လောင်းလုံးတောင်ပိုင်း ကျေးရွာ သပိတ်စစ်ကြောင်း သေနတ်ပစ်ဖောက်လူစုခွဲခံရ
diz_admin
April 24, 2021လောင်းလုံးမြို့တောင်ဘက်ကျေးရွာများစုပေါင်းထားသည့် ပူးပေါင်းသပိတ်စစ်ကြောင်းသည် သကျက်တောနယ်မြေရဲစခန်း အနီးတွင် သေနတ်ဖောက် လူစုခွဲခံရကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူနှင့် ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ သပိတ်စစ်ကြောင်းသည် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက သကျက်တောရွာတွင် သေနတ်ပစ်ဖောက် လူစုခွဲခံရကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ဆိုသည်။ “ရဲစခန်းရှေ့မှာက ဘယ်ရီဂိတ်တွေချထားတာ။ ပစ်တာက ရော်ဘာကျည်နဲ့ပစ်တာ။ သုံးချက်ပစ်တယ်။ လူကိုမထိဘူး” ဟု ဆန္ဒပြစစ်ကြောင်းတွင်ပါဝင်သူတစ်ဦးက ဆိုသည်။ အဆိုပါ သပိတ်စစ်ကြောင်းတွင် သကျက်တော၊ ရေဖြူ၊ ကဒက်ကြီး ၊ ကြက်ယက်တွင်း အစရှိသည့် ကျေးရွာများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများပါဝင်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူအချို့ထံမှ သိရသည်။ ဆန္ဒပြသူများက ရဲစခန်းအရှေ့မှ မဖြတ်ဘဲ မျက်နှာချင်းဆိုင်ရှိ အခြားရှောင်ကွင်းလမ်းတစ်ခုမှ သွားရန်ပြင်နေစဉ် သေနတ်ပစ်ဖောက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။ […]


