ရောင်စုံဘလောက်တုံးရောင်းအား ထက်ဝက်ခန့်ကျ
diz_admin
November 26, 2020ရောင်စုံအုတ်ဘလောက်တုံးများ ထက်ဝက်ခန့်ရောင်းအားကျဆင်းလာကြောင်း ရောင်စုံအုတ်နှင့် ကွန်ကရစ် ပစ္စည်းထုတ်လုပ်လုပ်ရောင်းချသူများထံ က သိရသည်။ ရောင်းအားကျဆင်းလာသည်မှာ လေးလခန့်ရှိပြီဖြစ်ကြောင်း ထားဝယ်၊ ဆန်းချီရပ်မှ ရောင်စုံအုတ်နှင့် ကွန်ကရစ် ကျောက်ပြားလုပ်ငန်းရှင် ကိုစိုးထိုက်က ပြောသည်။ “ကိုဗစ်ကာလမှာတော့ ဒီအတိုင်းပဲ ပုံမှန်လေးပဲ သွားနေတယ်။ အရင်တုန်းကထက်တော့ နည်းနည်းလျော့ကျသွား တာပေါ့နော်” ဟု ကိုစိုးထိုက်က ဆိုသည်။ ရောင်စုံကွန်ကရစ်ဘလောက်တုံးများကို ၂၀၁၈ ခုနှစ်ခန့်တွင် တစ်ရက် ၂၀ဝ ခန့်သာထုတ်လုပ်ခဲ့ရသော်လည်း ၂၀၁၉ ခုနှစ်တွင် တစ်ရက် ၁၀ဝ၀ ခန့် ထုတ်လုပ်ရသည်အထိ ဈေးကွက်ကောင်းခဲ့သည်ဟု ကိုစိုးထိုက်က ပြောသည်။ ကိုဗစ်ကာလဒုတိယလှိုင်းတွင် ရောင်းအား ထက်ဝက်ခန့်ကျဆင်းသွားသဖြင့် တစ်ကျင်းလျှင် ၁၅၀ဝ ကျပ်မှ ၂၀ဝ၀ ကျပ်ခန့်လျော့ပေးကာ ရောင်းနေရ သည့်အခါများလည်းရှိသည်ဟု ကွန်ကရစ် လုပ်ငန်းလုပ်ကိုင်သူ ဦးဘမြင့်က ပြောသည်။ […]


