ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူတွင် မဲရုံအဖွဲ့ဝင်မှ မဲလက်မှတ်မှားထုတ်ပေး၊ ပယ်မဲသတ်မှတ်

diz_admin

November 8, 2020

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမဲရုံ အမှတ်-၅(မိချောင်းအိုင်မဲရုံ) တွင် မဲလက်မှတ် ၄၈ ရွက်ကို မဲရုံအဖွဲ့ဝင်မှ မှားထုတ်ပေးခဲ့ပြီး ယင်းမဲလက်မှတ်များကို မဲရုံမှူးက ပယ်မဲအဖြစ် သတ်မှတ်ခဲ့ကြောင်း ယင်းကျေးရွာသား ဦးကျော်မိုးဦးက ပြောသည်။ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂) အတွက်ပေးရမည့်မဲလက်မှတ်အစား အမျိုးသားလွှတ်တော်မဲလက်မှတ်ကို မှားယွင်းထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်မိုးဦးကပြောသည်။ “ကျွန်တော်တို့က အဲဒီမဲတွေကို ပယ်မဲအဖြင့်မသတ်မှတ်ပါနဲ့။ မဲဆန္ဒရှင်တွေကို လေးစားသောအားဖြင့် မဲပြန်ပေးခိုင်းပါလို့ တောင်းဆိုတယ်” ဟု ၎င်းက ဆိုသည်။ ပယ်မဲအဖြင့် သတ်မှတ်ခံရသူအမျိုးသမီးလေးဦးကလည်း မဲပြန်ပေးချင်ကြောင်း တောင်းဆိုခဲ့သော်လည်း မဲရုံမှူးက လက်မခံသည့်အပြင် ရေဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း လက်မခံခဲ့ကြောင်း ၎င်းကပြောသည်။ NLD ပါတီ၏ ပြိုင်ဘက်ပါတီတို့ဘက်ကလည်း မဲပြန်ပေးခွင့်တောင်းဆိုသည်ကို လက်မခံသည်သဖြင့် ပဲမဲအဖြင့်သတ်မှတ်ရသည့် အကြောင်းရင်းတစ်ခုဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် NLD၊ USDP၊ UBP၊ NDF၊ မွန်ညီညွတ်ရေးပါတီ […]

ပိန္နဲတောရပ်ကွက် မဲရုံအမှတ် ၃ (အထက၃) NLD အပြတ်အသတ် ဦးဆောင်

diz_admin

November 8, 2020

ပြည်သူ့လွှတ်တော် ဦးအောင်စိန် NLD- 684 မဲဦးမင်းဝေ UBP- 8 မဲဒေါက်တာကျော်ကျော်ဌေး(USDP)-133 မဲ အမျိုးသားလွှတ်တော် ဒေါ်ချိုချိုလွင်(NLD)- 693 မဲနော်ချောချောဝေ(KPP)- 8 မဲဦးမြင့်သိန်း-(UBP)- 7 မဲဦးယုနိုင် -(USDP)- 112 မဲဦးအောင်မျိုး (PPP)- 4 မဲ တိုင်းဒေသကြီးလွှတ်တော်မဲကို ရေတွက်နေဆဲဖြစ်သည်။ သတင်း/ဓါတ်ပုံ- ကိုဇော်/ Dawei Watch

လောင်းလုံး၊ ကမြောကင်းမဲရုံအမှတ်(၁) ကြိုတင်မဲ NLD အနိုင်ရ

diz_admin

November 8, 2020

ပြည်သူ့လွှတ်တော် ဒေါ်ခင်စန္ဒီ NLD-၂၉၈ဦးစိုးမင်း USDP- ၄၇ဦးတင်ရှိန် UBP- ၁၁ပယ်မဲ- ၃ အမျိုးသားလွှတ်တော် ဒေါ်ဥမ္မာခင် NLD- ၂၈၆ဦးမြင့်သိန်း UBP- ၁၇ဦးနေမျိုး USDP- ၄၉ပယ်မဲ- ၇ တိုင်းဒေသကြီးလွှတ်တော် ဦးဗိုလ်ထွေး NLD- ၂၈၇ဒေါက်တာဝင်းအောင် USDP- ၄၇ဦးဟိန်းမင်းဦး DNP- ၉ဦးအုန်းကြည် UBP- ၈ပယ်မဲ- ၈ ဓါတ်ပုံ- ဟိန်းဇော်ကို/ Dawei Watch

ကျောက်မော်ရပ်ကွက်တွင် ၃၅ ရာခိုင်နှုန်းမဲလာမပေး

diz_admin

November 8, 2020

ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက်မဲရုံတွင် မဲဆန္ဒရှင်စာရင်း ၁၂၉၉ ဦးရှိသည့်အနက်ကြိုတင်မဲပေးသူ ၃၁၉ ဦး နှင့် မဲရုံသို့ လာရောက်မဲပေးသူ ၅၂၄ ဦး ရှိခဲ့ပြီး ၄၅၆ ဦး(၃၅ ရာခိုင်နှုန်း)မှာ မဲလာမပေးကြောင်း မဲရုံမှူး ဒေါ်ဌေးဝင်းထံမှ သိရသည်။ ဓါတ်ပုံ- တင်ဌေး/ Dawei Watch

ကရပ်ပြင်မြောက်ရပ်ကွက်တွင် မဲလာမပေးသူ လေးရာကျော်ရှိ

diz_admin

November 8, 2020

ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက် မဲရုံအမှတ် ၅ တွင် မဲစာရင်း ၁၃၁၂ ရှိသည့်အနက် ကြိုတင်မဲ ၂၃၅ မဲ၊ မဲလာပေးသူ ၆၄၆ မဲရှိသဖြင့် မဲလာမပေးသူ ၄၃၁ ဦး(၃၃ ရာခိုင်နှုန်းဝန်းကျင်)ရှိကြောင်း မဲရုံမှူး ဒေါ်ဟန်သီစိုးထံမှ သိရသည်။ ဓါတ်ပုံ- တင်ဌေး/ Dawei Watch

ထားဝယ်မြို့ ဗုံးထောင်သည့်ဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲနေ့ လုံခြုံရေးတင်းကျပ်

diz_admin

November 8, 2020

ပြီးခဲ့သည့် သုံးရက်က ဗုံးထောင်သည့် ဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ယခင်ထက် လုံခြုံရေးပိုမိုတင်းကျပ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပတ္တလားတံတားအနီးတွင် နိုဝင်ဘာလ ၅ ရက်နေ့က ဗုံးတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထိုနောက် ဗုံးထောင်သူဟုယူဆရသည့် အသက် ၃၀ နှစ်ဝန်းကျင် အမျိုးသားအား နောက်တစ်ရက် နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်၊ သဘော့ဆိပ်ကျေးရွာရှိ ၎င်းနေထိုင်ရာ နေအိမ်တွင် ဖမ်းမိခဲ့သည်။ အထက်ပါ အမျိုးသားကို စစ်ဆေးချက်အရ ထားဝယ်မြို့ပေါ်ရှိ ထိန်သစ်ရပ်ကွက်နှင့် မြောင်းပုလဲတံတားအနီးတွင် ထောင်ထားသည့် လက်လုပ်မိုင်းများကို ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်။ “ကျွန်တော်တို့ ကြိုပြီးတော့ မိလိုက်တဲ့အတွက်လည်း အဆင်ပြေသွားတာပေါ့ဗျာ၊ အားလုံး။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတာ ပေါ့နော်” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ […]

ရေဖြူမြို့နယ်၊ ကလိန်အောင်၊ ဇင်းဘာမဲရုံ အမှတ် ၂ တွင် မဲအားလုံး USDP ရ

diz_admin

November 8, 2020

အဆိုပါ ဇင်းဘာမဲရုံ အမှတ် ၂ သည် အမှတ် ၄၁၀ ခြေမြန်တပ်ရင်းမှ တပ်မိသားစုဝင်များ ဆန္ဒမဲပေးသည့် မဲရုံဖြစ်သည်။ ပြည်သူ့လွှတ်တော် USDP- ၁၉၆ မဲတစည- ၀UBP- ၀NLD- ၀NDF- ၀ အမျိုးသားလွှတ်တော် USDP- ၁၉၇ မဲUBP- ၀NLD- ၀NDF- ၀ တိုင်းဒေသကြီးလွှတ်တော် USDP- ၁၉၇ မဲတစည- ၀UBP- ၀NLD- ၀NDF- ၀DNP- ၀KPP- ၀ တိုင်းရင်းသားရေးရာဝန်ကြီး USDP- ၄ မဲတစည- ၀UBP- ၀NLD- ၀NDF- ၀PPP- ၀တစ်သီးပုဂ္ဂလ- ၀

သုံးပုံနှစ်ပုံဝန်းကျင် အခြေအနေကောင်းဟု ဒေါက်တာညိုညိုသင်းပြော

diz_admin

November 8, 2020

ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိရန်သုံးပုံနှစ်ပုံဝန်းကျင်(၆၅ ရာခိုင်နှုန်းဝန်းကျင်) အခြေအနေရှိနေကြောင်း ဒေါက်တာညိုညိုသင်းက ပြောဆိုလိုက်သည်။ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲပေးနေမှုများ မပြီးသေးခင် နေ့ခင်းပိုင်းတွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါခန့်မှန်းချက်မှာ ပြီးခဲ့သည့် မဲဆွယ်ကာလအတွင်း လူထု၏ ထောက်ခံမှုအခြေအနေအပေါ် သုံးသပ်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်အနေနှင့် စီမံခန့်ခွဲမှုကိစ္စနှင့် ကြိုတင်မဲကောက်ယူခြင်းလုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိနေခဲ့မှုကို ၎င်းက ထောက်ပြဝေဖန်ခဲ့ပြီး ယင်းကြောင့် ကြိုတင်မဲများ၏ ရလဒ်တွင်မူ သူ့အနေနှင့် ဆုံးရှုံးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ ထို့အပြင် ယင်းမဲဆန္ဒနယ်မြေအတွင်း သူ့နာမည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိသည့် မဲလက်မှတ်အတုများလည်း ထွက်ပေါ်ခဲ့သည်ဟု ဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ အသက် ၆၀ နှင့်အထက် […]