အထူးရဲသင်တန်း အောက်တိုဘာလဆန်းတွင် ပေးမည်
diz_admin
October 2, 2020ရွေးကောက်ပွဲလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲများကို အောက်တိုဘာလဆန်းတွင် သင်တန်းပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သင်တန်းမှာ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်တွင်ပင် ပြုလုပ်မည်ဖြစ်သည်။ “မြို့နယ်အလိုက် မဲရုံအရေအတွက်နဲ့ ညီမျှတဲ့ အထူးရဲတွေကို မြို့နယ်အလိုက် (သင်တန်း) ပေးမှာ” ဟု ယင်း တာဝန်ရှိသူက ပြောသည်။ “နိုလ်” မုန်တိုင်းဒဏ်သင့်သူများအတွက် ထောက်ပံ့ကြေး မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်း ခန့်အပ်မည်ဖြစ်ပြီး ၎င်းတို့ကို ရဲတပ်သား လစာ၊ နေ့တွက်ရိက္ခာစရိတ်နှင့် ယူနီဖောင်း ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရဲတပ်သားတစ်ဦး၏ လစာမှာ ၁၄၄၀ဝ၀ ကျပ်ရှိပြီး ရိက္ခာစရိတ်မှာ တစ်ရက်လျှင် ၁၈၀ဝ ကျပ်နှုန်း ခံစားခွင့်ရှိသည်။ လတ်တလောစာရင်းများအရ တိုင်းအတွင်း အထူးရဲ […]


