ဒီရေတောအား ခွင့်ပြုချက်မဲ့ ရှင်းလင်းမြေဖို့နေမှု အမြန်ဆုံးတားဆီးပေးရန် တိုင်ကြား
diz_admin
February 10, 2021လောင်းလုံးမြို့နယ်အတွင်းရှိ ဒီရေတောအား ခွင့်ပြုချက်မရှိဘဲ မြေဖို့ရှင်းလင်း နေခြင်းအား အမြန်ဆုံးတားဆီးပေးရန် ဒေသခံများက တိုင်ကြားလိုက်သည်။ အောက်ကျောက်ဝပ်ကျေးရွာအုပ်စု၊ ထောင့်နန်းကျေးရွာရှိ ဒီရေတောအား အခြားဒေသခံ လေးဦးက ခွင့်ပြုချက်မရှိဘဲ မြေဖို့ရှင်းလင်းနေသည့်အတွက် ဒေသခံတစ်ရာနီးပါး လက်မှတ်ထိုးကာ လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဇန်နဝါရီလ ၂၈ ရက်က တိုင်ကြား လိုက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ရှင်းလင်းမြေဖို့နေမှုကြောင့် ဒီရေတောပျက်စီးကာ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းအပေါ် ထိခိုက်လာနိုင်ခြင်း၊ ရေကြီးမှုကဲ့သို့သော သဘာဝဘေးဖြစ်လာနိုင်ခြင်းနှင့် ဒီရေတောရှိ ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးလာနိုင်ခြင်းတို့အပေါ် ဒေသခံများက စိုးရိမ်နေကြကြောင်း တိုင်ကြားစာတွင် ဖော်ပြသည်။ ယင်းဒီရေတောမှာ ဒေသခံများ၏ စားဝတ်နေရေးနှင့် သဘာဝဘေးကို ကာကွယ်ပေးနေသည့် အဓိကအသက် သွေးကြောဖြစ်နေသည့်အတွက် ကန့်ကွက်တိုင်ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားရာတွင် ပါဝင်သည့် ကိုဝိုင်းချို က ဆိုသည်။ “မိုးတွင်းဆို ပင်လယ်ထွက် မရတော့ဘူး။ […]


