ကိုဗစ်ကာလ ကဏန်းမဲဈေး ပြန်တက်
diz_admin
January 21, 2021ကိုဗစ်ကာလတွင် ကဏန်းမဲဈေး တစ်ပိဿာကျပ်တစ်ထောင့်ငါးရာခန့်ပြန် တက်လာသည်ဟု ထားဝယ်မြို့ အခြေစိုက် ရေထွက်ပစ္စည်းရောင်းချသူအချို့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးမဖြစ်မီက ကဏန်းမဲ တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀ မှ ၁၀ဝ၀ဝ ဝန်းကျင်ခန့်ရှိသော်လည်း ကိုဗစ် ပထမ လှိုင်းဖြစ်သည့်အချိန်တွင် တစ်ပိဿာ ကျပ် ၆၀ဝ၀ အထိ ထိုးဆင်းသွားကြောင်း ထားဝယ် ကမ်းနားလမ်း၊ မြောင်းပုလဲ ရပ်ရှိ ရေထွက်ပစ္စည်းအရောင်းဆိုင်မှ ဒေါ်မီးမီးက ဆိုသည်။ ယခု နှစ်ဆန်းပိုင်းမှ စတင်၍ ဝယ်လိုအား အနည်းငယ်ပြန်တက်လာသဖြင့် တစ်ပိဿာ ကျပ် ၇၅၀ဝ အထိ ဈေးပြန်ရလာသည်ဟု မမီးမီးက ပြောသည်။ “အခု ထားဝယ်မှာ ဝယ်နေသူတွေ က မြိတ်ကန် မွေးဆိုဒ်ကို ပို့တယ်။ ဆိုဒ်ကြီးတာတွေကိုလည်း ရန်ကုန်ပို့တယ်၊ ကဏန်းမွေးတဲ့ ကန်တွေကို ပြန်ပို့တယ်၊ […]


