ရှစ်တန်းအောင်သူများ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့ဝင်အဖြစ် လျှောက်နိုင်
diz_admin
December 8, 2020ရှစ်တန်းအောင်မြင်ပြီးသူများအနေနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့တွင် တပ်သားအသစ် လျှောက်ထားနိုင်ကြောင်း အဆိုပါတပ်ဖွဲ့ ထံမှ သိရသည်။ အသက် ၁၈ နှစ်မှ အသက် ၃၀ နှစ်အတွင်းရှိ အမျိုးသားများ အဆိုပါ ရဲတပ်ဖွဲ့သို့ ဝင်လိုပါက ထားဝယ်မြို့၊ အာဇာနည်လမ်းရှိ အမှတ် ၁၈ တပ်ဖွဲ့စု မှူးရုံးခန်းတွင် လျှောက်ထားနိုင်ကြောင်း တပ်ဖွဲ့စုမှူး ရဲအုပ်တင့်နိုင်ဝင်းက ဆိုသည်။ အမျိုးသမီးများအတွက်ကိုမူ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိရမည်ဖြစ်ပြီး အပျိုဖြစ်ရမည်ဖြစ်ကာ ပညာ အရည်အချင်းကို ဒုတိယနှစ်အောင်မြင်ပြီး ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးစလုံး၏ အရပ်အမြင့်မှာ ငါးပေ သုံးလက်မ အနည်းဆုံးရှိရမည်ဖြစ်သည်။ ရဲတပ်သားအဖြစ်သင်တန်းတက်ရောက်ပြီးပါက နိုင်ငံခြားဘာသာသင်တန်းများကိုလည်း တက်ရောက်ခွင့်ရ မည်ဖြစ်ကြောင်း ရဲအုပ်တင့်နိုင်ဝင်းက ပြောသည်။ လျှောက်လွှာလာလျှောက်သည့် ရက်မှစပြီး နေစရိတ် […]


