ်ကွက်တွေကို ဦးစားပေးလုပ်တယ်။ မြို့ပေါ်ရပ်ကွက်တွေက ပိုလျှံမှ ကျေးရွာတွေကို ဦးစားပေးအလိုက် လုပ်တာ” ဟု ဦးတင်စွမ်က ဆိုသည်။ ထားဝယ်တိုင်းရင်းသားပန်းခြံတွင် သစ်ပင်ကြီးများခုတ်မှု ဝေဖန်ခံရ သရက်ချောင်းမြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၁၇ ခုမှ တင်ပြလာသည့် လမ်း၊ တံတား၊ […]

ထားဝယ်သီတဂူဆေးရုံတွင် ကိုဗစ်လူနာ ၆၀ ဝန်းကျင်အထိ လက်ခံနိုင်

diz_admin

October 28, 2020

ထားဝယ်မြို့ရှိ သီတဂူဆေးရုံတွင် ကိုဗစ်လူနာ ၆၀ ဝန်းကျင်အထိ လက်ခံနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ သီတဂူဆေးရုံတွင် အောက်တိုဘာလ တတိယအပတ်မှစကာ ကိုဗစ်လူနာ လက်ခံကုသပေးနေပြီး လက်ရှိတွင် ဆရာဝန် အပါအဝင် ကျန်းမာရေးဝန်ထမ်း များကို ပုံသေတာဝန်ချထားကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ဆိုသည်။ လက်ရှိတွင် သီတဂူဆေးရုံတွင် ကုသနေသည့်ကိုဗစ်လူနာ ၁၈ ဦးခန့်ရှိကြောင်း ၎င်းက ဆိုသည်။ “ထားဝယ်ဆေးရုံမှာရတဲ့ အထောက်အကူပစ္စည်းမျိုးရအောင်တော့ အတတ်နိုင်ဆုံးတော့ စီစဉ်ထားတာပေါ့” ဟု ၎င်းက ပြောသည်။ ထားဝယ်ဆေးရုံကြီးတွင် ကိုဗစ်လူနာ ထားရှိနိုင်သည့် ICU Ward (အထူးကြပ် မတ်ကုသဆောင်) နှစ်ဆောင်ရှိပြီး လူနာ ၃၅ ဦးခန့် ကုသပေးနိုင်ကာ လက်ရှိတွင် ၂၂ ဦးခန့်ရှိနေသည်။ တနင်္သာရီတိုင်းအတွင်း အောက်တိုဘာလ […]

တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် နောက်ကွယ်မှ ပြဿနာ

diz_admin

October 28, 2020

မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲလိုက်သည့်နောက်ပိုင်း ရွေးကောက်ပွဲဖြင့် တက်လာသည့် ပြည်ခိုင်ဖြိုးအစိုးရနှင့် NLDအစိုးရလက်ထက် တို့တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက လုပ်ငန်းကဏ္ဍအသီးသီး၌ ရင်းနှီး မြှုပ်နှံလာကြသည်။ တနင်္သာရီတိုင်းတွင်လည်း ရင်းနှီး မြှုပ်နှံသူ ပိုများလာပြီး ဟိုတယ်လုပ်ငန်း၊ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်း၊ ပုလဲမွေး မြူရေးလုပ်ငန်း၊ ကမ်းလွန်သဘာဝဓာတ် ငွေ့တူးဖော်ရေးလုပ်ငန်း စသည့်ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်ဖြစ်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ အထိ သက်တမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံနီးပါး ရှိခဲ့သည်။ အဆိုပါကာလတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ် ၁၇၃ ဘီလီယံ ကျော် ရှိသည်။ လုပ်ငန်း ၄၁ ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ကြခြင်း ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး […]

အတင်းအကျပ်ငွေကောက်ခံနေကြသဖြင့် အသေးစားငွေချေးသမားများ အခက်တွေ့နေ

diz_admin

October 27, 2020

ကိုဗစ်ကာလအတွင်း အတင်းအကျပ်ငွေကောက်ခံခြင်းမပြုရန် အသေးစားငွေချေးလုပ်ငန်းများကို ညွှန်ကြားထားသော်လည်း မြေပြင်တွင်မှု ညွှန်ကြားချက်နှင့်မညီဘဲ ကောက်ခံနေကြကြောင်း ထားဝယ်မြို့ရှိ အသေးစားချေးငွေ ရယူထားသူအချို့က ပြောသည်။ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသည် အောက်တိုဘာလ ၁၃ ရက် ရက်စွဲဖြင့် ကိုဗစ်ကာလအတွင်း အသေးစားငွေချေးသမားများထံ အတင်းအကျပ်ငွေကောက်ခံခြင်း မပြုဘဲ ညှိနှိုင်းတိုင်ပင်သည့်နည်းလမ်းဖြင့် ငွေကောက်ခံရန် ညွန်ကြားထားခဲ့သည်။ သို့သော် မြေပြင်အခြေအနေအတွင်းမှု သက်ဆိုင်ရာဌာနမှ ကြီးကြပ်မှု အားနည်းသဖြင့် ယင်ညွန်ကြားချက်မှာ အသက်မဝင်ဘဲဖြစ်နေကြောင်း ထားဝယ်မြို့ရှိ အသေးစားငွေချေးသမားအချို့က ဝေဖန်ကြသည်။ ထားဝယ်တွင် တွင်ကျယ်လာနေသည့် မဲလိပ်ဆွဲစနစ်ဖြင့် ပစ္စည်းရောင်းသည့်ပုံစံ မြေပြင်တွင် အတင်းအကျပ်ငွေကြေး ကောက်ခံနေသဖြင့် အခက်အခဲတွေ့နေကြောင်းကို တနင်္သာရီတိုင်း အသေးစားငွေရေးကြေးရေးကြီးကြပ်မှုဦးစီးဌာနထံ ဆက်သွယ်အကူအညီတောင်းခံသော်လည်း အကူအညီမပေးသည့်အပြင် အလှောင်ပါခံရသေးကြောင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နေ ကိုစောလေး က ပြောသည်။ ကိုစောလေးသည် အိမ်ရှေ့ပြင်ရပ်ကွက်တွင် ထမင်းဆိုင်တစ်ဆိုင်နှင့် […]

ထားဝယ်တွင် တွင်ကျယ်လာနေသည့် မဲလိပ်ဆွဲစနစ်ဖြင့် ပစ္စည်းရောင်းသည့်ပုံစံ

diz_admin

October 27, 2020

ကိုဗစ်ကာလအတွင်း ထားဝယ်ခရိုင်တွင် မဲလိပ်ဆွဲပြီး ပစ္စည်းရောင်း သည့်ပုံစံတစ်မျိုး တွင်ကျယ်လာနေသည်ကို တွေ့လာရသည်။ ဒေသခံများက ကပ်မဲဟုခေါ်သည့် ယင်းမဲလိပ်ဆွဲ ပစ္စည်းရောင်းသည့်နည်း လမ်းမှာ မဲလိပ်တစ်လိပ်ကို ကျပ်ငါး ဆယ်၊ တစ်ရာဖြင့် ဝယ်ယူရသည်။ ယင်းမဲလိပ်ထဲတွင် ကိန်းဂဏန်းများရေး သားထားသည်။ မဲလိပ်အတွင်းပါကိန်းဂဏန်းနှင့် အပြင်တွင်ချိတ်ဆွဲထားသည့် ပစ္စည်းပေါ်ရှိ ကိန်းဂဏန်းတူညီပါက မဲပေါက် မည်ဖြစ်သည်။ မဲပေါက်ပါက သောင်း ဂဏန်းတန်ဖိုးရှိ ဒန်းအိုး၊ ဒန်ခွက်၊ ဆောင်းဘောက် စသည့်ပစ္စည်းတစ်ခုခုကို ရရှိမည်ဖြစ်သည်။ ယင်းကဲ့သို့ မဲလိပ်ဖြင့် ပစ္စည်းရောင်းသူများသည် ကား၊ သုံးဘီးဆိုင်ကယ် များဖြင့် တစ်ရွာဝင်၊ တစ်ရွာထွက် လိုက်ရောင်းခြင်း၊ အုပ်စုလိုက် မဲဆွဲစေခြင်းတို့ကြောင့် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့လာမည်ကို ဒေသခံအချို့က စိုးရိမ်နေကြသည်။ “ကျွန်တော်တို့ ဒေသမှာ လူတွေ အုပ်စုလိုက်နှာခေါင်းစည်း မတပ်ဘဲ မဲကပ်တွေ ဆွဲနေကြတာ။ […]

ဒေသန္တရအမိန့်မလိုက်နာသည့် ဈေးသည် လေးဦးကို ဈေးရောင်းခွင့်သုံးရက်ပိတ်

diz_admin

October 26, 2020

ဒေသန္တရအမိန့်အား လိုက်နာရန် ပျက်ကွက်သည့် ဈေးသည် လေးဦးအား ဈေးရောင်းချခွင့် သုံးရက်ပိတ်သိမ်းခြင်းဖြင့် အရေးယူထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။ ကမ်းနားဈေးနှင့် ပျံကျဈေးမှ ဈေးရောင်းချနေသူ သုံးဦးနှင့် စည်ပင် သာယာဈေးကြီးမှ ဈေးရောင်းချနေသူ တစ်ဦးမှာ ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ Mask မတပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အောက်တိုဘာ ၂၂ ရက်မှ စတင်ကာ ဈေးရောင်းချခွင့် သုံးရက်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောသည်။ “သူ့ကို အရေးမယူချင်ပေမဲ့လည်း ဒါတွေကို အရေးမယူရင်လည်း အားလုံး ပေါ့လျော့နေမှာစိုးလို့ သတိပေးလိုက်တာပေါ့။ Mask မတပ်ဘဲနေရင် တကယ်ပဲ လုပ်နေပြီ ဆိုတာကို သိအောင်လို့ အဲလို ဆောင်ရွက်လိုက်တာ” ဟု ဦးကျော်ကျော်ဦး […]

မလွှဲတောင်ဂိတ်ဖြတ်ခွင့်မရှိသဖြင့် မွန်နှင့် တနင်္သာရီနယ်စပ်ရှိ ခြံသမားများ အသွားအလာခက်

diz_admin

October 26, 2020

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းခြား မလွှဲတောင်တွင် ဖြတ်သန်းခွင့်မရှိသဖြင့် အနီးအနားရှိ မွန်ပြည်နယ်ရေးမြို့နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှ ရာဘာလုပ်သားများမှာ သွားရေးလာရေး အခက်အခဲဖြစ်နေပြီး ရော်ဘာစေးခြစ်မရ ဘဲဖြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အတွင်းရှိ အလယ်စခန်း၊ ကျောက်ကုတင်း၊ ကော့လှိုင် စသည့်ကျေးရွာများတွင် ရာဘာခြံအချို့ကို မွန်ပြည်နယ်ရေးမြို့တွင်နေထိုင်သူအချို့က ပိုင်ဆိုင်သည်။ မလွှဲတောင်စစ်ဆေးရေးဂိတ်နှင့် ရေးမြို့မှာ မိုင်နှစ်ဆယ်ဝန်းကျင် အကွာအဝေးရှိ သည်။ ယခုကာလသည် မိုးရာသီအကုန် ဆောင်းရာသီအကူး ရော်ဘာခြစ်ရာသီဖြစ်သည်။ သို့သော် ရေးမြို့မှ ရာဘာခြစ် လုပ်သမားများမှာ မလွှဲတောင်ဂိတ်ကို ဖြတ်ပြီး ရေဖြူမြို့နယ်သို့ လာမရဘဲ ဖြစ်နေကြောင်း ရော်ဘာခြံပိုင်ရှင်တစ်ဦးဖြစ်သူ ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်နေ ဦးဟန်ထူးက ပြောသည်။ ထားဝယ်တိုင်းရင်းသားပန်းခြံတွင် သစ်ပင်ကြီးများခုတ်မှု ဝေဖန်ခံရ ယင်းနည်းတူ ရေဖြူမြို့နယ်မှ ရော်ဘာခြံပိုင်ရှင်များမှာလည်း ရေးမြို့ဘက်မှ […]

ထားဝယ်တိုင်းရင်းသားပန်းခြံတွင် သစ်ပင်ကြီးများခုတ်မှု ဝေဖန်ခံရ

diz_admin

October 26, 2020

ထားဝယ်မြို့ရှိ တိုင်းရင်းသားပန်းခြံတွင် သစ်ပင်ကြီးများ ခုတ်လှဲလိုက်သည့်အပေါ် ပြည်သူများအကြား ပြောဆို ဝေဖန်မှုများ ရှိနေသည်။ အဆိုပါ ပန်းခြံရှိ သစ်ပင်ကြီးများကို ယခုလ တတိယအပတ်ခန့်မှစကာ စည်ပင်သာယာရေးအဖွဲ့က ခုတ်လှဲနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ သစ်ပင်ကြီးများခုတ်လှဲပစ်ခြင်းမှာ လုံးဝမလုပ်သင့်သည့်လုပ်ရပ် ဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ ကိုအောင်မျိုးက ဆိုသည်။ “ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ။ ဒီလိုအပင်ကြီးတွေကို ဒီလိုလှဲ ပစ်လို့ရလားဗျာ” ဟု ကိုအောင်မျိုးက ပြောသည်။ သစ်ပင်ကြီးများ ခုတ်လှဲလိုက်သည့် အပေါ် မြေပြင်တွင် ပြောဆိုဝေဖန်မှုများ ရှိသကဲ့သို့ ဖေ့ဘုတ်စာမျက်နှာတွင်လည်း မခုတ်လှဲသင့်ကြောင်း ပြောဆိုသူများနှင့် မျှဝေသူများလည်းရှိနေသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိကမူ လေပြင်းတိုက်ချိန်တွင် ပြိုလဲပြီး အများပြည်သူအတွက် အန္တရာယ်ရှိ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းရန် တိုင်းစည်ပင်သာယာရေးအဖွဲ့ က ညွှန်ကြားထားသည်ဟု ဆိုသည်။ ထို့အပြင် အဆိုပါပန်းခြံအတွင်း […]