ရန်ကုန်မှ ထားဝယ်သို့ ခရီးသည် ခိုးသယ်သည်ဆိုသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကိစ္စ စုံစမ်းစစ်ဆေးမည်
diz_admin
November 23, 2020ရန်ကုန်မြို့တွင် သောင်တင်နေသည့် ထားဝယ်ဒေသခံများကို ကားဖြင့် ခိုးသယ်သည်ဆိုသည့်အပေါ် ထားဝယ်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးအား စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းပြင်း ထန်လာသည့် အောက်တိုဘာလဆန်းတွင် တိုင်းကျော်ခရီးသွားလာခွင့်ကို စတင် ကန့်သတ်ခဲ့သည်။ ထိုကြောင့် ရန်ကုန်ရောက် တနင်္သာရီ တိုင်းသားများမှာ ရန်ကုန်မြို့တွင် ပိတ်မိ နေခဲ့ကြသည်။ ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ် သောင်တင်နေသည့် တိုင်းသားအချို့မှာ စားဝတ်နေရေး အခက်အခဲကြုံ လာသည့်အတွက် စက်ဘီးစီးပြီး တစ်ကိုယ်တော် ခိုးပြန်လာသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ကုန်တင်ကားဖြင့် ခိုးလာလိုက်သည့် ဖြစ်စဉ်များလည်း ရှိလာသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် မြို့ ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက အခငွေကြေးယူကာ ထားဝယ်ဒေသသို့ ပြန်လိုသူများကို ကားဖြင့်ခိုးသယ်နေသည်ဟု ကြားသိရကြောင်း ကိုဗစ်ထိန်း […]


