ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဟိန္ဒူဘုရားပွဲ မကျင်းပဖြစ်

diz_admin

October 20, 2020

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟိန္ဒူ မမဘုရားပွဲတော်ကို ကိုဗစ်ကပ်ဘေးကြောင့် ကျင်းပတော့မည်မဟုတ်ကြောင်း အဆိုပါ ဘုရားကျောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်ရှိ မမဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁ ရက်နေ့တွင် စတင်ကျင်းပလေ့ရှိပြီး မိုးရာသီအကုန်တွင် ထားဝယ်မြို့ဒေသ၌ ကျင်းပလေ့ရှိသည့် ပွဲတော်များအနက် အစောဆုံးပွဲတော်လည်း ဖြစ်သည်။ ယခုနှစ်တွင်မူ ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့်အတွက် ပျော်ပွဲရွှင်ပွဲ ပါဝင်သည့် ပွဲတော်ကိုကျင်းပတော့မည်မဟုတ်ဘဲ ဘုရားကျောင်း ဂေါပကအဖွဲ့ ဝင်များဖြင့်သာ ဝတ်ပြုဆုတောင်းတော့ မည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးအောင်သန်းက ဆိုသည်။ ပွဲတော်မကျင်းပဖြစ်ခြင်းမှာ ဆယ်စုနှစ်များစွာတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် ပွဲတော်ကာလအတွင်း ယုံကြည်သူများဆက်သသည့် ကန်တော့ပွဲကိုလည်း လက်ခံတော့မည်မဟုတ်ကြောင်း ဦးအောင်သန်းက ပြောသည်။ “ကျွန်တော်တို့က လက်မခံဘူးလို့ အားလုံးတိုင်ပင်ဆွေးနွေးထားကြ တယ်” ဟု ၎င်းက ဆိုသည်။ […]

တီဇစ်အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် ထပ်တိုင်ခံရ

diz_admin

October 20, 2020

အစိုးရက အခြေခံလူတန်းစားများကို ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ငွေ အပါအဝင် အခြားငွေကြေးကိစ္စများကို အလွဲသုံးစား ပြုလုပ်သည်ဟုဆိုကာ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွာသူ ရွားသားများက ဒုတိယအကြိမ် ထပ်မံ တိုင်ကြားလိုက်ပြန်သည်။ ပထမအကြိမ်တိုင်ကြားစဉ်က ကိုဗစ်ထောက်ပံ့ငွေကိစ္စတစ်ခုတည်းကို သာ စစ်ဆေးခဲ့ပြီး အခြားအချက်များကို စစ်ဆေးခဲ့ခြင်း မရှိဟုဆိုကာ အောက်တိုဘာလ ၆ ရက်နေ့တွင် ထပ်မံတိုင်ကြားခဲ့ ခြင်းဖြစ်သည်။ တိုင်ကြားစာတွင် အချက်ခုနစ်ချက်ကို တိုင်ကြားထားသော်လည်း ကိုဗစ် ထောက်ပံ့ငွေတစ်ခုတည်းကိုသာ စစ်ဆေးခဲ့ကြောင်း တိုင်ကြားရာတွင် ဦးဆောင် ပါဝင်ခဲ့သည့် တီဇစ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ ကိုဗစ်ထောက်ပံ့ငွေ အပါအဝင် အခြားငွေကြေးကိစ္စများ အလွဲသုံးသည်ဟုဆိုကာ တီဇစ်အုပ်ချုပ်ရေးမှူး အတိုင်ခံရ ထို့အပြင်စစ်ဆေးရေးအဖွဲ့မှ ဒေသခံများကို နှစ်ကြိမ်ခေါ်ယူစစ်ဆေးခဲ့သော်လည်း လက်ရှိအချိန်ထိ အကြောင်းပြန် ကြားချက်မရှိဘဲ စစ်ဆေးရေးအဖွဲ့က အချိန်ဆွဲနေသည့်အတွက် ဒုတိယအကြိမ် ထပ်မံတိုင်ကြားခြင်းဖြစ်ကြောင်း […]

မဲရုံဝန်ထမ်းများကို မည်သည့်ပုံစံဖြင့် သင်တန်းပေးမည်ကို မသိရသေး

diz_admin

October 20, 2020

တိုင်းအတွင်းရှိ မဲရုံဝန်ထမ်းများကို ကိုဗစ်ရောဂါ ကူးစက်မှုမရှိစေရန် မည်သည့်ပုံစံဖြင့် သင်တန်းပို့ချမည်ကို မသိရ သေးဖြစ်နေကြောင်း တိုင်းရွေးကောက် ပွဲကော်မရှင်ထံမှ သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှလည်း ရွေးကောက်ပွဲကျင်းပရန် တစ်လနီးပါးခန့်သာကျန်သည့် အချိန်အထိ မဲရုံဝန်ထမ်းများကို သင်တန်းပေးမည့်ကိစ္စ အကြောင်းကြားလာခြင်းမရှိသေးကြောင်း ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးသန်းညွန့်က ပြောသည်။ နေပြည်တော်တွင် သင်တန်းတက် သွားရမည့် တိုင်းရွေးကောက်ပွဲကော် မရှင်မှ ဝန်ထမ်းများအနေဖြင့် အသွား၊ အပြန် နှစ်ကျော့စလုံးတွင် ကွာရန်တင်း ဝင်ရ/ မဝင်ရဆိုသည်မှာလည်း မသေချာသေးဘဲ ဖြစ်နေသည်။ အောက်တိုဘာလ ၉ ရက်တွင် နေပြည်တော်သို့ မဲလက်မှတ်သွားယူမည့် ဝန်ထမ်းများမှာမူ အပြန်တွင် ကွာရန်တင်း ဝင်စရာမလိုကြောင်း ဦးသန်းညွန့်က ပြောသည်။ နေပြည်တော်သို့ သွားရောက် မည့်သူများကိုလည်း ကိုဗစ်စစ်ဆေး ထားပြီး ရောဂါမရှိသူများကိုသာ စေလွှတ်မည်ဖြစ်သည်။ […]

ကုန်ကားသမားများအား ကိုဗစ်စစ်ခ ကျပ်တစ်သောင်းလျော့

diz_admin

October 19, 2020

ကုန်တင်ကားသမားများအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးရာတွင် စစ်ဆေးခကို တစ်ဝက်လျှော့ချလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ယခင်က တစ်ကြိမ်စစ်ဆေးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ကောက်ခံခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှ စကာ ကျပ်တစ်သောင်းသာ သတ်မှတ်ခဲ့ကြောင်း အထက်ပါဌာန ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာဥက္ကာက ဆိုသည်။ ရောဂါစစ်ဆေးပြီးပါက ပိုးမတွေ့ ရလျှင် ကိုဗစ်မရှိကြောင်း ထောက်ခံချက် ထုတ်ပေးပြီး ယင်းထောက်ခံချက်၏ သက်တမ်းမှာ သုံးရက်ဖြစ်သည်။ မိမိခရီးသွားတဲ့ ဒေသမှ သုံးရက်အတွင်း ပြန်လည်ရောက်ရှိလျှင်မူ ထပ်မံ စစ်ရန် မလိုအပ်ကြောင်း ဒေါက်တာ ဥက္ကာက ဆိုသည်။ ထားဝယ်မြို့မှ ရှစ်မိုင်အကွာတွင်ရှိ သည့် ကုန်တင်ယာဉ်ယာယီရပ်နားစခန်းအနီးတွင် ကိုဗစ်စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ စစ်ဆေးပေးနေခြင်း ဖြစ်သည်။ အဆိုပါစခန်းတွင်စစ်ဆေးချက်အရ လက်ရှိအချိန်ထိ ကားသမားငါး […]

မူးယစ်ဆေးသမား ခိုအောင်းသဖြင့် လေယာဉ်ကွင်းချုံများ ရှင်း

diz_admin

October 19, 2020

ထားဝယ်လေယာဉ်ကွင်းနှင့် တိုင်းအားကစားကွင်းဘေးရှိ နေရာတွင် ထူထပ်စွာပေါက်ရောက်နေသည့် ချုံနွယ်များအတွင်း မူးယစ်ဆေး ဝင်ရောက် သုံးစွဲသူများ ရှိသည့်အတွက် ရှင်းလင်းခြင်းကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ အဆိုပါနေရာမှာ ယခင်က အမှတ် ၂၅ ခြေလျင်တပ်ရင်းနေရာဖြစ်ခဲ့ဖူးပြီး လေယာဉ်ကွင်းတိုးချဲ့ချိန်တွင် ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။ ခြေလျင်တပ်ရင်း ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် ချုံနွယ်များ ထူထပ်စွာ ပေါက်ရောက်နေခဲ့သည်။ မေဃဝတီဆရာတော် ကိုဗစ်ပိုး ကူးစက်ခံရ၊ ကျန်းမာရေး ကောင်းမွန် အဆိုပါနေရာတွင် မူးယစ်ဆေး သုံးစွဲသူများက ဝင်ရောက်သုံးစွဲနေကြ သည့်အတွက် ၎င်း၏အစီအစဉ်ဖြင့် ရှင်းလင်းနေခြင်းဖြစ်ကြောင်း ဦးအောင်စိုးမိုး က ဆိုသည်။ “အခုတော့ သာယာသွားပြီလေ။ သာယာသွားပြီဆိုတော့ ဘာလုပ်မလဲ ဆိုတာ ပုံဖော်မှာကတော့ ပြီးမှ စဉ်းစားမယ်” ဟု ၎င်းက ပြောသည်။ အဆိုပါနေရာမှာ လေယာဉ်ကွင်း ပိုင်မြေနေရာဖြစ်ပြီး ထားဝယ်ဒေသခံ […]

မေဃဝတီဆရာတော် ကိုဗစ်ပိုး ကူးစက်ခံရ၊ ကျန်းမာရေး ကောင်းမွန်

diz_admin

October 19, 2020

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းထိုင်နေသည့် မေဃဝတီ ဆရာတော်မှာ ကိုဗစ်ရောဂါကူးစက်ခံ ရပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ဆရာတော်မှာ ထားဝယ်သားဖြစ်သည့်အပြင် စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ လောင်းလုံးမြို့နယ်၊ သဝင်ကျေးရွာမှ ကိုဗစ်ပိုးတွေ့လူနာများ ရန်ကုန် တွင် ဆေးကုသမှုခံယူစဉ်က မေဃဝတီ ကျောင်းတိုက်တွင် ခဏတာ တည်းခိုနေ ထိုင်ခဲ့ဖူးသည်။ သဝင်ကျေးရွာသားများ ရွာပြန်သွားပြီး များမကြာခင် ဆရာတော်မှာ နေထိုင်မကောင်းဖြစ်လာသဖြင့် အာရှ တော်ဝင်ဆေးရုံသို့ ပြသခဲ့သည်။ ယင်းနောက် ကိုဗစ်ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ဆေးရုံသို့ ပြောင်းလဲဆေးကုသမှုခံယူနေခြင်း ဖြစ်သည်။ အောက်တိုဘာလ ၁၆ ရက်က ဆရာတော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ကျန်းမာရေးကောင်းမွန်နေကြောင်း မိန့်ကြားခဲ့သည်။ “ကျန်းမာရေးကောင်းပါတယ်။ ဖျားလည်းမဖျားတော့ဘူး။ ခေါင်းလည်း မကိုက်တော့ဘူး။ […]

ရွေးကောက်ပွဲ အထူးရဲလေးဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

October 19, 2020

ရွေးကောက်ပွဲကာလတွင် တာဝန် ထမ်းဆောင်မည့် တနင်္သာရီတိုင်းအတွင်းမှ အထူးရဲသင်တန်းသားလေးဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထူးရဲအဖြစ် တာဝန်ထမ်းဆောင် မည့်သူများကို အောက်တိုဘာလဆန်း ပိုင်းမှစကာ ငါးပတ်အကြာ သင်တန်းပေးနေစဉ် တွေ့ရှိရခြင်း ဖြစ်သည်။ အထူးရဲသင်တန်းသား ၁၂၅၇ ဦးနှင့် သင်တန်းနည်းပြများ အပါအဝင် စုစုပေါင်း ၁၄၅၇ ဦးကို ကိုဗစ်ပိုးစစ်ဆေးရာ သင်တန်းသား ၄လေးဦးတွင် ပိုးတွေ့ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ပုလော၊ ကော့သောင်း၊ ဘုတ်ပြင်းနှင့် ကျွန်းစုမြို့နယ်တို့မှ အထူးရဲသင်တန်း သားတစ်ဦးစီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်သည့် သင်တန်းသားများတွင် ပိုးမတွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။ ပိုးတွေ့သည့် အဆိုပါလေးဦးကို သင်တန်းမှ အနားပေးခဲ့ပြီး အစားထိုးရွေးချယ်လိုက်ကြောင်း ၎င်းက ဆိုသည်။ အထူးရဲများကို စစ်ရေးပြဘာသာရပ်အပြင် […]

ပစ္စည်းပို့သူများပြားသဖြင့် ထားဝယ်စာတိုက် ဝန်နှင့်အား မမျှ

diz_admin

October 17, 2020

ကိုဗစ်ကာလအတွင်း ထားဝယ်စာတိုက်မှတစ်ဆင့် ပစ္စည်းပို့သူ များပြားနေသဖြင့် ဝန်နှင့်အားမမျှဘဲဖြစ်နေကြောင်း ယင်းစာတိုက်ဝန်ထမ်းများက ဖွင့်ဟကြသည်။ အောက်တိုဘာလ ၁ ရက်က ထားဝယ်စာတိုက်ကို သွားကြည့်ခဲ့ရာ တစ်ရုံးလုံးနီးပါးတွင် ပစ္စည်းများဖြင့် ပြည့်နေသည်ကို တွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့် ထားဝယ်စာတိုက်တွင် ယင်းကဲ့သို့ ပစ္စည်းများ များပြားလေ့မရှိပေ။ “လူနှစ်ဆယ်လုပ်ရမယ့် အလုပ်ကို လူခြောက်ယောက်တည်းက လုပ်နေရတယ်” ဟု ဝန်ထမ်းတစ်ဦးကဆိုသည်။ ယင်းကဲ့သို့ ပစ္စည်းပို့သူများပြားသဖြင့် လက်မလည်အောင်အလုပ်လုပ်နေရ သည်မှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားသည့် မတ်လကတည်းကဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။ ထားဝယ်မှနေပို့သည့် ပစ္စည်းမှာ နည်းပါးပြီး အခြားမြို့များမှ ထားဝယ်သို့ ပို့လာသည့် ပစ္စည်းက ဆယ်ဆခန့်ပိုများကြောင်း ထားဝယ်စာတိုက်ဝန်ထမ်းတစ် ဦးက ရှင်းပြသည်။ တနင်္သာရီတိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီးရုံးမှ တာဝန်ခံအရာရှိ ဦးအောင်မြင့်ထွန်းကလည်း ပစ္စည်းပို့သူအရေအတွက်သည် ကိုဗစ် ကပ်ဘေးမတိုင်ခင်ကထက် နှစ်ဆဖြစ်လာကြောင်း […]