မောင်းမကန်ဟိုတယ်ဇုန် သိမ်းဆည်းခံမြေယာနှင့် သီးနှံလျော်ကြေး တစ်ဧက ကျပ်သိန်းကိုးဆယ်နှုန်း ပေးမည်
diz_admin
October 21, 2020မောင်းမကန်ကမ်းခြေ ဟိုတယ်ဇုန် စီမံကိန်းတွင် သိမ်းဆည်းခံ မြေယာ လျော်ကြေးနှင့် သီးနှံနစ်နာကြေးအဖြစ် တစ်ဧကလျှင် ကျပ်သိန်းကိုးဆယ် သတ် မှတ်ထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ သိမ်းဆည်းခံထားရသည့် မြေတစ် ဧက လျော်ကြေးအဖြစ် ကျပ်သိန်း ၃၀ နှင့် သီးနှံနစ်နာကြေး သိန်း ၆၀ ဖြစ်သည်။ အဆိုပါနေရာရှိ တောင်သူ ၁၁ ဦး ပိုင်ဆိုင်သည့် မြေ ၄၉ ဧကကျော်ကို လျော်ကြေး၊ နစ်နာကြေးပေးနိုင်ရန်အတွက် ထားဝယ်ခရိုင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနထံ ဆက်သွယ်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရက အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။ “သက်ဆိုင်ရာမြို့နယ်ကို ပြန်ပြီး တော့ စိစစ်ခိုင်းထားတယ်။ စာရင်းမှန် မမှန်ပေါ့။ သူတို့ လျော်ကြေးယူ/ မယေူ ပါ့” ဟု […]

 
                     
                     
                     
                     
                    
