အာကစားသိပ္ပံကျောင်း ခွင့်ပြုချက်မရသေး
diz_admin
January 19, 2021ထားဝယ်မြို့မှ မိုင်လေးဆယ်ကျော်ဝေးသည့် ကလိန်အောင်မြို့အနီး ကျောက်ရှပ်ကျေးရွာတွင်ဆောက်မည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအတွက် မြေနေရာနှင့် အဆောက်အအုံ ဆောက်လုပ်ရန် ခွင့်ပြုချက်မရသေးကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယင်းမြေနေရာသည် တပ်စွန့်လွှတ် မြေဧက ၂၈၆ ဧကအနက် အားကစား သိပ္ပံကျောင်းဆောက်ရန်အတွက် ဧက ၅၀ ရရှိခဲ့ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ယင်းတပ်စွန့်မြေသည် ဥယျာဉ်ခြံ မြေအမျိုးအစားဖြစ်သဖြင့် အား/ကာသိပ္ပံ ကျောင်းဆောက်ရန် အားကစားဌာနပိုင် မြေယာအခြားနည်းအသုံးပြုခွင့် ဦးစွာလျှောက်ပြီး ခွင့်ပြုချက်ရမှ အဆောက်အအုံဆောက်ခွင့်ရရန် ပြန်လည်လုပ်ဆောင်ရမည် ဖြစ်သည်။ “မြေနေရာလည်းမရသေးဘူး။ အား/ကာသိပ္ပံ အဆောက်အအုံလည်း ဆောက်လုပ်ခွင့်လည်းမရသေးဘူး။ ခွင့်ပြုချက်ရမှဆောက်ရမှာဆိုတော့ ရုံးချုပ်ကိုတော့ တင်ပြထားတယ်” ဟု ဦးစိုးမိုးနိုင်က ဆိုသည်။ အား/ကာသိပ္ပံကျောင်းဆောက်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် တိုင်းအစိုးရက ယင်းတပ်စွန့်မြေတွင် […]


