တနင်္သာရီတိုင်းအစိုးရ ဘတ်ဂျက်လိုငွေ ပိုများလာ
diz_admin
October 31, 2020တနင်္သာရီတိုင်းအစိုးရ၏ ဘတ်ဂျက်လိုငွေမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာသည်။ လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တိုင်းအစိုးရ၏ လိုငွေမှာ ငွေကျပ် ၁၇၁ ဘီလီယံကျော် အထိရှိနေသည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်၏ လိုငွေမှာ ကျပ် ၁၆၀ ဘီလီယံနီးပါးသာ ရှိသည်။ ထိုကြောင့် ယခုဘဏ္ဍာနှစ်၏ ဘတ်ဂျက်လိုငွေက ယခင်ဘဏ္ဍာနှစ်ထက် ငွေကျပ် ၁၁ ဘီလီယံ(သန်းပေါင်း တစ်သောင်းတစ်ထောင်)ခန့် ပိုလာခြင်း ဖြစ်သည်။ တိုင်းအစိုးရ၏ ဘတ်ဂျက်လိုငွေ ပိုများလာခြင်းမှာ တိုင်းအတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲမည့်ပမာဏ ပိုများလာခြင်းကြောင့်ဖြစ်ကြောင်း ရသုံးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေလင်းထက်က ရှင်းပြသည်။ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကိုယ့်တိုင်းရဲ့ ရငွေက နည်းတဲ့အတွက်ကြောင့် အဲဒီလိုငွေတွေအားလုံးကို ပြည်ထောင်စုက ထောက်ပံ့တာ” ဟု ဦးနေလင်းထက်က ပြောသည်။ တိုင်းအစိုးရက […]


