တနင်္သာရီတိုင်းအတွင်းက ရွေးကောက်ပွဲ နံနက်ပိုင်း အနှစ်ချုပ်
diz_admin
November 8, 2020ပြီးခဲ့သည့်ရက်ပိုင်းက ထားဝယ်မြို့၊ နေရာအချို့တွင် ဗုံးလန့်မှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပသည့် ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် မဲရုံအသီးသီး၌ မဲလာပေးကြသူများမှာ ပုံမှန်အတိုင်းရှိခဲ့သည်ကို တွေ့ရသည်။ မဲရုံအချို့တွင် မဲရုံစတင်ဖွင့်ချိန်ဖြစ်သည့် နံနက် ၆ နာနီမတိုင်မီကတည်းက တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။ ကိုဗစ်-၁၉ ကူးစက်မှုကပ်ဘေးကြောင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ(၆ ပေ) ရှိနေစေရန် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့က စီစဉ်ညွှန်ကြားခဲ့သော်လည်း စီစဉ်ထားသည့် နေရာအခင်းအကျင်းနှင့် မဲလာပေးသူဦးရေ မမျှတခြင်းကြောင့် မဲရုံအချို့တွင် ယင်းအတိုင်း မရှိခဲ့သည်ကို တွေ့ရသည်။ အချို့နေရာများတွင် စုပြုံတိုးဝှေ့ကြသည်လည်း ရှိသည်။ ထားဝယ်မြို့ပေါ် ရပ်ကွက်နှစ်ခုတွင် ကိုယ်စားမဲပေးမှု နှစ်ခုကို ဖမ်းမိခဲ့ပြီး သက်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားသည်။ အဆိုပါ ကိုယ်စားမဲပေးသူနှစ်ဦးမှာ ၁၈ နှစ် မပြည့်သေးသည့် […]


