သပိတ်မျှောပွဲကျင်းပရန် မသေချာသေး
diz_admin
October 9, 2020သီတင်းကျွတ်လတွင် ကျင်းပမြဲဖြစ်သည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ယခုနှစ်တွင် ကျင်းပရန် မသေချာသေးကြောင်း တိုင်းအစိုးရအဖွဲ့မှ လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ပြောသည်။ ယခင်နှစ်များက ယခုအချိန်ဆိုလျှင် ပွဲတော်ကျင်းပရန်အတွက် ထားဝယ်ရိုးရာသပိတ်မျှောပွဲကျင်းပရေးကော်မတီများနှင့် အစည်းအဝေးပွဲများ၊ ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ် ပွားနေသဖြင့် ယင်းအစည်းအဝေးများနှင့် ဆွေးနွေးပွဲများကို မပြုလုပ်နိုင်ဟု ဆိုသည်။ “မဖြစ်ဖို့တော့ များတယ်” ဟု ဝန်ကြီးဦးဟိုပင်က ဆိုသည်။ အွန်လိုင်းကနေ ဈေးရောင်းမယ် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေမှုမြင့်တက်နေခြင်းကြောင့် မဖြစ်မနေပြုလုပ်ရမည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဟောပြောခြင်းကိစ္စများအပြင် ဝါတွင်းကာလ ဥပုသ်သီတင်းသီလဆောက်တည်ခြင်းများကိုပါ ကန့်သတ်ထားသဖြင့် လူစုလူဝေးနှင့် ပြုလုပ်ရသည့် သပိတ်မျှောပွဲတော်ကို ကျင်းပရန် မှာ မသေချာသေးဟု ဝန်ကြီးက ပြောသည်။ သို့သော် အခြေအနေနှင့် အချိန်အခါအရ […]


