BREAKING
October 27, 2025

ထားဝယ်

လိုင်စင်မရှိသည့် လက်ကိုင်လွှစက်များ တစ်နှစ်အတွင်း အပ်ရမည်

diz_admin

August 26, 2020

သစ်တောဦးစီးဌာနတွင် တရားဝင် လိုင်စင်ပြုလုပ်ထားခြင်းမရှိဘဲ ကိုင်ဆောင် အသုံးပြုနေသည့် လက်ကိုင်လွှစက် (Chain Saw) များကို တစ်နှစ်အတွင်း လာရောက်အပ်နှံရမည်ဖြစ်ကြောင်း တိုင်းသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်းက ပြောသည်။ ယင်းအပြင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် လက်ကိုင်လွှစက်တင်သွင်း ရောင်းချနေသည့် ကုမ္ပဏီ၊ အရောင်းဆိုင် များအနေနှင့် တင်သွင်းလာသည့် စက်အမျိုးအစား၊ စက်အင်အား၊ စက်အရေအတွက်နှင့် ရောင်းထွက်သွားသည့် စက် စာရင်းကို သစ်တောဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ထံတွင် လစဉ်စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။ နှာခေါင်းစည်းများ ဈေးပြန်တက် “ဒီလို ပြန်သိမ်းလိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ သစ်တော များပြုန်းတီးခြင်းကို အထိုက်အလျောက်တော့ အထောက်အကူဖြစ်သွားမှာပေါ့” ဟု ၎င်းက ဆိုသည်။ သစ်တောများပြုန်းတီးခြင်းသည် လက်ကိုင်လွှစက်တစ်ခုတည်းကြောင့် မဟုတ်သော်လည်း ယင်းစနစ်ကို အခြား နိုင်ငံများတွင်လည်း ကျင့်သုံးလုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။ ယခု […]

နှာခေါင်းစည်းများ ဈေးပြန်တက်

diz_admin

August 26, 2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများ ဆက်တိုက်တွေ့ရှိလာရပြီး နောက်ရက်ပိုင်းအတွင်း နှာခေါင်းစည်း (Mask) ဈေးများ မြင့်တက်လျက်ရှိသလို ဆိုင်အချို့တွင် ပစ္စည်းပြတ်လပ်သွားခဲ့သည်။ ယခင်က နှာခေါင်းစည်း ၅၀ ခုပါ တစ်အုပ်လျှင် ကျပ် ၂၀ဝ၀ ခန့်ရှိခဲ့ရာမှ ယခုအခါ ကျပ် ၆၅၀ဝ အထိဖြစ်နေကြောင်း ထားဝယ်မြို့၊ ဆေးဆိုင်ရောင်း သူအချို့က ပြောသည်။ ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ “ဈေးကတော့ တစ်နေ့တစ်ဈေး ဖြစ်နေတယ်။ မနေ့တုန်းက ဈေးကို ရွှေ ဈေးမျိုးဖြစ်သွားတယ်” ထားဝယ်မြို့၊ ဈေးကြီးမြောက်ဘက်ခြမ်းရှိ ပန်းရနံ့ မွှေးကြိုင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်မှ ဆိုင်ရှင် ဦးစိုးကြိုင်က ပြောသည်။ ရန်ကုန်မှ မှာယူထားသည့် ပစ္စည်းမှာလည်း ယနေ့၊ သြဂုတ်လ […]

ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ

diz_admin

August 26, 2020

လောင်းလုံးမြို့နယ်၊ ကျောင်တွင်း ကျေးရွာရှိ ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ဘဲ အများပြည်သူပိုင် နေရာတစ်ခုသာဖြစ်ကြောင်း ကမ်းခြေများကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူ ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းကမ်းခြေသဲသောင်ပြင်တွင် ရောင်းချနေသည့် စားသောက်ဆိုင်ပိုင်ရှင်အများစုမှာ ကမ်းခြေမြေနေရာသည် အများပြည်သူပိုင်နေရာဟု မသိကြဘဲ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည်ဟုသာ ထင်မြင်ယူဆနေကြသည်။ ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ ယင်းသို့ထင်မြင်ရသည့်အကြောင်းမှာ ပြီးခဲ့သည့်နှစ်က ကုမ္ပဏီတစ်ခုက ဖိုးဖိုးကျောက်ကမ်းခြေကို ၎င်းတို့ ပိုင်ဆိုင်သည်ဟုဆိုကာ ပင်လယ်ကမ်းခြေရေစပ် အထိ မှတ်တိုင်လာစိုက်ခဲ့ဖူးကြောင်း ယင်းကမ်းခြေတွင် ရောင်းချနေသော စားသောက်ပိုင်ရှင်အချို့က ဖွင့်ပြောကြ သည်။ ထို့အပြင် ကမ်းခြေတွင် စားသောက်ဆိုင်များကို ရောင်းချခွင့်ပေးတော့မည် မဟုတ်ကြောင်းလည်း ကုမ္ပဏီဝန်ထမ်းဟုဆိုသူတို့က ပြောဆိုမှုများရှိကြောင်းလည်း ၎င်းတို့က ပြောသည်။ ယခုနှစ် သြဂုတ်လ ဒုတိယအပတ်ကလည်း ၎င်းကုမ္ပဏီကပင် အလားတူ မှတ်တိုင်များ လာရောက်စိုက်ထူခဲ့ကြောင်း […]

သွေးလွန်တုပ်ကွေးနှိမ်နှင်းရေး ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေး ပူးပေါင်း

diz_admin

August 26, 2020

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ခြင်းအတွက် ရပ်ကွက်၊ ကျေးရွာများအတွင်း ပိုးလောက်လန်း စစ်ဆေးရှိရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ အကူအညီကိုလည်းရယူလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ကျန်းမာရေးဝန်ထမ်းများအနေနှင့် ရပ်ကွက်များအတွင်း စစ်ဆေးရာတွင် ပိုးလောက်လန်းတွေ့ရှိရသည့် နေအိမ်များကို စာရင်းမှတ်ယူကာ အုပ်ချုပ်ရေးမှူးထံ ပေးပို့ကာ လိုအပ်သလို ညွှန်ကြားစေခြင်း ဖြစ်သည်။ နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေး ကျန်းမာရေးဝန်ထမ်းမှ ခြင်နှင့် ပိုးလောက်လန်းနှိမ်နှင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယခင် တစ်ပတ်တွင် လိုက်လံစစ်ဆေးခဲ့သော်လည်း နောက်အပတ်သွားရောက်စစ် ဆေးချိန်တွင် ပိုးလောက်လန်းများ ပြန်လည် တွေ့ရှိရသည်ဟု အထက်ပါဌာန၊ ပိုးမွှားများမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့(ရ.ပ.က.န) ခေါင်းဆောင် ဒေါက်တာနန္ဒဝင်းက ပြောသည်။ ယင်းကြောင့် ပိုးလောက်လန်းတွေ့ သည့် အိမ်များကို ကြီးကြပ်နိုင်ရန်အတွက် ပိုးလောက်လန်းတွေ့သည့် […]

ထားဝယ်နှင့် ကော့သောင်းတို့တွင် အမှုသောင်တင်မှု အများဆုံး

diz_admin

August 25, 2020

ထားဝယ်ခရိုင်တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံးတို့တွင် ကြန့်ကြာနေသည့် အမှုအရေအတွက် အများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။ ယခုနှစ်ဇူလိုင်လကုန်အထိ တနင်္သာရီ တိုင်းအတွင်းရှိ တရားရုံးအသီးသီးတွင် တစ်နှစ်မှ သုံးနှစ်အထက် ကြန့်ကြာနေသည့် ရာဇဝတ်မှု ၆၉ မှုနှင့် တရားမကြီးအမှု ၁၉ မှုရှိကြောင်း တိုင်းတရားလွှတ်တော်ရံးထံမှသိရပြီး အဆိုပါ တရားရုံးနှစ်ခုတွင် အများဆုံးဖြစ်သည်။ ဇူလိုင်လကုန်အထိစာရင်းအရ ထားဝယ် ခရိုင်တရားရုံးတွင် တစ်နှစ်အထက် ကြန့်ကြာနေသည့် ရာဇဝတ်အမှု ခြောက်မှုနှင့် သုံးနှစ်အထက်ကြာနေသည့် တရားမကြီးအမှု တစ်မှုရှိပြီး ကော့သောင်းမြို့နယ် တရားရုံးတွင် တစ်နှစ်အထက်ကြာနေသည့် ရာဇဝတ်အမှု(အချုပ်/ခံဝန်) ၁၆ မှုနှင့် သုံးနှစ်အထက်ကြာနေသည့် တရားမကြီးအမှု သုံးမှုရှိနေကြောင်း သိရသည်။ ထားဝယ်ခရိုင်တရားရုံးရှိ ကြာနေသည့် ရာဇဝတ်အမှုများအနက် တရားလိုပြ သက်သေများခြင်း၊ တရားခံက စိတ်ကျန်းမာရေးမကောင်းသည့်အတွက် စိတ်ကျန်းမာရေးဆေးရုံတွင် ကုသနေရခြင်း စသည့် […]

ထားဝယ်ဆေးရုံကြီးတွင် ကျောက်ကပ်ဆေးစက် လုံလောက်မှုမရှိ

diz_admin

August 25, 2020

ထားဝယ်ဆေးရုံကြီးတွင် ကျောက် ကပ်ဆေးရန် လိုအပ်သည့် လူနာများ အတွက် ကျောက်ကပ်ဆေးသည့်စက် ထပ်မံလိုအပ်နေသေးကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။ လက်ရှိတွင် အစိုးရက ချပေးထားသည့် ကျောက်ကပ်ဆေးစက်နှစ်လုံးရှိနေပြီး လူနာ ၁၁ ဦးကို ကုသ(ဆေး) ပေးနေကြောင်း ထားဝယ်ဆေးရုံကြီးရှိ ကျောက်ကပ်ဆေးဌာနတာဝန်ခံ ဒေါက်တာ အေးမင်းသူက ဆိုသည်။ ထားဝယ်ဆေးရုံကြီးဝင်းရှိ အောက်ဆီဂျင်အဆောက်အအုံ အလှူရှင်လိုအပ် အဆိုပါ စက်နှစ်လုံးကို ယခုနှစ်အတွင်း တပ်ဆင်ထားပြီး လူနာ ၁၁ ဦးကို အကြိမ်ပေါင်း ၃၅၀ ခန့်အထိ ဆေးပေးခဲ့ပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။ “အခုလောလောဆယ် ပြည့်နေတယ်။ ရှိတဲ့ စက်နှစ်လုံးနဲ့ ဆေးပေးနေတာ ရက်ပြည့်နေတယ်။ အခုက ပိတ်ရက်တွေပါ လိုက်ဆေးပေးနေရ တယ်” ဟု ဒေါက်တာအေးမင်းသူက ဆိုသည်။ လက်ရှိတွင် ကျောက်ကပ်ဆေးမည့် […]

စည်ပင်လေလံရငွေ ယခင်နှစ်ထက် သိန်းကိုးဆယ်ကျော်ပိုရ

diz_admin

August 25, 2020

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၏ လိုင်စင်အမျိုးအစား ၁၂ ခုကို လေလံတင်ရောင်းချရာ ယခင်ဘဏ္ဍာနှစ်ထက် ငွေကျပ်သိန်းကိုးဆယ်ကျော် ပိုရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ကမ်းနားပျံကျဈေးကောက်၊ လမ်းဘေးဈေးကောက်၊ စည်ပင်သာယာဈေး ကြီးပျံကျဈေးကောက် စသည်တို့အပါအဝင် အရပ်ရပ်အခွင့်အရေးလိုင်စင် ၁၂ ခုကို ယခုလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း လေလံတင်ရောင်းချခဲ့ရာ ကျပ် ၂၇၂၀ သိန်းကျော် ရရှိခြင်းဖြစ်သည်။ ပဲ့စင်ကျွန်းကိစ္စ ဟိုတယ်/ခရီးဌာနသဘောထား တောင်းခံထား ပြီးခဲ့သည့်နှစ်ကမူ အထက်ပါ လိုင်စင် ၁၂ ခုကို လေလံတင်ရောင်းချရာတွင် ငွေကျပ် ၂၆၂၉ သိန်းကျော် ရရှိခဲ့သည်။ “လေလံတွေမှာ အပြိုင်ဆွဲတဲ့သူတွေ များတဲ့အတွက် ဈေးပိုများလာတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ လက်ရှိတွင် သားသတ်လိုင်စင်နှင့် အပေါင်ဆိုင်လိုင်စင်အချို့ကို ရောင်းချရန် ကျန်ရှိနေသေးပြီး […]

ပဲ့စင်ကျွန်းကိစ္စ ဟိုတယ်/ခရီးဌာနသဘောထား တောင်းခံထား

diz_admin

August 25, 2020

ပဲ့စင်ကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်မည်ဟုဆိုကာ လုပ်ငန်းရှင်ကြီး တစ်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားသည့်အပေါ် ပြည်ထောင်စုဝန်ကြီးဌာနက သဘောထားမှတ်ချက်တောင်းခံလာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောကြားသည်။ ဇူလိုင်လနှောင်းပိုင်းက သဘောထားမှတ်ချက်တောင်းခံလာဖြင်းဖြစ်ပြီး ဌာနအနေဖြင့် လိုအပ်သည့်သတ်မှတ်ချက်များကို ကုမ္ပဏီကို ဖြည့်သွင်းစေပြီး ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ ထိုသို့ ကွင်းဆင်းစစ်ဆေးပြီးပါက စာရွက်စာတမ်းများကို ပြည်ထောင်စု ဝန်ကြီးဌာနထံ ပေးပို့ကာ Video Conference ဖြင့် ရှင်းပြရန်ရှိသည်ဟု ၎င်းက ဆိုသည်။ “ကျွန်တော်ထင်တယ်။ အစောဆုံး သြဂုတ်လအကုန်လောက်မှာ။ တစ်လ လောက်တော့ ကြာသွားမှာပါ” ဟု ဦးညိုအေး က ပြောသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် Excellent […]