စည်ပင်ဈေးကြီးအတွင်း ဆိုင်ခန်းကျူးကျော်မှုကြောင့် လျှောက်လမ်းကျဉ်းမြောင်း
diz_admin
December 22, 2020ဆိုင်ခန်းများ ကျူးကျော်ပြီး ခင်းကျင်း ရောင်းချနေကြသဖြင့် ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးအတွင်းရှိ လူလျှောက်လမ်းများမှာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာသည်။ ဈေးအတွင်း ပင်မဝင်ပေါက်၏လမ်းအကျယ်မှာ ၁၀ ပေ ဝန်းကျင်ရှိသော် လည်း အချို့နေရာများတွင် ဆိုင်ခန်းများ ကျူးကျော်ခင်းကျင်းမှုများကြောင့် ငါးပေဝန်းကျင်ခန့်သာ ကျယ်တော့သည်။ ထို့အပြင် တိုက်တန်းဟုခေါ်သည့် ဈေးရုံအတွင်းရှိ လမ်းအကျယ်မှာလည်း သုံးပေဝန်းကျင်ခန့်သာ ကျယ်သည်။ ယင်းကဲ့သို့ အခင်းအကျင်းမှာ လူစည်ကားသည့်ရက်များတွင် ဈေးဝယ်သူများ အခက်တွေ့လေ့ရှိပြီး ခါးပိုက်နှိုက် အန္တရာယ် စိုးရိမ်ရကြောင်း ဈေးကြီး တောင်ဘက်နေ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဈေးတာဝန်ရှိသူတွေကလည်း ကြပ်ကြပ်မတ်မတ် လုပ်တာမျိုး မရှိဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ထို့အပြင် ဈေးအတွင်းဝင်ရောက်ရာတွင် ဆိုင်ခန်းပစ္စည်းများကို မတော် တဆထိမိပါက ဆိုင်ရောင်းချသူအချို့၏ […]


