FDA က တစ်နှစ်အတွင်း အစားသောက်၊ ဆေးဝါးနှင့် အလှကုန် ကျပ်သိန်း ၅၀ ကျော်ဖိုး သိမ်းဆည်း
diz_admin
December 29, 2020စားသုံးရန်မသင့်သည့် အစား အသောက်၊ သုံးစွဲရန်မသင့်သည့် ဆေးဝါးနှင့် အလှကုန်များကို တစ်နှစ်အတွင်း ကျပ်သိန်း ၅၀ ကျော်ဖိုး သိမ်းဆည်းရမိခဲ့ကြောင်း တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA )ထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် ခန့်မှန်းတန်ဖိုး ကျပ် ၁၇၄၉၈၂၅၊ မြိတ်ခရိုင်တွင် ခန့်မှန်း တန်ဖိုး ကျပ် ၁၉၅၃၆၀၊ ကော့သောင်း ခရိုင်တွင် ခန့်မှန်းတန်ဖိုး ကျပ် ၃၄၈၃၇၅၀ ဖိုးခန့် သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါဌာန၏ တိုင်းဦးစီးမှူး ဒေါ်မေသန်းနိုင်က ပြောသည်။ ထားဝယ်ခရိုင်တွင် သိမ်းဆည်းရမိသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များထဲမှ ကျပ် ငါးသိန်းကျော်ဖိုးကို ဒီဇင်ဘာ ၁၇ ရက်နေ့က ထားဝယ်မြို့၊ တဂူသိမ်အမှိုက် ပုံတွင် တွင်းတူး၍ မြေမြှုပ်ဖျက်ဆီးခဲ့သည်ဟု အထက်ပါဌာနထံမှ သိရသည်။ ခွင့်မပြု၊ သက်တမ်းလွန်၊ […]

 
                     
                     
                     
                    
