ဗုဒ္ဓကောလိပ် သင်တန်းပို့ချနေသော်လည်း စာမေးပွဲကျင်းပရန် မသေချာ
diz_admin
December 25, 2020ကိုဗစ်ကာလအတွင်း ထားဝယ်ဗုဒ္ဓ ကောလိပ်ကို ဖွင့်ထားပြီး သင်တန်းကို အွန်လိုင်းမှ ပို့ချနေသော်လည်း စာမေးပွဲ ကျင်းပရန်မှာ မသေချာသေးကြောင်း ယင်းကောလိပ် မော်ကွန်းထိန်းဆရာ တော် ဦးစိန္တိတက မိန့်ကြားသည်။ ပုံမှန်အားဖြင့် စာမေးပွဲကို နှစ်စဉ် နိုဝင်ဘာလထဲတွင် ကျင်းပခြင်းဖြစ်သည်။ သို့သော် ယခုနှစ်တွင်မူ ကိုဗစ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် လူစု၊ လူဝေးမလုပ်ရဆိုသည့် စည်းကမ်းချက်ကြောင့် စာမေးပွဲကျင်းပရန် မသေချာ ခြင်းဖြစ်သည်။ “ဒီနှစ်ကတော့ ကိုဗစ်ကန့်သန့်ချက် တွေရှိနေတာဆိုတော့ မကျင်းပ ဖြစ်ဖို့ပဲ များပါတယ်။ သင်ခန်းစာတွေကိုတော့ အွန်လိုင်းကပို့ချပေးနေပါတယ်” ဟု ဦးစိန္တိတက မိန့်သည်။ ကိုဗစ်ကန့်သတ်ချက်များကို ဖြေလျှော့သည့်အချိန် ဗုဒ္ဓကောလိပ်ရုံးချုပ် တွင် စာမေးပွဲကျင်းပမည့်ရက်ကို ကြေညာပါက အဆင်သင့်ဖြစ်နေရန်အတွက် အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချနေခြင်းဖြစ်ကြောင်း ၎င်းက မိန့်ကြားသည်။ မြို့မယဉ်ငေးရိပ်သာသနာ့ဝင်းအတွင်းဖွင့်ထားသော ထားဝယ်ဗုဒ္ဓကော […]


