ကိုဗစ်ကာလ ကျောင်းပိတ်ထားသော်လည်း ဆရာ၊ ဆရာမများ ရွေးကောက်ပွဲကိစ္စ ကူရမည်
diz_admin
September 3, 2020အခြေခံကျောင်းမျာအားလုံးကို သြဂုတ်လ ၂၇ ရက်မှစပြီး ပိတ်လိုက်ပြီ ဖြစ်သော်လည်း ဆရာ၊ ဆရာမများ အနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်မှ အကူအညီတောင်းသည်ရှိသော် မဲစာရင်းအချက်အလက် မှန်ကန်ရေးကိစ္စများကို ကူညီရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးက ညွှန်ကြားထားသည်။ မဲဆန္ဒရှင်များ၏ အမည်၊ နေရပ် လိပ်စာ၊ မွေးသက္ကရာဇ်၊ စားလုံးပေါင်း သတ်ပုံမှန်ကန်ရေး၊ ကွန်ပျူတာအတွင်း စာရင်းသွင်းခြင်း စသည့်ကိစ္စရပ်များကို ဆရာ၊ ဆရာမများက ကူညီပေးရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောသည်။ အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ “အဓိကကတော့ မဲဆန္ဒရှင်တွေက နေပြီးလာပြီးတော့ ကန့်ကွက်၊ ပြင်ဆင် တာတွေကို ဝိုင်းကူပေးရမှာပေါ့” ဟု ၎င်းက ဆိုသည်။ တိုင်းပညာရေးမှူးရုံးသည် ရွေးကောက်ပွဲတွင် မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမည့် […]


