တိုင်းလွှတ်တော်တွင် အမျိုးသမီးရေးရာကော်မတီ ဖွဲ့စည်းပေးရန်တောင်းဆို
diz_admin
December 1, 2020အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ ပပျောက်စေရန်အတွက် လာမည့် တိုင်းလွှတ်တော်တွင် အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော် ဆောင်ရေးကော်မတီတစ်ရပ် အမြန်ဆုံး ဖွဲ့စည်းပေးရန် အပါအဝင်အချက် ၇ ချက်ကို ထားဝယ်အမျိုးသမီးသမဂ္ဂက တောင်းဆိုလိုက်သည်။နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေးနေ့တွင် ထားဝယ်အမျိုးသမီးသမဂ္ဂက ထုတ် ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ် အများစုမှာ လင်ယောကျာ်းမှ ရိုက်နှက်ခြင်း၊ ဝင်ငွေမထောက်ပံ့ခြင်းနှင့် လင်ယောကျာ်းဖောက်ပြန်ခြင်းကြောင့် ခံစားနေရသည်ကို လေ့လာတွေ့ရှိရပြီး လင်မယားချင်း၊ သမီးရည်းစားချင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်း ပါဝင်သည်ဟုအမျိုးသမီးများအနေဖြင့် အိမ်တွင်း အကြမ်းဖက်မှုများကို တိုင်ကြားရကောင်းမှန်း မသိခြင်း၊ သိသော်ငြားလည်း ဥပဒေအရ ကာကွယ်ပေးထားသည့် အခွင့် အရေးများကို လက်တွေ့အသုံးချရန် အချိန်၊ ငွေကြေး၊ အသိသက်သေ၊ လုံခြုံရေး စသည့် အခက်အခဲများရှိခြင်းကြောင့်လည်း […]


