ကံပေါက်ရဲတပ်သား နုတ်ထွက်
diz_admin
February 22, 2021ရေဖြူမြို့နယ် ကံပေါက်နယ်မြေ ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ထောင်အချုပ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေရင်း တပ်အာဏာရှင်လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် ဖေဖော်ဝါရီလ ၁၆ ရက် ရက်စွဲဖြင့် ထွက်စာတင်ထားကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ရဲတပ်ဖွဲ့ထံမှ နုတ်ထွက်စာတင် ခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် သစ္စာဖောက်ခြင်းမဟုတ်ဘဲ တပ် အာဏာရှင်စနစ်ကို အလိုမရှိသဖြင့် ရုံးမတက်ဘဲ ရုန်းထွက်ခြင်းသာ ဖြစ် ကြောင်း နုတ်ထွက်စာတွင် ဖော်ပြထားသည်။ “သူကထောင်အချုပ်မှာ လုံခြုံရေး ကျနေရာကနေ ပျောက်သွားတာဆိုတော့ သူ့ဘာသာသူပဲ CDM (ရုံးမတက်ဆန္ဒ ထုတ်ဖော်တာ) လုပ်သွားတာလားတော့ မပြောတတ်ဘူး” ကံပေါက်နယ်မြေရဲ စခန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့နုတ်ထွက်သွားသည့် ရဲတပ်သားနှင့်ပတ်သက်ပြီး မည်သို့ ဆက်လုပ်မည်ကိုလည်း အသေးစိတ် မသိရသေးကြောင်း ၎င်းကဆိုသည်။ ပုံမှန်အားဖြင့် ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးဦး […]


