လူခိုးသယ်သည့်အမှု ယာဉ်မောင်းမိသားစုကို ငွေပေးမည်ဟု အုပ်ချုပ်ရေးမှူးဟောင်း ကမ်းလှမ်း
diz_admin
December 30, 2020ရန်ကုန်တွင် ပိတ်မိနေသူများကို ခိုးသယ်သည့်အမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံနေရသည့် ယာဉ်မောင်း၏မိသားစုကို ဒေါင်းငူရပ်ကွက်အုပ်ချုပ်ရေးမှူး ဟောင်း ဦးစိုးထိုက်က ငွေကျပ်သိန်း ၅၀ ပေးမည်ဟု အကြိမ်ကြိမ် ကမ်းလှမ်း ညှိနှိုင်းခဲ့ကြောင်း အဆိုပါ မိသားစုထံမှ သိရသည်။ နိုဝင်ဘာလအတွင်းက ရန်ကုန်တွင် ပိတ်မိနေသူအချို့မှာ တရားမဝင်သော နည်းလမ်းဖြင့် ထားဝယ်သို့ ပြန်လာခဲ့ကြရာတွင် ကူညီသယ်ဆောင်ပေးခဲ့မှု တစ်ခု ပေါ်ပေါက်ခဲ့သည်။ ယင်းအမှုနှင့်ပတ်သက်၍ ယာဉ်ပိုင် ရှင်ဖြစ်သူ ဒေါင်းငူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်ကို တာဝန်မှ ရပ်စဲခဲ့ပြီး ယာဉ်မောင်းဖြစ်သူကိုမူ သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားသည်။ လူခိုးသယ်သည်ဆိုသည့် အုပ်ချုပ်ရေးမှူးအား တာဝန်ရပ်စဲ၊ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့် ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးဟေင်း ဦးစိုးထိုက်က ယာဉ်မောင်း ဖြစ်သူ ကိုအောင်ခိုင်လွင်(ခေါ်) ကိုဆံရှည်၏ မိသားစုဝင်များထံ ဒီဇင်ဘာလ […]


